6/15/2012

၃၆နှစ်မြောက် ဆလိုင်း တင်မောင်ဦး ကျဆုံးခြင်း အထိမ်းအမှတ် ကျင်းပမည်

ပထမဦးဆုံး မဆလစစ်အစိုးရက ကြိုးပေးခံခဲ့သည့် ကျောင်း သားခေါင်းဆောင် ဆလိုင်း တင်မောင်ဦး ကျဆုံးခဲ့သည့် (၃၆)နှစ်ပြည့် အထိမ်းအမှတ် အခန်းအနားကို နယူး ဒေလီ ရောက် မြန်မာဒီမိုကရေစီ အင်အားစုများက ကျင်းပပြုလုပ်ရန် စီစဉ်နေသည်။

ယင်းအထိမ်းအမှတ် အခန်းအနား ကျင်းပပြုလုပ်နိုင်ရေးအတွက် Chin Community Network (CCN), Chin Human Rights Organization (CHRO) နှင့် Chin Student Union (CSU) တာဝန်ရှိသူများ အကြိုတွေ့ ဆုံပွဲတစ်ရပ် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ချင်းကျောင်းသားများ သမ္မဂ တာဝန်ရှိသူ ဆလိုင်း နီလျန်ဆန်းက” ဒီအခန်းအနားကို ကျင်းပနိုင်ဖို့  အစီအစဉ်တွေ လုပ်နေတုံးပဲရှိသေးတယ်။ အခန်းအနားဖြစ်မြောက်နိုင်ဖို့  သက်ဆိုင်ရာ မျိုးနွယ်စု ကွန်မြူနီတီများထံ အကူအညီတွေတောင်းနေပါတယ်” ဟုဆိုသည်။

ဆလိုင်းနီလျန်ဆန်းက ဤကဲ့သို့ အခန်းအနားကျင်းပရခြင်းအားဖြင့် မြန်မာနိုင်ငံ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွင် စစ်အစိုးရက ပထမဦးဆုံးကြိုးပေးခံခဲ့သည့် ဆလိုင်း တင်မောင်ဦး အကြောင်းကို ယခုခေတ်သစ် လူငယ်များက ပိုမိုနားလည်သိရှိလာမည်ဖြစ်ကြောင်း ခိုနူမ်းထုန် သတင်းဌာနကို ပြောပြသည်။

အခန်းအနားတွင် ဆလိုင်းတင်မောင်ဦး၏ ကိုယ်ရေး ရာဇ၀င်အကျဉ်းနှင့် မြန်မာနိုင်ငံရေးတွင် လှုပ်ရှားခဲ့သည့် အခြေအနေများကို တက်ရောက်သူပရိတ်သတ်က ဆွေးနွေးခြင်း၊ ဟောပြောခြင်း များပြုလုပ်ကြမည်ဖြစ်ကြောင်း သိရသည်။

“တခြားနေရာတွေမှာတော့ ဒီအခန်းအနား ကျင်းပမည်ဆိုတာ မကြားသေးဘူး။ တကယ်တော့ ဒါ ကျတော်တို့  ချင်းလူမျိုးတွေက လုပ်ရင်အကောင်းဆုံးပေါ့။ အရင်တုံးကလည်း လုပ်ဖူးခဲ့တယ်လေ” ဟုဆလိုင်း နီလျန်ဆန်း ကဆိုသည်။

ဆလိုင်း တင်မောင်ဦးသည် ကြိုးစင်ပေါ် တက်ခါနီး ရန်သူ့  (စစ်အစိုးရ) ရှေ့ မှောက်တွင် “မင်းတို့ စစ် ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်ဘူး” ဟုသတ္တိရှိရှိပြောကြားပြီး အသတ်ခံခဲ့သည့် ပထမဦးဆုံး ကျောင်း သားခေါင်းဆောင်တဦးဖြစ်သည်။

၁၉၇၆ ခုနှစ် ရန်ကုန်တက္ကသိုလ် ကျောင်းသား ခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို မဆလစစ်အစိုးရက ဇွန်လ ၂၆ ရက်နေ့တွင် အင်းစင်ထောင်တွင် ကြိုးပေးသတ်ဖြတ်ခဲ့ခြင်းဖြစ် သည်။

သူကွယ်လွန်သည့် ၃၅ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် အဖြစ် ၂၀၁၁ခုနှစ်တွင် ရန်ကုန်မြို့ အပါအ၀င် ထိုင်းမြန်မာနယ်စပ်၊ အိန္ဒိယနှင့် ကနေဒါနိုင်ငံတွင်လည်း ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက အထိမ်းအမှတ် အခမ်းအနားများကို ကျင်းပပြုလုပ်ခဲ့ကြသည်။

source by :  http://khonumthungburmese.org

0 ယောက်ရဲ့ထင်မြင်ချက်: