Showing posts with label ပြည်ပသတင်း. Show all posts
Showing posts with label ပြည်ပသတင်း. Show all posts

ဒေါ်စုကို ကနေဒါတက္ကသိုလ် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်


မခင်ဖြူထွေး | ကနေဒါနိုင်ငံ အော်တ၀ါမြို့မှာရှိတဲ့ ကာလီတန် (Carleton) တက္ကသိုလ်က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်ဖို့ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ယုံကြည်ချက် တခုအတွက် ကိုယ်ကျိုးစွန့် တိုက်ပွဲဝင်နေတဲ့သူ၊ တကယ့်ကို ထူးခြားတဲ့ ပုဂ္ဂိုလ်တဦး ဖြစ်တဲ့အတွက် အခုလို ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်ဂုဏ်ပြုတာ ဖြစ်တယ်လို့ ကာလီတန် တက္ကသိုလ်ရဲ့ အဓိပတိ Dr. Roseann O’Reilly Runte က ပြောပါတယ်။ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။


ဒီနေ့ ဖေဖော်ဝါရီလ ၂၂ ရက် ကနေဒါ စံတော်ချိန် နေ့လယ် ၁၂ နာရီမှာ ကာလီတန် တက္ကသိုလ်ရဲ့ Kailash Mital ခန်းမမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်မှာ ဖြစ်ပါတယ်။ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ဖို့ တက္ကသိုလ် တခုလုံးက ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်လို့တော့ ကာလီတန် တက္ကသိုလ်ရဲ့ အဓိပတိ Dr. Roseann O.Reilly Runte က အခုလို ပြောပြပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ ယုံကြည်ချက်အတွက်၊ လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေတဲ့သူပါ။ စိတ်ထဲပေါ်လာမှ သတ္တိမွေးပြီး လုပ်တဲ့သူမျိုး မဟုတ်ပါဘူး။ အရာရာကို သေချာစဉ်းစား သုံးသပ်ပြီးမှ စိတ်ရှည်သည်းခံမှု အပြည့်နဲ့ သန္နိဋ္ဌာန် ခိုင်ခိုင်မာမာချပြီး လုပ်သင့်တာကို လုပ်နေသူပါ။ သူ့ရဲ့ ယုံကြည်ချက်ကြောင့်ပဲ မိသားစု၊ မိတ်ဆွေသင်္ဂဟတွေနဲ့ နေရတဲ့အချိန် မရှိဘဲ နှစ်ပေါင်းများစွာ တယောက်တည်း အကျယ်ချုပ် ချခံခဲ့ရသူလည်း ဖြစ်ပါတယ်။ သူ့ဘ၀ရဲ့ အရာရာကို ပေးဆပ်ထားသူပါ။

“ဒါကြောင့် ကျမတို့ ရှင်သန်နေတဲ့ ဒီရာစုနှစ် အတွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်သူနဲ့မှမတူ ထူးခြားလှတဲ့ ပုဂ္ဂိုလ်တယောက်ပါ။ ဆုံးဖြတ်ချက် ခိုင်မာပြီး ရဲစွမ်းသတ္တိရှိတဲ့ အမျိုးသမီးတဦးပါ။ အကြမ်းမဖက်တဲ့ နည်းလမ်းတွေနဲ့ ဂုဏ်သိက္ခာရှိရှိ တိုက်ပွဲဝင်နေသူ ဖြစ်ပါတယ်။ ကျမတို့ အားလုံးအတွက် သတ္တိ ခွန်အားတွေနဲ့ ငြိမ်းချမ်းခြင်းရဲ့ အလှတရားတွေကို ဦးဆောင်လမ်းပြနေသူလို့ ဆိုရမှာပါ။”

ဒီလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် ကိုယ်ကျိုးမဖက် လုပ်ရပ်တွေကြောင့် အခုလို ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်ရတာ ဖြစ်သလို ဒီလို ချီးမြှင့်ဂုဏ်ပြုခွင့် ရတဲ့အတွက်လည်း ၀မ်းသာဂုဏ်ယူရတယ်လို့ ကာလီတန် တက္ကသိုလ် အဓိပတိက ပြောခဲ့ပါသေးတယ်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာတ၀န်းမှာရှိတဲ့ ကျောင်းသူ ကျောင်းသားတွေ၊ တက္ကသိုလ်ဝန်ထမ်းတွေ အားလုံးအတွက် အားကျဂုဏ်ယူစရာ ပုဂ္ဂိုလ်တဦးပါ။ သူ့ရဲ့ ရဲစွမ်းသတ္တိ၊ ငြိမ်းချမ်းတဲ့ စိတ်ခွန်အားတွေနဲ့အတူ ဆက်လက်ပြီး အောင်အောင်မြင်မြင် တိုက်ပွဲဝင်သွားနိုင်ဖို့လည်း ကျမ မျှော်လင့်ပါတယ်။”

ကာလီတန် တက္ကသိုလ်ရဲ့ အဓိပတိ Dr. Roseann O.Reilly Runte ပြောသွားခဲ့တာပါ။

ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်တဲ့ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်နိုင်ခြင်း မရှိတဲ့အတွက် သူမကိုယ်စား နိုင်ငံတကာ လူသားချင်း စာနာမှုဆိုင်ရာ လုပ်ငန်းတွေမှာ နှစ်မြှုပ်လုပ်ကိုင်နေတဲ့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ကိုယ်တိုင်တွေ့ဆုံ စကားပြောခဲ့ဖူးတဲ့ ကွန်ဆာဗေးတစ်ပါတီက လွှတ်တော်အမတ်ဟောင်းလည်းဖြစ်၊ နိုင်ငံခြားရေး ၀န်ကြီးဟောင်းလည်း ဖြစ်တဲ့ ဖလော်ရာ မက်ဒေါ်နယ် (Flora MacDonald) က ဂုဏ်ပြုမိန့်ခွန်းနဲ့အတူ ဆုကို လက်ခံပေးမှာ ဖြစ်တယ်လို့လည်း သူက ပြောပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေနဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေကြောင့် ၁၉၉၃ ခုနှစ်မှာ ကနေဒါနိုင်ငံ တိုရွန်တို (Toronto) တက္ကသိုလ်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့၊ ၁၉၉၅ ခုနှစ်မှာ ကွင်းစ် (Queens) တက္ကသိုလ်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့နဲ့ ၁၉၉၅ ခုနှစ်မှာပဲ ဆိုင်မွန် ဖရာစာ (Simon Fraser) တက္ကသိုလ်က ချီးမြှင့်တဲ့ ဂန္ဒီဆုတွေ အပါအ၀င် ကနေဒါနိုင်ငံက ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့ များစွာကို ရရှိထားသူပါ။ ၂၀၀၇ ခုနှစ်ကတော့ ကနေဒါနိုင်ငံရဲ့ ဂုဏ်ထူးဆောင် နိုင်ငံသားဆုကို ချီးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ၁၉၉၁ ခုနှစ်က နိုဘဲလ် ငြိမ်းချမ်းရေးဆု အပါအ၀င် လွတ်လပ်စွာ တွေးခေါ်မှုဆိုင်ရာ Sakharov ဆု၊ Rafto လူ့အခွင့်အရေးဆု၊ အမေရိကန် ပြည်ထောင်စုမှာ အရပ်သူ အရပ်သားတွေကို ပေးအပ်တဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ လွတ်မြောက်ရေးဆု၊ Jawaharlal Nehru ဆု စတဲ့ နိုင်ငံတကာက ချီးမြှင့်တဲ့ ဆုပေါင်းများစွာ ရရှိထားသူ ဖြစ်ပါတယ်။

နားဆင်ရန်-->>

source by :ဗွီအိုအေ
ဆက်ဖတ်မယ်...

မြန်မာစစ်တပ်နဲ့ နယ်စပ်တိုက်ပွဲတွေကြောင့် ထိုင်းစစ်သား ၂ ယောက် ဒဏ်ရာရ

မအေးအေးမာ | မြန်မာစစ်အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေကြား ပဋိပက္ခ ကြီးထွားလာနေတာ ဒီနေ့မှာဆိုရင် အိမ်နီးချင်း ထိုင်းနိုင်ငံက တပ်ဖွဲ့ဝင်တချို့ ထိခိုက်မှုတွေ ရှိခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကစလို့ လွှတ်တော်သစ်တွေ ခေါ်ယူတဲ့ အချိန်အထိ တိုက်ခိုက်မှုတွေ မဆဲနိုင်သေးဘဲ ဖြစ်နေတဲ့အတွက် ဒုက္ခသည်တွေလည်း ထိုင်းနိုင်ငံထဲ ထွက်ပြေးနေရဆဲ ဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲတွေ ကျင်းပချိန်ကစလို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေဟာ အခုနောက်ဆုံး လွှတ်တော်သစ်တွေ စတင်ခေါ်ယူနေတဲ့ အချိန်အထိ ဆက်လက်ဖြစ်ပွားနေဆဲပါ။ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (DKBA) နဲ့ မြန်မာစစ်အစိုးရ တပ်တွေကြား ကရင်ပြည်နယ်တွင်းက ၀ါလေ၊ ချောက်ခက် စတဲ့ နေရာတွေမှာ တနင်္ဂနွေနေ့ကစလို့ တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်နေဆဲ ဖြစ်ပါတယ်။ တနင်္လာနေ့ မနက်ပိုင်းကနေ ညနေပိုင်းထိ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတဲ့ အခြေအနေကိုတော့ DKBA တပ်မှူး ဗိုလ်မှူး စောဆန်းအောင်က အခုလို ပြောပါတယ်။

“ဒီနေ့ဆိုရင် အူးကလေ့ထမှာ ပစ်နေတာပဲ နအဖ စစ်အစိုးရကတော့။ လွှတ်တော်လည်း ခေါ်နေပြီ၊ ကျနော်တို့ တိုင်းရင်းသားတွေကိုတော့ လက်နက်အားနဲ့ ပစ်နေတာပဲ။ ကျနော်တို့ကတော့ ရွေးကောက်ပွဲပြီးလို့ သူတို့ လွှတ်တော်ခေါ်ရင် စစ်ရေးနဲ့ ပတ်သက်ပြီး သူတို့ ပြောင်းလဲမှုတွေ ဖြစ်မယ်၊ သူတို့ဒေသမှာ အေးချမ်းဖို့လား၊ တည်ငြိမ်ဖို့လား ကျနော်တို့ အသံကြားတယ်။ လက်ရှိ အဲဒါ အသံပဲ ကြားတယ်။

“တကယ်တမ်းကြတော့ ကျနော်တို့ နယ်စပ်ဒေသမှာတော့ လက်နက်သံတွေက နေ့တိုင်းလို အဆက်မပြတ် ကြားနေရတယ်၊ နေ့သော်လည်းကောင်း၊ ညသော်လည်းကောင်း။ အခု ၂၀၁၁၊ ၁ လပိုင်းမှာဆိုရင် လက်နက်သံတွေက နေ့တိုင်းလိုလို ဖြစ်တယ်လို့ ပြောလို့ရတယ်။ မနက်ကဆိုရင် ကျနော်တို့ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်။ လက်ရှိ ၀ါလေတပ်ဧရိယာမှာလည်း ကျနော်တို့ တပ်ဖွဲ့တွေနဲ့ ပစ်နေတယ်။”

တနင်္ဂနွေနေ့တုန်းကလည်း DKBA တပ်ဖွဲ့တွေက ကရင်ပြည်နယ် မြ၀တီမြို့နယ်ထဲမှာ မြန်မာစစ်တပ်ပိုင်ကားကို ဆွဲမိုင်းတွေနဲ့ တိုက်ခိုက်တာ၊ ပစ်ခတ်တာတွေ လုပ်ခဲ့ကြောင်း၊ ဒီ့အတွက် မြန်မာစစ်တပ်ဘက်ကလည်း ထိခိုက်မှုတွေ ဖြစ်သွားကြောင်းကို DKBA နဲ့ ဒေသခံတွေက ပြောပါတယ်။

“ကြည့်ရတာ ဗိုလ်မှူး ကျော်စိုးလေ၊ မြ၀တီနဲ့ အလွန်လေးမှာ၊ သင်္ကန်းညီနောင် ဗျူဟာဂိတ်ရဲ့ အလွန်မှာ ဆွဲမိုင်းနဲ့ ဆွဲတယ်၊ ပစ်လည်း ပစ်တယ်။ ရန်သူက ၆ ယောက် ကျဆုံးတယ်၊ ၁၃ ယောက် ဒဏ်ရာရတယ်။ ကားတစီး ချောက်ထဲ ကျသွားတယ်။ မနေ့ညကတော့ ၀ါလေရွာထဲမှာ ကျနော်တို့ ဆွဲမိုင်းနဲ့ဆွဲတာ ရန်သူ ၆ ယောက် ဒဏ်ရာရပြီး ထိုင်းနိုင်ငံထဲက သယ်ဆောင်သွားတယ်လို့ ကျနော်တို့ သိရတယ်။ ဗိုလ်မှူးအဆင့်ဆိုတဲ့လူက မျက်လုံး ၂ ဘက်စလုံး ကန်းတယ်။ တပ်ခွဲမှူးလည်းပါတယ်၊ ဒု-ခွဲမှူးလည်းပါတယ်၊ ထိတာ။”

ဒီလိုပစ်ခတ်မှုတွေကြောင့် ထိုင်းနိုင်ငံဘက်မှာလည်း ထိခိုက်မှုတွေ ရှိနေပါတယ်။ တနင်္ဂနွေနေ့က လက်နက်ကြီး ကျည်ဆံတွေ အိမ်နီးချင်း ထိုင်းနိုင်ငံထဲ ကျရောက် ပေါက်ကွဲခဲ့တဲ့အတွက် နယ်စပ်ဒေသက သောင်ရင်းမြစ်အနီးမှာ ကင်းလှည့်နေတဲ့ ထိုင်းစစ်သား ၂ ယောက် ထိခိုက်ဒဏ်ရာတွေ ရခဲ့ပြီး အခုအခါ ဆေးရုံတင် ကုသထားရတယ်လို့လည်း ထိုင်းအစိုးရ သတင်းတရပ်က ဖော်ပြခဲ့တာပါ။

နိုဝင်ဘာလ ၈ ရက်နေ့ကနေ ဇန်န၀ါရီလ ၃၁ ရက်နေ့အထိ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်မှာတော့ ဒုက္ခသည် ၁၀,၀၀၀ နီးပါး ခိုလှုံနေရဆဲဖြစ်ပြီး နေရပ်ရင်းကိုလည်း မပြန်နိုင်ကြဘဲ နယ်စပ်တွေက နီးစပ်ရာ နေရာတွေမှာ ခိုလှုံနေကြရပါတယ်။ ဒုက္ခသည်တွေအတွက် တိတိကျကျ သတ်မှတ်ထားတဲ့ စခန်း မရှိတာကြောင့် ဒုက္ခသည်တွေ ဖြစ်သလို တကွဲတပြား နေထိုင်နေရကြောင်း ဆန်နဲ့ ရိက္ခာတချို့ အကူအညီ ပေးနေတဲ့ နယ်စပ်က မယ်တော်ဆေးခန်းနဲ့ ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတွေက ပြောပါတယ်။ တိုက်ပွဲတွေ ဖြစ်နေသေးတဲ့အတွက် ထိုင်းနိုင်ငံ ဖွတ်ဖမြို့နယ်ထဲမှာ အခြေချ နေထိုင်တဲ့ ဒုက္ခသည် ပိုများလာနေတယ်လို့လည်း နယ်စပ်အခြေစိုက် အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။

source by :VOA
ဆက်ဖတ်မယ်...

သင်္ဘောသား ပြန်ပေး နောက် ၁၁ ယောက်

ကျော်ခ | မြန်မာသင်္ဘောသား ၁၁ ဦးလိုက်ပါသည့် Samho Jewelry ကိုရီးယား ကုန်တင်သင်္ဘော စနေနေ့က အာရပ်ပင်လယ်ထဲတွင် ဆိုမာလီ ဓားပြများ ပြန်ပေးဆွဲခံလိုက်ရကြောင်း မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားများ အသင်းက ပြောသည်။

ပြန်ပေးဆွဲခံရချိန်တွင် သင်္ဘောပေါ်တွင် ဓာတု ပစ္စည်း တန်ချိန် ၁ သောင်းကျော်နှင့် မြန်မာသင်္ဘောသား ၁၁ ဦး အပါအဝင် ကိုရီးယား ၈ ဦးနှင့် အင်ဒိုနီးရှား ၂ ဦး စုစုပေါင်း ၂၁ ဦး ပါသွားသည်။

“ကျနော်တို့ ရတဲ့အချက်တွေအရတော့ ပြီးခဲ့တဲ့
စနေနေ့က အဖမ်းခံရတယ်။ ရန်ကုန် Samho Shipping ကုမ္ပဏီရုံးခွဲကပို့ တဲ့ မြန်မာ ၁၁ ယောက်လဲပါတယ်။ ဒီကိစ္စကိုတော့ သူတို့ထုတ်ပြန်မထားဘူး။ မိသားစုဝင်တွေကိုတော့ ပြောပြထားမှာပေါ့”ဟု မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားများအသင်း ဗဟိုဦးစီးအဖွဲ့ဝင် ဦးဌေးအောင်က ပြောသည်။

ဓာတုပစ္စည်းများတင်ဆောင်လာသည့် အဆိုပါ သင်္ဘော အာရပ်စော်ဘွားများ ပြည်ထောင်စု UAE မှ သီရိလင်္ကာသို့ ဦးတည်ခုတ်မောင်းနေစဉ် ပြန်ပေးဆွဲခံရသည်။

ယခုအခါ ဆိုမာလီဓားပြများ ပြန်ပေးဆွဲခံထားရသူ မြန်မာသင်္ဘောသား ၃၄ ဦးရှိသွားပြီ ဖြစ်သည်။

ယခင်လ ၁ဝ ရက်က မြန်မာသင်္ဘောသား ၂၃ ဦးပါ MV. Panama လိုင်ဘေးရီးယား ကုန်တင် သင်္ဘော တန်ဇန်နီးယား နိုင်ငံ ဒါရက်စ်လမ်းမှ မိုဇမ်ဘစ်နိုင်ငံ ဘိုင်ယာအသွား လမ်းတွင် ဆိုမာလီ ဓားပြ ၅ ဦးက ပြန်ပေးဆွဲသွားသည်။

အဆိုပါ မြန်မာသင်္ဘောသား ၂၃ ဦးမှာ ကျန်းမာလျက်ရှိပြီး မိသားစုနှင့် ဖုန်းအဆက်အသွယ်ရကြောင်း သင်္ဘောကုမ္ပဏီ ရန်ကုန်ရုံးခွဲ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

source by :(မဇ္ဈိမ)
ဆက်ဖတ်မယ်...

မြန်မာ့ရွေးကောက်ပွဲ အများလက်ခံနိုင်အောင် လုပ်ဖို့ အချိန်မနှောင်းသေး

ဦးသိန်းထိုက်ဦး| မြန်မာစစ်အစိုးရ အနေနဲ့ ကျင်းပမယ့် ရွေးကောက်ပွဲအပေါ် နိုင်ငံတကာက မျှော်မှန်းထားချက်တွေနဲ့ အညီ လူအများ လက်ခံယုံကြည်အောင် ပြသဖို့ အချိန် နောက်မကျသေးတဲ့ အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က ထပ်မံ ပြောဆိုပါတယ်။ ရွေးကောက်ပွဲ မကျင်းပခင် ရက်ပိုင်းအလို မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံကို ရောက်လာပြီး ဒီနေ့ ဘန်ကောက်မြို့ ထိုင်းအစိုးရရုံးမှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပပါတယ်။ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝ (Abhisit Vejjajiva) ကလည်း မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့မှာ မဟုတ်တဲ့အကြောင်း ထပ်မံ အာမခံ ပြောဆိုသွားပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း(၀ဲ) နှင့် ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝတို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။

ရွေးကောက်ပွဲကို လူအများ လက်ခံယုံကြည်ပြီး ထင်သာမြင်သာရှိအောင် ကျင်းပဖို့ အခွင့်အလမ်းတွေ နောက်မကျသေးတဲ့ အကြောင်း ပြောဆိုတဲ့ တချိန်တည်းမှာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဗီယက်နမ်မှာ ကျင်းပမယ့် ကုလသမဂ္ဂနဲ့ အာဆီယံ ခေါင်းဆောင်တွေ တွေ့ဆုံတဲ့ အစည်းအဝေးမှာလည်း စစ်အစိုးရ ၀န်ကြီးချုပ် ဦးသိန်းစိန်ကို သီးခြားတွေ့ဆုံပြီး ဒီကိစ္စ ထပ်ပြီး နားချ တိုက်တွန်းဦးမယ်လို့ ပြောပါတယ်။ ဒီနေ့ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝနဲ့ အတူ ပူးတွဲကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောပါတယ်။

“နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးပြီး ရွေးကောက်ပွဲမှာ ပါဝင်ခွင့် ပေးခြင်းအားဖြင့် ဒီရွေးကောက်ပွဲဟာ အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲတခု ဖြစ်တယ်ဆိုတာ ပြသဖို့ စစ်အစိုးရဘက်က အချိန်မနှောင်းသေးပါဘူး။ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲ ပြီးသွားရင်ဆိုတဲ့ အတွေးအခါ် ရှုမြင်ချက်တွေ ပိုပြီး အလေးသာလာပါလိမ့်မယ်။ ဒါကြောင့်လည်း နိုင်ငံတကာရဲ့ သဘောတူညီချက်၊ သတ်မှတ်ချက်တွေကို လေးစားလိုက်နာလာမယ်လို့ ကျနော် မျှော်လင့်ထားပါတယ်။” ဆိုပြီး ပြောဆိုသွားပါတယ်။

ဒီရွေးကောက်ပွဲ လွတ်လပ်မျှတနိုင်ခြေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်တဲ့အကြောင်း မကြာခဏ ထုတ်ဖော်ပြောဆိုထားပါတယ်။

ဒါပေမဲ့လည်း ကုလသမဂ္ဂဟာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ စိုးရိမ်တဲ့အကြောင်းတွေသာ မကြာခဏ ထုတ်ဖော်ပြောဆိုလေ့ရှိပြီး တကယ်တမ်း စစ်အစိုးရဘက်က ပြောင်းလဲလာအောင် ဖိအားပေးနိုင်ခြင်း မရှိဘူးဆိုပြီး ဝေဖန်တာတွေလည်း ကြားနေရပါတယ်။

ရွေးကောက်ပွဲ လွတ်လပ်မျှတဖို့ ပြောနေပေမဲ့ ပြည်ပ သတင်းထောက်တွေကို လာရောက်ခွင့် မပေးသလို ကုလသမဂ္ဂနဲ့ အာဆီယံ နိုင်ငံတွေက လေ့လာ စောင့်ကြည့်တာမျိုးတွေကို စစ်အစိုးရဘက်က လက်မခံပါဘူး။

ဒါကြောင့် ဒီရွေးကောက်ပွဲ ရလဒ်က ပေါ်ထွက်လာမယ့် အစိုးရသစ်ကို ကုလသမဂ္ဂ အနေနဲ့ ဘယ်လို သဘောထားမလဲ၊ ရွေးကောက်ပွဲအပြီး ပေါ်လာမယ့် အစိုးရနဲ့ ပတ်သက်လို့ ကုလသမဂ္ဂဘက်က ဘယ်လို ကိုင်တွယ်ဆက်ဆံဖို့ အစီအစဉ် ရှိပါသလဲဆိုပြီး အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို ဗွီအိုအေက မေးခဲ့ပါတယ်။

“ဒီရွေးကောက်ပွဲက လွတ်လပ်မျှတပြီး အားလုံး ပါဝင်ခွင့်ရှိမယ့် ရွေးကောက်ပွဲတခု ဖြစ်မယ်လို့ ကျနော် မျှော်လင့်တဲ့အကြောင်း ပြောထားပြီးသားပါ။ ဒီ့ထက်ပိုပြီး အရေးကြီးတာက ရွေးကောက်ပွဲ အပြီးမှာ ဘယ်လောက်အထိ အားလုံး ပါဝင်ခွင့်ရှိမယ့် အစိုးရကို သူတို့ ဖွဲ့စည်းမလဲ ဆိုတာပါပဲ။ ရွေးကောက်ပွဲ ရလဒ်အရ လူထုဆန္ဒကို ထင်ဟပ်ပြီး နိုင်ငံတကာရဲ့ မျှော်လင့်ချက်တွေအတိုင်း ဘယ်လောက်အထိ လုပ်နိုင်မလဲ၊ ဒါဟာ မြန်မာအစိုးရကို စမ်းသပ်မယ့်အချက် ဖြစ်ပါတယ်။ ကုလသမဂ္ဂ အနေနဲ့တော့ မြန်မာနိုင်ငံနဲ့ ရေရှည် ဆက်ဆံရေးကို လိုလားပါတယ်။” ဆိုပြီး အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောသွားတာပါ။

ဒီရွေးကောက်ပွဲ လွတ်လပ်မျှတဖို့၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ် ထင်သာမြင်သာ ရှိဖို့ဆိုတာ နိုင်ငံတကာရဲ့ မျှော်မှန်းထားချက် ဖြစ်ပါတယ်။ နိုင်ငံတကာ မျှော်မှန်းချက်တွေနဲ့ အညီ ရွေးကောက်ပွဲကို ကျင်းပဖို့ လိုတဲ့အကြောင်းကိုသာ အတွင်းရေးမှူးချုပ်က အလေးအနက် ထပ်ပြောသွားပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ စိတ်ဝင်တစားမေးတဲ့ အခြား အကြောင်းအရာ တခုကတော့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေနဲ့ မြန်မာဒုက္ခသည်တွေအရေး ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ အလုပ်သမား စိစစ်ရေး ကိစ္စတွေဟာ တရားမ၀င် အလုပ်သမားတွေကို လူကုန်ကူးတဲ့ လူတွေလက်ထဲ ရောင်းစားခံရအောင် တွန်းပို့နေသလို ဖြစ်နေတယ်ဆိုပြီး ဝေဖန်ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ ထိုင်းဝန်ကြီးချုပ်က ဒီကိစ္စတွေကို စုံစမ်းဖော်ထုတ်သွားမှာ ဖြစ်ပါတယ်လို့ ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွမ် (Kasit Piromya) က မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲပြီးရင် ထိုင်းမှာရောက်နေတဲ့ ဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ်လို့ ပြောဆိုခဲ့တာကြောင့် ထိုင်း လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကိုယ်တိုင် ဒုက္ခသည် စခန်းတွေကို သွားရောက်ပြီး မြန်မာနိုင်ငံ အခြေအနေ ငြိမ်းချမ်းသာယာမှ ဒုက္ခသည်တွေကို ပြန်ပို့မှာ ဖြစ်တဲ့အကြောင်း အာမခံ ပြောကြားခဲ့ပါတယ်။ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝကလည်း ဒီနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒီကိစ္စကို အခုလို ထပ်ပြောခဲ့ပါတယ်။

“ကျနော်တို့က ပြည်ပက အလုပ်လာလုပ်တဲ့ ရွှေ့ပြောင်း အလုပ်သမား အရေးတင် မဟုတ်ပါဘူး၊ အိုးမဲ့အိမ်မဲ့ ခိုကိုးရာမဲ့တဲ့ သူတွေရဲ့ အရေးကိစ္စတွေကိုလည်း ကိုင်တွယ် ဖြေရှင်းနေရပါတယ်။ ဒီလူတွေကို အန္တရာယ်များတဲ့ အခြေအနေမှာ မပို့ဘူးလို့ ကျနော်တို့ အာမခံပါတယ်။ သူတို့အနေနဲ့ ဘေးကင်းလုံခြုံတယ်လို့ ကျနော်တို့ အပြည့်အ၀ ယုံကြည်မှ နေရပ်ပြန်ပို့မှာပါ။” ဆိုပြီး ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝက သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။

 နားဆင်ရန်-Click
source by :VOA
ဆက်ဖတ်မယ်...

နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရန် ဘန်ကီမွန်း တိုက်တွန်း

NEJ| လာမည့် နိုဝင်ဘာ(၇)ရက်တွင် နအဖစစ်အစိုးရ ပြုလုပ်မည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ စိုးရိမ် ပူပန်မိကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြား လိုက်သည်။

မြန်မာ့မိတ်ဆွေ နိုင်ငံများအဖွဲ့မှ ၀န်ကြီးများနှင့် ပြုလုပ်သည့် ယမန်နေ့ အစည်းအဝေးအပြီးတွင် မစ္စတာဘန်ကီမွန်းက သတင်းထောက်များကို ပြောကြားခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံတွင် အများယုံကြည် လေးစားသည့် ဒီမိုကရေစီ အရပ်သားအစိုးရတရပ် ပေါ်ထွန်းသည်ကိုသာ နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေဖြင့် လိုလားကြကြောင်း ပြောကြားခဲ့သည်ဟု ရိုက်တာ သတင်းတွင် ဖော်ပြထားသည်။

မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့တွင် သြစတြေးလျ၊ ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ နော်ဝေး၊ ရုရှား၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ထိုင်း၊ အမေရိကန်ပြည်ထောင်စု၊ ဗီယက်နမ်နှင့် ဥရောပသမဂ္ဂနိုင်ငံများ ပါဝင်ကြသည်။

“မြန်မာ့မိတ်ဆွေ နိုင်ငံတွေ အားလုံးက မြန်မာနိုင်ငံမှာပြုလုပ်မယ့် ရွေးကောက်ပွဲဟာ လူတိုင်းပါဝင်နိုင်တဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် ထပ်လောင်း ပြောဆိုကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ဖို့ လိုအပ်တယ်လို့လည်း အားလုံးက တောင်းဆိုကြပါတယ်။ ဒီကိစ္စဟာ ရွေးကောက်ပွဲကို အများက ယုံကြည်လက်ခံမှု ရရှိစေဖို့နဲ့ မြန်မာနိုင်ငံ တည်ငြိမ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်ချက်တွေပါ” ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ နေအိမ်ခြံဝင်းအတွင်းသို့ ကျူးကျော် ဝင်ရောက်လာသူ အမေရိကန်နိုင်ငံသား ဂျွန်ဝီလီယံ ယက်တောကို လက်ခံခဲ့မှုကြောင့် နေအိမ်အကျယ်ချုပ် ဥပဒေဆိုင်ရာ ပြည်တွင်းလုံခြုံရေး ဥပဒေ ချိုးဖောက်မှုဖြင့် နေအိမ်အကျယ်ချုပ် သက်တမ်း (၃) နှစ် ကျခံရန် အင်းစိန် အထူးတရားရုံးက ၂၀၀၉ ခု သြဂုတ် (၁၁) ရက်နေ့တွင် ချမှတ်ခဲ့သည်။

ထို့နောက် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် တရားရုံးအာဏာ၏ အမိန့်ကို အုပ်ချုပ်ရေးအာဏာဖြင့် ပြင်ဆင်ကာ ထောင်ဒဏ်ကို ထက်ဝက်လျှော့ချ၍ ဆိုင်းငံ့ပြစ်ဒဏ် နေအိမ်အကျယ်ချုပ် (၁) နှစ်ခွဲ ကျခံစေရန် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အား ချမှတ်ခဲ့သည့် နေအိမ်အကျယ်ချုပ် (၁) နှစ်ခွဲ သက်တမ်းသည် လာမည့် နိုဝင်ဘာ (၁၃) ရက်နေ့တွင် ပြည့်မြောက်မည်ဖြစ်သည်။ ယခု ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရက် မတိုင်မီ တပတ်အလို နိုဝင်ဘာ (၇) ရက်တွင် ကျင်းပမည်ဖြစ်သည်။

အဆိုပါရွေးကောက်ပွဲအတွက် နအဖကောင်စီက ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများသည် တရားမျှတမှု လုံးဝမရှိသဖြင့် အန်အယ်လ်ဒီက ပါတီအဖြစ် မှတ်ပုံတင်ခြင်းမရှိဘဲ ရွေးကောက်ပွဲမ၀င်ရန် ပြီးခဲ့သည့် မတ် (၂၉) တွင် ဆုံးဖြတ်ခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်ရှင်ကလည်း သတ်မှတ်ရက်အတွင်း နိုင်ငံရေးပါတီအဖြစ် ဆက်လက်လျှောက်ထားခြင်း မရှိသည့်အတွက် အန်အယ်လ်ဒီပါတီအား ဥပဒေအရ ဖျက်သိမ်းလိုက်ကြောင်း ပြီးခဲ့သည့်စက်တင်ဘာ (၁၄) ရက်တွင် ကြေညာခဲ့သည်။


source by :NEJ
ဆက်ဖတ်မယ်...

ရွှေဝါရောင်တော်လှန်ရေး (၃)နှစ်ပြည့် အခမ်းအနား

MTN |ရွှေဝါရောင်တော်လှန်ရေး (၃) နှစ်ပြည့် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် အလော်စတားနယ်မြေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လူငယ်) လွတ်မြောက်နယ်မြေ (မလေးရှား) မှဦးစီးကာ (၂၇-၉-၂၀၁၀) နေ့တွင် ဓမ္မိကာရာမ ဘုန်တော်ကြီးကျောင်း (ပီနန်း) တွင်အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြပါသည်။



မနက်ပိုင်တွင် သံဃာတော် အရှင်သူမြတ်များအား ဆွမ်း၊အချိုပွဲအအေး အစရှိသည် ခဲဖွယ်ဘောဇဉ်များဖြင့် နေ့ဆွမ်း ဆပ်ကပ်လှူပူဇော်ကြပါသည်။ထိုနောက် ပီနန်းဆရာတော်ကြီးထံမှ ငါးပါးသီလခံယူကြကာ ရွှေဝါရောင်တော်လှန်ရေးအတွင်း ပျံလွန်တော်မှုခဲ့ကြ ၊ကျဆုံး ခဲ့ကြသော သံဃာတော် အရှင်မြတ်များ အာဇာနည်ပုဂ္ဂိုလ်အပေါင်းတို့အား ပြုခဲ့သမျှသော ကုသိုလ်အပေါင်းအား အမျှပေးဝေခဲ့ပါသည်။ ထို့နောက် ကြွရောက်လာ ကြသော ဧည့်ပရိတ်သတ်များအား ထမင်းဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။

နေ့လည်ပိုင်းတွင် အခမ်းအနားအစီအစဉ် များစွာဖြင့် ရွှေဝါရောင်တော်လှန်ရေး အထိမ်းအမှတ် ဝမ်းနည်ခြင်း ပွဲကို စည်ကားစွာကျင်းပခဲ့ကြပါသည်။ပထမဆုံး နံပါတ်(၁) အစီအစဉ်အရ ရွှေဝါရောင်တော်လှန်ရေးတွင် ကျဆုံးခဲ့ကြသူများ အတွက် ဝမ်းနည်းခြင်း အနေဖြင့် တစ်မီးနစ် ငြိမ်သတ်စွာရပ်၍ အခမ်းအနားကို စတင်ဖွင့် လစ်ခဲ့ ပါသည်။ အခမ်းအနားသို့ တက်ရောက်လာသော သံဃာတော် အရှင်သူမြတ်များမှ သြဝါဒ များချီးမြင့်ခြင်း၊ တက်ရောက်လာသော အဖွဲ့အစည်း တချို့ မှခေါင်းဆောင်များ မှ မိမိတို့ ခံစားချက်များ၊ အမှတ်တရ ဖြစ်စဉ်များကို ပြောကြားခဲ့ကြပါသည်။အခမ်းအနားကို နေ့လည်(၁) နာရီမှ ညနေ ၃နာရီအထိ အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့သံဃာတော်အရှင်သူမြတ်များ၊ NLD-LA(Youth)မှလူကြီးမင်းများနှင့် အဖွဲ့ဝင်များ၊လူဘောင်သစ် ပါတီ(မလေးရှား)မှ အတွင်းရေးမှုးနှင့် ဇနီး၊အခြား မိတ်ဖက်ပါတီ တချို့မှ အဖွဲ့ဝင်များ၊ သတင်း ဘလောက်ဂါတချို့ နှင့် ဧည့်ပရိတ်သတ်များ စိတ်ပါဝင်စားသော နိုင်ငံခြားသားတချို့ တို့ တက်ရောက်ခဲ့ကြပါသည်။


အခမ်းအနားကိုဖြစ်မြောက်အောင်ကျင်းပ ပြုလုပ်ခဲ့ကြသော လူငယ်အဖွဲ့များ တက်ရောက်လာကြသည် ဧည့်ပရိတ်သတ်များ အားလုံး ၊အားလုံးတို့ ၏ ရင်တွင်း၌ နှစ်ပေါင်းမည်မျှကြာသည်ဖြစ်စေ ဘာသာ သာသနာကို စော်ကားခဲ့ကြသော မင်းဆိုး မင်းညစ်နှင့် နောက်လိုက်နောက်ပါများ အား အသည်းထဲမှနာကျည်း နေကြမည်ဖြစ်သလို ၊ အမျိုးဘာသာ ၊ သာသနာအတွက် အသက်စွန့်ကာ တာဝန်ကျေ ကျဆုံးခဲ့ကြသော အာဇာနည် ရဟန်းတော်များနှင့် အာဇာနည်ပုဂ္ဂိုလ်အပေါင်းတို့အား ယခုလို ကမ္ဘာကျော် သမိုင်းတွင်သည့် ရွှေဝါရောင်တော်လှန်ရေး နေ့ကိုရောက်ရှိတိုင်း အစဉ်ထာဝရ ဝမ်းနည်စွာ သတိယရှိနေကြမည်မှာ မလွဲဧကန် ဖြစ်မည်ဟု ယုံကြည်ပါမိသည်။


သတင်း- MTN
ဓါတ်ပုံ- CO2
အင်တာနတ်အခက်အခဲကြောင့် သတင်း နောက်ကျသွားခဲ့သည်ကို လုပ်ဖော်ကိုင်ဖက် ညီကို နောင်တော်များ နားလည်းခွင့်လွတ် ပေးကြပါရန်။
ဆက်ဖတ်မယ်...

မြန်မာလုပ်သား တထောင်ကျော် ထိုင်းတွင် ၃ ရက်မြောက် ဆန္ဒပြ


မြင့်မောင် | ယာယီနိုင်ငံကူးလက်မှတ်များကို အလုပ်ရှင်က ဖျက်ဆီးပစ်သည်ဆိုကာ ထိုင်းနိုင်ငံ Khon kaen မြို့ရှိ Dechapanich ငါးဖမ်းပိုက်စက်ရုံ၌ တရားဝင် မြန်မာလုပ်သား ၁,ဝဝဝ ကျော် ၃ ရက်မြောက်ဆက်ပြီး ဆန္ဒပြနေသည်။

မြန်မာလုပ်သား ၆ ဦး ၃ ရက်ဆက်တိုက် အလုပ်ပျက်သဖြင့် ယခုလ ၇ ရက်နေ့က အလုပ်ထုတ်ခံရစဉ် ၎င်းတို့ နိုင်ငံကူးကဒ်များ ပြန်တောင်းရာ အလုပ်ရှင်ဘက်က ဖျက်ဆီးထားကြောင်း တွေ့ရအပြီး နောက်ရက်တွင် စက်ရုံအနီး အလုပ်သမားများ ဘုရားရှိခိုးဝင်းအတွင်း စတင်ဆန္ဒပြကြသည်။
ယာယီနိုင်ငံကူးလက်မှတ်များကို အလုပ်ရှင်က ဖျက်ဆီးပစ်၍ ထိုင်းနိုင်ငံ Khon kaen မြို့ရှိ Dechapanich ငါးဖမ်းပိုက်စက်ရုံ၌ တရားဝင် မြန်မာလုပ်သား ၁,၀၀၀ ကျော် ၃ ရက်မြောက်ဆက်ပြီး ဆန္ဒပြနေ

လုပ်လာစဉ်တုန်းက တနှစ်ကို ဒီမှာ လုပ်ရမယ်၊ နောက်တနှစ်ကို အပြင်မှာ လုပ်စားခွင့် ရှိတယ်၊ သက်တမ်းတိုးလို့ ရတယ်ဆိုပြီး ထုတ်ပေးလိုက်တာ။ အဲဒါ အလုပ်ရှင်က ပတ်စ်ပို့ ဗီဇာတွေကို မင်တွေနဲ့ ဖျက်ထားတယ်။ Cancel ဆိုတာ ရေးပြီးတော့ ကျနော်တို့လက်ထဲ ပြန်အပ်တော့ ဘာမှ သုံးမရတော့ဘူး” ဟု ဦးဆောင်ဆန္ဒပြသူ ကိုဇော်မင်းနိုင်က မဇ္ဈိမကို ပြောသည်။

ဆန္ဒပြခေါင်းဆောင် နောက်တဦးဖြစ်သည့် ကိုမိုးထက်က“ဒီမှာ အလုပ် ၃ ရက် ပျက်လို့ရှိရင် အလုပ်ထုတ်ခွင့်ရှိတဲ့ ဥပဒေ ရှိပါတယ်။ အဲဒီဥပဒေနဲ့ ငြိလို့ အလုပ်ထုတ်တယ်လို့ ပြောပါတယ်။ အမှန်တကယ် အလုပ်သမားတွေအလုပ်ပျက်တာက ကျန်းမာရေးကြောင့်ပါ” ဟု ပြောသည်။

ဆန္ဒပြပွဲနှင့်ပတ်သက်၍ Dechapanich စက်ရုံကို ဆက်သွယ်မေးမြန်းသည့်အခါ စက်ရုံအရာရှိက ဆန္ဒပြနေတာ ဟုတ်မှန်ကြောင်းသာ ပြောဆိုပြီး အသေးစိတ် ဖြေကြားရန် ငြင်းဆိုသည်။

ထိုင်းနိုင်ငံရှိ MAP Foundation နှင့် ရောင်ခြည်ဦး အလုပ်သမား ကူညီဆောင်ရွက်ရေးအဖွဲ့တို့က ဆန္ဒပြသူများကို ကူညီနေကြရာ MAP က ထိုင်းနိုင်ငံ အလုပ်သမား စီမံခန့်ခွဲရေးဌာန၊ ရဲမှူးချုပ်နှင့် အမှတ် ၄ ရဲမှူးကြီးထံ အမြန်ဆုံး ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံစာ ပေးပို့ခဲ့သည်။

’’အလုပ်သမားတွေကို မြန်မာနိုင်ငံ ပြန်မပို့ဘဲ ဥပဒေအရ စောင့်ရှောက်ပေးဖို့၊ အဖြစ်မှန် ဖော်ထုတ်ပေးဖို့၊ တရားဥပဒေအတိုင်း ကူညီပေးဖို့ ထည့်သွင်းတောင်းဆိုထားတယ်။ အလုပ်သမားတွေ အကြွေးယူ စားသောက်ရတဲ့ဆိုင်ကို အလုပ်ရှင်က ပိတ်လိုက်တဲ့အတွက် အခက်အခဲဖြစ်နေတဲ့အတွက် ဆိုင်ပြန်ဖွင့်ပေးဖို့ အလုပ်ရှင်ကို ကျမတို့ ပြောခဲ့တယ်’’ ဟု MAP အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ Mai Mai က ပြောသည်။

Khon kaen မြို့ရှိ စက်ရုံများ၌ အခြား တရားဝင် နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားများ တနေ့လျှင် ၁၅၇ ဘတ် ရသော်လည်း Dechapanich ငါးဖမ်းပိုက်စက်ရုံ၌ မြန်မာလုပ်သားများကို ဘတ် ၁၄ဝ သာ ပေးပြီး တရက် တနာရီခွဲ အခမဲ့ လုပ်ပေးရသည်။ အချိန်ပိုအတွက် တနာရီလျှင် ဘတ် ၃ဝ သာ ပေးသည်။

စက်ရုံ၌ ဧရာဝတီတိုင်း၊ မကွေးတိုင်းနှင့် မွန်ပြည်နယ်မှ မြန်မာ ၂,၁၄၇ ဦး အလုပ်လုပ်နေသည်။

ဘန်ကောက် မြန်မာသံရုံးမှ လာရောက်ဖြေရှင်းပေးခြင်း မရှိသေးကြောင်း သိရသည်။
source by :မဇ္ဈိမ
ဆက်ဖတ်မယ်...

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်အဖွဲ့ တရုတ်နိုင်ငံရောက်ရှိ


ပေါက်ပေါက် | နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သည့်အဖွဲ့သည် တရုတ်နိုင်ငံ ပီကင်းမြို့သို့ ယမန်နေ့က ရောက်ရှိလာပြီး တရုတ်သမ္မတ ဟူကျင်းတောင်နှင့် ဝန်ကြီးချုပ် ဝမ်ကျားပေါင်တို့အား တွေ့ဆုံရန်ရှိသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်အတူ မကြာသေးမီက အရပ်ဝတ်လဲခဲ့သည့် သူရ ဦးရွှေမန်း၊ သီဟသူရ ဦးတင်အောင်မြင့်ဦးတို့ လိုက်ပါသွားသကဲ့သို့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒု-ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၊ စီးပွားကူးသန်းဝန်ကြီး၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး၊ သိပံ္ပနှင့်နည်းပညာဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး၊ ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီး၊ စွမ်းအင်ဝန်ကြီး၊ ပို့ဆောင်ရေးဝန်ကြီး၊ ကျန်းမာရေး ဝန်ကြီးတို့လည်း လိုက်ပါသွားကြောင်း ယနေ့ထုတ် နအဖ သတင်းစာတွင် ဖော်ပြထားသည်။

တရုတ်သမ္မတ ဟူကျင်းတောင်၏ ဖိတ်ကြားချက်အရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ယခုလ (၇) ရက်နေ့မှ (၁၁) ရက်နေ့အထိ (၅) ရက်ကြာ အလည်အပတ်လာရောက်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်တွင်းအခြေအနေအရပ်ရပ် ဖြစ်ထွန်းတိုးတက်မှုများအား အမြင်ချင်း ဖလှယ်မည်ဖြစ်ကြောင်း၊ ဗိုလ်ချုပ်မှူးကြီး ခရီးစဉ်အတွင်း ရှန်ဟိုင်းကုန်စည်ပြပွဲနှင့် ကွမ်ဒေါင်း ပြည်နယ်ရှိ ရှိန်းကျိန့်မြို့သို့ သွားရောက် လည်ပတ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး မစ္စစ် ကျန်းယု (Jiang Yu) က ယခုလ (၂) ရက်တွင် ကြိုတင်ပြောဆိုထားသည်။

ဗိုလ်ချုပ်ကြီးအဆင့်ဖြင့် စစ်တပ်မှ နုတ်ထွက်ထားသူ သူရဦးရွှေမန်းသည် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ် Chen Bingde နှင့် ယမန်နေ့က ပီကင်းတွင် တွေ့ဆုံခဲ့ကြပြီး ထိုသို့တွေ့ဆုံရာတွင် တရုတ်စစ်ဦးစီးချုပ်က စစ်ရေးအရ မြန်မာနှင့် ဆက်ဆံဆောင်ရွက်နေမှုအပေါ် တန်ဖိုးထားပါကြောင်း၊ နှစ်နိုင်ငံအစိုးရနှင့် နှစ်နိုင်ငံ တပ်မတော်အကြား ပူးပေါင်းဆောင်ရွက်မှုများက နှစ်ဖက်စလုံးကို အကျိုးဖြစ်ထွန်းကြောင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် ရည်မျှော်ကာ စစ်ဖက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောဆိုခဲ့သည်ဟု ဆင်ဟွာသတင်းတွင် ဖော်ပြသည်။

တရုတ်-မြန်မာနယ်စပ်တလျှောက်ရှိ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် အမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA-ESS) မိုင်းလားတပ်ဖွဲ့တို့အား နအဖက နယ်ခြားစောင့်တပ်ဖွဲ့ရန် သို့မဟုတ် လက်နက်စွန့်ရန်အထိ ရာဇသံပေးခဲ့မှုအပေါ် အဖွဲ့အစည်းအသီးသီးက လက်မခံနိုင်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက တုံ့ပြန်ခဲ့ပြီး ယခုခရီးစဉ်ပေါ်ထွက်လာခဲ့သဖြင့် တရုတ်အစိုးရကတဆင့် တရုတ်နယ်စပ်ရှိ အပစ်ရပ်အဖွဲ့များအပေါ် ဖိအားပေးမှုများ လုပ်လာမည်လားဟု ထင်မြင်မှုများလည်း အဖွဲ့အစည်းများအကြား ရှိနေသည်။

၂ဝ၁ဝ နိုဝင်ဘာ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးဖြစ်ပြီး တရုတ်အစိုးရသည် အချုပ်အခြာ အာဏာပိုင် နိုင်ငံတခု၏ ပြည်တွင်းရေး ဝင်မစွက်ဖက်သည့်မူကို အမြဲတမ်းစောင့်ထိန်းခဲ့ပါကြောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ယခုရွေးကောက်ပွဲကို အပြုသဘောဆောင်သည့် အကူအညီများ ပေးမည်ဟု မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး မစ္စစ် ကျန်းယုက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တရုတ်နိုင်ငံသို့ ရောက်ရှိနေခိုက် ယမန်နေ့တွင် ပြောဆိုခဲ့သည်။
source by :NEJ
ဆက်ဖတ်မယ်...

ကုလ ကော်မရှင်ဖွဲ့ရေး ကနေဒါ ထောက်ခံ

သောမတ်စ်မောင်ရွှေ | စစ်အစိုးရ ကျူးလွန်ခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကုလသမဂ္ဂက ကော်မရှင်တရပ်ဖွဲ့၍ စုံစမ်းစစ်ဆေးရန် တိုက်တွန်းသည့် အနောက်နိုင်ငံ အစိုးရများ စာရင်းတွင် မိမိတို့နိုင်ငံလည်း ပါဝင်လိမ့်မည်ဟု ကနေဒါ နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုသည်။

ယခုနှစ် သြဂုတ်လလယ်တွင် အမေရိကန် အစိုးရက ကော်မရှင်ဖွဲ့ စစ်ဆေးရေးကို ထောက်ခံကြောင်း ကြေညာခဲ့ပြီးနောက် ကနေဒါ ဝန်ကြီးချုပ် မစ္စတာ စတီဖင်ဟားပါး ဦးဆောင်သည့် ကွန်ဆာဗေးတစ်ပါတီ အစိုးရသည်လည်း ယင်းအဆိုကို ထောက်ခံရန် ပြည်တွင်းပြည်ပမှ ဖိအားပေးမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။
Photo: Burma Campaign UK
“ကနေဒါဟာ ကုလလူ့အခွင့်အရေး သံတမန်အနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ စစ်အစိုးရရဲ့ လူအခွင့်အရေး ချိုးဖောက်နေမှုတွေအကြောင်း တင်ပြချက်နဲ့ စစ်အစိုးရကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ကော်မရှင်တရပ်ဖွဲ့ပြီး စုံစမ်းစစ်ဆေးဖို့ တိုက်တွန်းချက်တွေကို သဘောတူပါတယ်” ဟု ကနေဒါ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Catherine Loubier က ကုလသမဂ္ဂ လူ့အခွင့်အရေး သံတမန် မစ္စတာ သောမတ်(စ်) အိုဂျေ ကွင်တားနားကို ကနေဒါ နိုင်ငံခြားရေးဝန်ကြီး လောရင့်(စ်)ကန်နွန်၏ ထောက်ခံမှုကို ရည်းညွှန်းကိုးကား၍ ပြောကြားခဲ့သည်။

“ကျမတို့အနေနဲ့ ကုလလူ့အခွင့်အရေး သံတမန်က ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ တင်ပြမယ့် အကြံပြုချက်တွေကို နိုင်ငံတကာက မဟာမိတ်တွေနဲ့အတူ ထောက်ခံသွားမှာပါ” ဟု သူက ဆိုသည်။

ယခုနှစ် မတ်လက ကုလလူ့အခွင့်အရေး သံတမန် ကွင်တားနားက ကုလလူ့အခွင့်အရေး ကောင်စီထံ အစီရင်ခံစာတစောင် တင်ပြခဲ့ရာ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုသည် စနစ်တကျ ကျူးလွန်သည့် ပုံစံဖြစ်နေပြီး အစိုးရအရာရှိများ၊ စစ်အာဏာပိုင်များနှင့် တရားရေးရာဌာနများကပါ ပါဝင်ကျူးလွန်နေသည့် ပုံစံမျိုးဖြစ်သည်ဟု ပါရှိသည်။ စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်စဉ်များအား နိုင်ငံတကာ ရာဇဝတ်ခုံရုံး၏ ဖွင့်ဆိုသတ်မှတ်ချက်အရ လူသားချင်း စာနာထောက်ထားမှုနှင့် လူ့အဖွဲ့အစည်းတခုလုံးကို ဆန့်ကျင်သည့် စစ်ရာဇဝတ်မှုများအဖြစ် သတ်မှတ်နိုင်ကြောင်းလည်း ဖော်ပြထားသည်။

မစ္စတာကွင်တားနားက ထိုအစီရင်ခံစာထဲတွင် စစ်အစိုးရ ကျူးလွန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် နိုင်ငံတကာ ရာဇဝတ်မှုများကို ကော်မရှင်ဖွဲ့၍ ကော်မရှင် လုပ်ပိုင်ခွင့်အာဏာဖြင့် ထပ်မံအသေးစိတ် စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂကို အကြံပြု တိုက်တွန်းထားသည်။

ကနေဒါ ဖက်ဒရယ် ပါလီမန်တွင် ကိုယ်စားပြုပါဝင်သည့် ကနေဒါ အတိုက်အခံပါတီ ၃ ခုကလည်း လွန်ခဲ့သည့် ၁ဝ ရက်ခန့်က စစ်အစိုးရကို စုံစမ်းစစ်ဆေးရေး ထောက်ခံရန် အစိုးရကို တိုက်တွန်းသည့် ထုတ်ပြန်ချက်များ ထုတ်ဝေခဲ့သည်။

သြဂုတ်လ ၂၅ ရက်နေ့ကလည်း ဘားမားကမ်ပိန်း (ယူကေ) မှ ဇိုရာဖန်း ဦးဆောင်သည့် မြန်မာအတိုက်အခံအဖွဲ့က လန်ဒန်ရှိ ကနေဒါ သံရုံးရှေ့၌ ကုလက စစ်ဆေးရေးကို ထောက်ခံတိုက်တွန်းရန် ကနေဒါမှာ နှေးကွေးနေသည်ဟု ဆန္ဒပြကာ ပြောဆိုခဲ့သည်။

ကနေဒါ အစိုးရ၏ ထုတ်ပြန်ကြေညာချက်အပြီး Ottawa မြို့ အခြေစိုက် ကနေဒါနိုင်ငံ မြန်မာ့မိတ်ဆွေများအဖွဲ့ CFOB မှ အလုပ်အမှုဆောင် ဒါရိုက်တာ တင်မောင်ထူးက အဖွဲ့၏ ကြေညာချက်ထဲတွင် မစ္စတာဟားပါး၏ ကနေဒါ အစိုးရအဖွဲ့ကို ကုလ၏ ကော်မရှင်ဖွဲ့စစ်ဆေးရေးကို ထောက်ခံသည့် ဆုံးဖြတ်ချက်မျိုး ချမှတ်လာစေရန် ဖိအားပေးခဲ့ကြသူ အားလုံးအပေါ် ကျေးဇူးတင်ကြောင်း ဖော်ပြထားသည်ဟု ဆိုသည်။

“ကျနော့်အနေနဲ့ ကနေဒါ အစိုးရကို အခုလို ဆုံးဖြတ်ချက်မျိုး ချမှတ်လာစေဖို့ ဖိအားပေးခဲ့ကြတဲ့ ကနေဒါနိုင်ငံအတွင်းနဲ့ ကမ္ဘာအရပ်ရပ်က မိတ်ဆွေအားလုံးကို အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်” ဟု ကိုတင်မောင်ထူးက ပြောသည်။

ကော်မရှင်ဖွဲ့ရေးကို ထောက်ခံကြောင်း ကြေညာခဲ့သည့် အခြားနိုင်ငံများမှာ အမေရိကန်၊ ဗြိတိန်၊ ဆလိုဗက်ကီးယား၊ သြစတြေးလျနှင့် ချက်သမ္မတနိုင်ငံတို့ ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာရေးအဖွဲ့ AI ကလည်း ထောက်ခံ

နိုင်ငံတကာမှ တက်ကြွလှုပ်ရှားသူများ ပါဝင်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ AI ကလည်း မြန်မာစစ်အစိုးရကို စစ်ဆေးရေးအတွက် ကုလသမဂ္ဂ အထွေထွေညီလာခံကို တောင်းဆိုလိုက်သည်။

စစ်အစိုးရကို စုံစမ်းစစ်ဆေးရာတွင် “စစ်အစိုးရ၏ လုံခြုံရေးတပ်ဖွဲ့များက အရပ်သားများအပေါ် စနစ်တကျနှင့် ကျယ်ပြန့်စွာ ကျူးလွန်ခဲ့သော နှိပ်စက်ညှဉ်းပန်းမှုများ၊ အထူးသဖြင့် ရခိုင်ပြည်နယ်တွင် လူနည်းစု ရိုဟင်ဂျာများ၊ ရှမ်းပြည်နယ်တွင် ရှမ်းလူမျိုးများနှင့် မြန်မာနိုင်ငံ အရှေ့ပိုင်းတွင် ကရင်လူမျိုးများကို နှိပ်စက်ခဲ့မှုများ” အတွက် အထူးစုံစမ်းစစ်ဆေးရန် AI က တိုက်တွန်းထားသည်။

“စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေနဲ့ မြန်မာစစ်တပ်က နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေကို ချိုးဖောက်ပြီးတော့ ရှမ်းပြည်နယ်နဲ့ မြန်မာပြည် အရှေ့ပိုင်းဒေသတွေမှာ လူသားချင်း စာနာထောက်ထားမှု ကင်းမဲ့စွာ ကျူးလွန်နေကြတဲ့ ရာဇဝတ်မှုတွေကိုလည်း စုံစမ်းစစ်ဆေးသင့်ပါတယ်” ဟု AI က ပြောဆိုလိုက်သည်။
source by :မဇ္ဈိမ
ဆက်ဖတ်မယ်...

ထိုင်းရဲကိုကြောက်၍ ကားပေါ်မှ ခုန်ဆင်းသူ သေဆုံး

ဘစောတင် | ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ထိုင်းရဲ အဖမ်းခံရမည်ကို စိုးသဖြင့် လိုင်းကားပေါ်မှ မြန်မာအလုပ်သမများ ခုန်ချကြရာ ၁ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရသွားကြောင်း သတင်းရရှိသည်။

maesot001ယနေ့နံနက် ၁၁ နာရီခန့်တွင် မဲဆောက်မြို့ မယ်ကုလွမ်ရွာအနီးတွင် ထိုင်းရဲ ဖမ်းဆီးခံရမည်စိုးသဖြင့် ကားပေါ်မှ ခုန်ချသော အမျိုးသမီး ၄ ဦးအနက် ၁ ဦးသေဆုံးသွားကြောင်း မဲဆောက်မြို့ မယ်တော်ဆေးခန်းမှ ၀န်ထမ်းတဦးက ဧရာဝတီသို့ ပြောသည်။

“ကားပေါ်က ခုန်ချတဲ့ မိန်းကလေး ၄ ယောက်ထဲက မရီရီဝင်းဆိုတဲ့ မိန်းကလေးက မနက် ၁၁ နာရီလောက်မှာ ဆုံးသွားပါတယ်။ ကျန်တဲ့အထဲက ၂ ယောက်လည်း ဒဏ်ရာပြင်းပါတယ်။ တယောက်ကတော့ ရှေ့က ခုန်ဆင်းတဲ့ ၃ ယောက်အပေါ်ကျလို့ ပွန်းပဲ့ရုံပဲ၊ သိပ်မပြင်းထန်ဘူး” ဟု မယ်တော်ဆေးခန်း၊ ခွဲစိတ်ကုဌာနမှ ကျန်းမာရေးဝန်ထမ်း ကိုဆက်နိုင်က ပြောသည်။

သေဆုံးသွားသူမှာ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ လက်ပံကုန်းရွာမှ မရီရီဝင်း အသက် (၂၅) နှစ် ဖြစ်ပြီး ဒဏ်ရာရသွားသူများမှာ မဝေေ၀လွင်၊ မမြင့်မြင့်ဌေးနှင့် မကြည်ကြည်လွင်တို့ ဖြစ်ကြောင်း သိရသည်။

ယနေ့နံနက် ၈ နာရီခန့်က မယ်ကုလွမ်ရွာမှ မယ်ပသို့သွားသော လိုင်းကားကို မရီရီဝင်းတို့ စီးလာကြကြောင်း၊ ထိုအချိန်တွင် စက်ဘီးစီးလာသူတဦးက ရှေ့မှာ ရဲဖမ်းနေတယ်ဟု အော်ပြောသဖြင့် မိန်းကလေးများ အကြောက်လွန်ကာ ကားပေါ်မှ ခုန်ချသဖြင့် ယခုကဲ့သို့ သေဆုံး၊ အနာတရဖြစ်ရကြောင်း ရောင်ခြည်ဦး အလုပ်သမားအဖွဲ့မှ ကိုဆက်က ပြောသည်။

“ဒီမိန်းကလေးတွေ လိုင်းကားစီးလာတုန်း လူတယောက်က ပုလိပ်ဖမ်းနေတယ်၊ ရှေ့မှာ ပုလိပ်ဖမ်းနေတယ်လို့ အော်သွားတော့ ကောင်မလေးတွေက ဘဲလ်ကို တအားနှိပ်ပြီး ကားကိုရပ်ပေးဖို့ တောင်းဆိုပေမယ့် ကားက ရပ်မပေးတော့ မရီရီဝင်းက အရင်ခုန်ဆင်းတယ်။ ပြီးတော့ ကျန်တဲ့ ၃ ယောက်ကလည်း လိုက်ခုန်ဆင်းကြတယ်။ အရင်ဆုံး ခုန်ဆင်းတဲ့ မိန်းကလေးက မျက်နှာနဲ့ လမ်းမနဲ့ ဆောင့်မိသွားတယ်။ နောက် ခုန်ဆင်းတဲ့ ကောင်မလေးတွေကလည်း သူ့အပေါ်ပဲ ပိကျတော့ ပိုဆိုးတာပေါ့။ ကျနော် သွားကြည့်ခဲ့တဲ့ အချိန်မှာတော့ မရီရီဝင်းက ဆုံးသွားပြီ။ ကျန်တဲ့ ၂ ယောက်က သတိမရသေးဘူး။ နောက်တယောက်ကတော့ ပွန်းပဲ့ရုံပဲ” ဟု ကိုဆက်က ပြောသည်။

ပြီးခဲ့သည့် သောကြာနေ့မှ စတင်ကာ မဲဆောက်မြို့တွင် ထိုင်းရဲများက အကြီးအကျယ် ဖမ်းဆီးမှုများကို ပြုလုပ်နေသဖြင့် တရားဝင် အလုပ်လုပ်ခွင့် လက်မှတ်မရှိသော အလုပ်သမားများ ထောင်နှင့်ချီ၍ ထွက်ပြေး ပုန်းအောင်းနေကြကြောင်း၊ ယနေ့အချိန်ထိ အလုပ်မဆင်းကြသေးဘဲ ရှောင်တိမ်းနေဆဲဖြစ်ကြောင်း သိရသည်။

မြန်မာအလုပ်သမား ကွန်ယက်မှ ကိုဝဏ္ဏက “အလုပ်သမားတွေက အရမ်းကြောက်နေကြတာဗျ။ ဘာလို့လဲဆိုတော့ ရဲအဖမ်းခံရရင် ဟိုဘက်ကမ်းကို အပို့ခံရမယ်။ အပို့ခံရရင် ဘတ် တထောင် (ကျပ် ၃ သောင်းဝန်းကျင်) လည်း ပေးရသေးတယ်။ ဟိုဘက်ကမ်း ဂိတ်တွေက နအဖတွေရဲ့ ဆဲဆိုကြိမ်းမောင်း ခြိမ်းခြောက်တာတွေလည်း ခံရဦးမယ်။ ဒါကြောင့် အရမ်းကြောက်ကြတယ်” ဟု ဆိုသည်။

ယခုအမှုနှင့် စပ်လျဉ်း၍ ထိုင်းရဲက စစ်ချက်ယူပြီးနောက် မရီရီဝင်း၏ နာရေးကိစ္စကို နာရေးကူညီမှုအသင်း (မဲဆောက်) မှ တာဝန်ယူ ဆောင်ရွက်နေကြောင်း သိရသည်။

“အခု ရဲက စစ်ချက်ယူပြီးသွားလို့ နာရေးကိစ္စကို ဆောင်ရွက်ဖို့ အလောင်းကို ဆေးရုံကနေ ကျောင်းကို သယ်နေပါတယ်။ ကျနော်တို့ သဘက်ခါ သင်္ဂြိုဟ်မှာပါ။ မိသားစုတွေဘာတွေ လာရင် မှီအောင်လို့လေ” ဟု နာရေးကူညီမှုအသင်း (မဲဆောက်) ဥက္ကဋ္ဌ ဦးသောင်းလှိုင်က ပြောသည်။

ထိုင်းနိုင်ငံတွင် မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၂ သန်းခွဲမှ ၄ သန်းအထိ ရှိမည်ဟု အလုပ်သမားရေးရာ အဖွဲ့များက ခန့်မှန်းထားကြပြီး ယင်းတို့အနက် အလုပ်သမား ၁ သန်း ၃ သိန်းခန့်သာ ယာယီ နိုင်ငံကူး လက်မှတ် ပြုလုပ်ရန် လျှောက်ထားကြောင်း သိရသည်။
source by :ဧရာဝတီ
ဆက်ဖတ်မယ်...

လူထု လှုပ်ရှားမှုအတွက် BBC အဆင်သင့် ရှိနေ

ကိုဝိုင်း | ၁၉၈၈ ခုနှစ် ရှစ်လေးလုံးကာလတွင် လူအများ၏ အားထားမှုကို ခံခဲ့ရသော BBC မြန်မာဌာနအနေဖြင့် ယင်းကဲ့သို့ အရေးအခင်းတခု ထပ်မံပေါ်လာလျှင် ပိုမိုကျယ်ပြန့်စွာ တင်ပြနိုင်မည်ဟု BBC မြန်မာဌာန နှစ် ၇ဝ ပြည့် ယနေ့တွင် ဌာနမှူး ဒေါ်တင်ထားဆွေက ပြောဆိုလိုက်သည်။

၁၉၄ဝ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့တွင် BBC မြန်မာပိုင်းအစီအစဉ်ကို စတင်ခဲ့ရာ ရှစ်လေးလုံး လူထုလှုပ်ရှားမှုကာလ၌ မြန်မာလူထုသည် BBC သတင်းများကို နားထောင်ပြီး အခြေအနေ အရပ်ရပ်ကို သုံးသပ်ခဲ့ကြရသည်။ ရှစ်လေးလုံး သပိတ်ခေါ်သံကိုလည်း တနိုင်ငံလုံးသို့ အချိန်ကိုက် ထုတ်လွှင့်ပေးနိုင်ခဲ့သဖြင့် BBC သတင်းထောက် ခရစ်စတိုဖာ ဂါးနက်ဆိုသည့် အမည်သည်လည်း လူသိများသွားခဲ့သည်။
BBC မြန်မာပိုင်း အသံလွှင့် အစီအစဉ်ကို စိတ်ဝင်စားစွာ နားထောင်နေသော ဦးဇင်းတပါး
အခုနေသာ အဲဒီလို အရေးအခင်းမျိုး သတင်းထုတ်လွှင့်ရမယ်ဆိုရင်တော့ ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်၊ မြန်မြန်ဆန်ဆန် တင်ပြနိုင်မယ်” ဟု ဒေါ်တင်ထားဆွေက မဇ္ဈိမကို ပြောသည်။

ယင်းကာလ၌ BBC ပြည်တွင်းသတင်းထောက် မရှိခြင်းနှင့် ဆက်သွယ်ရေး နည်းပညာများ အားနည်းခဲ့သောကြောင့် အချက်အလက် မှန်ကန်စွာ ဖော်ပြနိုင်ရေး အခက်အခဲရှိပြီး သတင်း ထုတ်လွှင့်ရာတွင်လည်း ကြန့်ကြာနှောင့်နှေးမှုအချို့ ရှိခဲ့သည်ဟု သူက ဆိုသည်။

၁၉၈၈ မတိုင်မီက သတင်းများကို ဘာသာပြန် လွှင့်ထုတ်သော်လည်း ၁၉၈၈ ကာလမှစ၍ ကိုယ်တိုင်သတင်းရယူသည့် အဆင့်သို့ “တဖြည်းဖြည်း” ကူးပြောင်းလာခဲ့ခြင်းကို ကြီးမားသည့် ပြောင်းလဲမှုဟု ရှုမြင်ကာ၊ ယခုတိုင် စိန်ခေါ်မှုများ ရှိနေသေးပြီး ပြည်တွင်းပရိသတ်၏ ယုံကြည်မှုကို ရယူနိုင်ရန် သတင်းများ တိကျစေရေး၊ နှစ်ဘက်မျှတစေရေး၊ ဝါဒဖြန့်ချိသည့် သတင်းဌာန မဖြစ်စေရေးတို့သည် အဓိက စိန်ခေါ်ချက်များ ဖြစ်နေသေးကြောင်း ဒေါ်တင်ထားဆွေက ပြောသည်။

စစ်အစိုးရကမူ “VOA, BBC - ရန်တိုက်ပေးနေသည်။ RFA, DVB - သွေးထိုးနေသည်” ဟု နေ့စဉ်ထုတ် သတင်းစာများတွင် ရေးသားဖော်ပြလေ့ရှိသည်။ ဘက်လိုက်ဖော်ပြနေသည်ဟုလည်း စွပ်စွဲလေ့ရှိသည်။

BBC ကို ငယ်စဉ်ကပင် ကြားလာ၊ နားထောင်လာခဲ့ရသည်ဟုဆိုသူ ပြည်ပအခြေစိုက် မြန်မာသတင်းသမဂ္ဂ ဒုဥက္ကဋ္ဌ ဦးဇင်လင်းကမူ ၁၉၇၄-၇၆ ဦးသန့်နှင့် မှိုင်းရာပြည့် “အရေးတော်ပုံ” များ ဖြစ်ပြီး၊ နောက်ပိုင်းတွင် BBC ကို နားထောင်သူ ပြည်တွင်း၌ ပိုများလာခဲ့သည်ဟု သုံးသပ်သည်။

“ပြည်တွင်းမှာ သတင်းရစရာ source (သတင်းရင်းမြစ်) က ဘာမှမရှိဘူး။ နည်းနည်းခိုင်ခန့်တဲ့ သတင်းရဖို့ဆိုရင် BBC ပဲ အားကိုးရတာပေါ့။ BBC အချိန်ကျရင် အိမ်အမြန်ရောက်အောင် ပြန်ပြီးတော့ ဖွင့်နားထောင်ကြတာ။ Bias (ဘက်လိုက်ခြင်း) ဆိုတဲ့ စကားနဲ့ ပတ်သက်ရင်တော့ သတင်းကိုမှန်အောင် ကြိုးစားတဲ့အခါကျရင် မှန်တဲ့ဘက်ကို လိုက်ရတာပဲ” ဟု သူက ပြောသည်။

ယခင်က ပြည်ပအခြေစိုက် အသံလွှင့်ဌာန BBC နှင့် VOA သတင်းဌာန နှစ်ခုသာ ရှိခဲ့သော်လည်း ယခုအခါ RFA ၊ DVB တို့လည်း ရှိလာသဖြင့် ပရိသတ်အတွက် ရွေးချယ်ခွင့် ပိုရှိလာသော်လည်း အသံလွှင့်ဌာနများအတွက်မူ စိန်ခေါ်မှုများ ဖြစ်သည်ဟု ဒေါ်တင်ထားဆွေက ဆိုသည်။

“အဓိကစိန်ခေါ်မှုက ကိုယ့်ရဲ့ ပရိသတ်က တခြားဘက်ကို ပါသွားနိုင်တာပေါ့။ သို့သော် competition (ယှဉ်ပြိုင်မှု) ရှိလေ ကိုယ်က ကြိုးစားရလေ။ ကိုယ့်သတင်းကို ပိုပြီး တန်ဖိုးရှိအောင်၊ ခိုင်မာအောင်၊ ပိုမျှတအောင် လုပ်လာရတဲ့အတွက် ကောင်းတဲ့ အချက်တခုလို့ပဲ ယူဆပါတယ်” ဟု သူက ပြောသည်။

အသံလွှင့်ဌာန ၄ ခုလုံးကို ပုံမှန်နားထောင်သည်ဟုဆိုသူ ရန်ကုန်အခြေစိုက် ပိတောက်ပွင့်သစ် မဂ္ဂဇင်း အယ်ဒီတာချုပ် စာရေးဆရာ မောင်စိန်းနီက BBC ၏ အစီအစဉ်အားလုံးကို ကြိုက်သော်လည်း အသံလှိုင်းကို ပိုကြည်လင်စေလိုသည်ဟု အကြံပြုသည်။

“Highlight လုပ်တာ၊ ပိုပြီးထက်မြက်တာ ပေးဖို့လိုအပ်တယ်လို့ ထင်တာပဲဗျာ။ လူထုနှလုံးသားထဲကို တန်းဝင်သွားနိုင်တဲ့ သတင်းမျိုးလေးတွေပေါ့နော်။ ဥပမာဆိုရင် အကုန်လုံးလိုပဲ လဲလိုက်ပြီလို့ ကြားတယ် ပထမ။ အခု ၂ ယောက် ကျန်နေတယ်ကြားတယ်။ အဲလိုမျိုးတွေပေါ့” ဟု မကြာသေးခင်က မြန်မာစစ်တပ် ထိပ်ပိုင်းခေါင်းဆောင်များ အပြောင်းအလဲ သတင်းနှင့်ပတ်သက်၍ သူက ပြောဆိုသည်။

ဗြိတိန်နိုင်ငံ စီးပွားရေးကျဆင်းနေသဖြင့် လန်ဒန်မြို့အခြေစိုက် BBC နိုင်ငံတကာ သတင်းအစီအစဉ်အတွက် ဗြိတိန်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက ထောက်ပံ့ငွေများလည်း ၂ဝ၁၁ ခုနှစ်နောက်ပိုင်း လျော့သွားဖွယ်ရှိကြောင်း သိရသည်။ သို့သော် မြန်မာဌာနကိုမူ ထိခိုက်မှုနည်းမည်ဟု ဌာနမှူး ဒေါ်တင်ထားဆွေက ပြောသည်။
 
source by :မဇ္ဈိမ
ဆက်ဖတ်မယ်...

ခေတ်မီ မောင်းသူမဲ့ လေယာဉ်အသစ် အီရန် ထုတ်ဖော်ပြသ

အီရန်နိုင်ငံ စစ်ဘက်က မောင်းသူမဲ့ လေယာဉ်အသစ် တစင်းကို ဖော်ထုတ် ပြသလိုက်ပြီး အဲဒီလေယာဉ်ဟာ ဝေးလံတဲ့ အရပ်တွေဆီထိ စစ်ဆင်ရေး လုပ်နိုင်တယ်လို့ ဆိုပါတယ်။

သမ္မတ မာ့ခ်မုဒ် အမာဒနီးဂျက် (Mahmoud Ahmadinejad) တက်ရောက်ပြီး ရုပ်မြင်သံကြားကနေ တိုက်ရိုက် ထုတ်လွှင့်ပြသတဲ့ ဒီကနေ့ အခမ်းအနားမှာ လေယာဉ်ကို စစ်ဘက်က ပြသခဲ့တာ ဖြစ်ပါတယ်။

မောင်းသူမဲ့လေယာဉ် ဖော်ထုတ်ပြသသည့် အခမ်းအနားတွင် အီရန်သမ္မတ မာ့ခ်မုဒ် အမာဒနီးဂျက် အမှာစကားပြောကြားနေစဉ်(ဓာတ်ပုံ ASSOCIATED PRESS)
တိုက်ခိုက်ရေးသမား ကာရာ (Karrar) လို့ အမည်ပေးထားတဲ့ မောင်းသူမဲ့ လေယာဉ်ဟာ မိုင် ၆၂၀ ကျော်ထိ ပျံသန်းနိုင်ပြီး ၁၀၀ ကီလိုဂရမ် ဗုံးနှစ်လုံး ဒါမှမဟုတ် ၂၀၀ ကီလိုဂရမ် ဗုံးတလုံးကို သယ်ဆောင်နိုင်တယ်လို့ အီရန်အစိုးရပိုင် ရုပ်မြင်သံကြား သတင်းဌာနက ပြောပါတယ်။ လေယာဉ်ဟာ မြေပြင်ပေါ်က ပစ်မှတ်တွေကို လျှင်မြန်တဲ့နှုန်းနဲ့ ပျံသန်း ပစ်ခတ်နိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အခု မောင်းသူမဲ့ လေယာဉ်ဟာ အီရန်ရဲ့ ရန်သူတွေအတွက် ‘သေမင်း သံတမန်’ ဖြစ်တယ်လို့ မစ္စတာ အမာဒနီးဂျက်က ပြောတာကို ကိုးကားပြီး AP သတင်းဌာနက ဖော်ပြပါတယ်။

အီရန်ကျောင်းသား သတင်းဌာနကတော့ ‘မောင်းသူမဲ့ stealth ဗုံးကျဲလေယာဉ်’ လို့ အမည်ပေး ခေါ်ဆိုပါတယ်။

source by : ဗွီအိုအေ
ဆက်ဖတ်မယ်...

နယူးဇီလန်ဝန်ကြီးချုပ်ကို မြန်မာ့အရေး တိုက်တွန်းဖို့ အမတ်တွေ ပြင်ဆင်


မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စစ်ရာဇဝတ်မှုနဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအဖြစ် ကုလသမဂ္ဂအဖွဲ့က စုံစမ်းစစ်ဆေးပြီး အရေးယူဖို့ လှုပ်ရှားမူ့မှာ နယူးဇီလန်နိုင်ငံ ပါဝင်ရေးအတွက် နယူးဇီလန်အမတ်တွေနဲ့ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ အင်္ဂါနေ့မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးတခု ပြုလုပ်နေစဉ် ၂၀၁၀ ခုနှစ် သြဂုတ်လက မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (UN Photo/Paulo Filgueiras)

အဲဒီ အစည်းအဝေးကနေ နယူးဇီလန်ဝန်ကြီးချုပ်ကို တိုက်တွန်းတဲ့စာ ပေးပို့ရေးအတွက် ဆုံးဖြတ်မယ်လို့ မြန်မာ့အရေးလှုပ်ရှားသူ ကိုနိုင်ကိုကို က အာအက်ဖ်အေကို ပြောပါတယ်။

“အဲဒီ တွေ့ဆုံဆွေးနွေးပွဲရဲ့ အဓိက ရည်ရွယ်ချက်ကတော့ မြန်မာစစ်အစိုးရကို စစ်ရာဇဝတ်မှုနဲ့ တရားစွဲရေးကိစ္စကို နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် အနေနဲ့ ထောက်ခံအားပေးဖို့၊ ဆွေးနွေးပွဲမှာ တက်ရောက်လာမယ့် အမတ်အားလုံး စုပေါင်းတိုင်ပင်ပြီးတော့ မြန်မာနိုင်ငံကိစ္စကို ကုလသမဂ္ဂမှာ ရှိတဲ့ နယူးဇီလန် သံအမတ်ကြီးနဲ့ အမေရိကန်တို့၊ သြစတေးလျတို့ အင်္ဂလန်တို့နဲ့ ပူးပေါင်းပြီးတော့ တရားစွဲဖို့ကိစ္စကို ထောက်ခံရန် စာနဲ့တင်ပြသွားမယ်၊ ဝန်ကြီးချုပ်ကို ဘယ်လိုချည်းကပ်မယ် ဆိုတာတွေကို ဆွေးနွေးမှာ ဖြစ်ပါတယ်”

မြန်မာစစ်အစိုးရကို နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးတင် စစ်ဆေး အရေးယူဖို့ အတွက် အမေရိကန် ပြည်ထောင်စုက ထောက်ခံကြောင်း ဆုံးဖြတ်ကြေညာခဲ့ပြီး ရက်ပိုင်းအတွင်း နယူးဇီလန်နိုင်ငံကလည်း အခုလို ပါဝင်လာတာ ဖြစ်ပါတယ်။

ဒီအတောအတွင်း ပြည်ပအခြေစိုက် NDF အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု (မဒတ) က စစ်အစိုးရနဲ့ ပတ်သက်ပြီး လူသားထုအပေါ် ဆန့်ကျင် ကျူးလွန်တဲ့ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းဆောင်ရွက်ဖို့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား အဆိုပြု တင်သွင်းချက်ကို ထောက်ခံတဲ့ အမေရိကန် ပြည်ထောင်စုရဲ့ ရပ်တည်ချက်အပေါ် ထောက်ခံပါကြောင်း ဒီကနေ့ ကြေညာလိုက်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် တိုင်းရင်းသားနဲ့ တခြား နိုင်ငံရေးပါတီတွေ အနေနဲ့ ပြည်သူလူထု တရပ်လုံးကို စစ်ကျွန်ဘဝသို့ အတင်း တွန်းပို့ဆောင်ရွက်နေတဲ့ သမိုင်းတရားခံများ မဖြစ်စေဖို့ ရွေးကောက်ပွဲကို လူထုတရပ်လုံးနဲ့ လက်တွဲပြီး ကန့်ကွက် သပိတ်မှောက်ကြဖို့လည်း မဒတ က တိုက်တွန်း ထားပါတယ်။
source by :rfa
ဆက်ဖတ်မယ်...

စစ်အစိုးရ နိုင်ငံခြားရေး ၀န်ကြီး အရှေ့တီမော ခရီးစဉ် ဆန္ဒပြမှုတွေနဲ့ ကြုံ


အရှေ့တီမောနိုင်ငံကို ရောက်နေတဲ့ မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကို မြန်မာ့အရေး ထောက်ခံသူတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ကန့်ကွက် ဆန္ဒပြခဲ့ကြတာမှာ ရဲတွေနဲ့ ရုန်းရင်းဆန်ခတ် အခြေအနေထိ ဖြစ်ခဲ့ပါတယ်။

အရှေ့တီမော သမ္မတ ရာမို့စ် ဟော်တာ (Jose Ramos-Horta) အပါအ၀င် တခြား အကြီးတန်း အရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ပြီးခဲ့တဲ့ သောကြာနေ့က ဒီလီလေဆိပ်ကို ဦးဉာဏ်ဝင်း ရောက်သွားတဲ့အချိန် ဒါဇင်နဲ့ချီတဲ့ ဆန္ဒပြသူတွေက စုဝေး ဆန္ဒပြခဲ့ကြတာလို့ စီစဉ်သူတွေက ပြောပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြစ်တင်ရှုတ်ချကြောင်း ရေးသားထားတဲ့ စာတန်းတွေနဲ့ တခြားပစ္စည်းတွေကို ရဲတပ်ဖွဲ့က သိမ်းဆည်းတဲ့အခါ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြတာပါ။

နေအိမ်အကျယ်ချုပ် ကျနေတဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးပြီး စစ်အစိုးရကို ဖြစ်နိုင်သမျှ အမြန်ဆုံး ဖြုတ်ချရမယ်လို့ ဆန္ဒပြခေါင်းဆောင် တယောက်က ပြောတာကို AFP သတင်းတပုဒ်မှာ ကိုးကား ရေးသားထားပါတယ်။

ဒါပေမဲ့ အရှေ့တီမော သမ္မတ ရာမို့စ် ဟော်တာကတော့ မြန်မာနဲ့ အရှေ့တီမော နိုင်ငံအကြား ဆက်ဆံရေး တိုးမြှင့်ချင်ကြောင်း၊ နှစ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေး တိုးတက်စေဖို့အတွက် အရှေ့တီမော နိုင်ငံခြားရေးဝန်ကြီး ဇာကာရီယပ်စ် ဒါ ကော့စ်တာ (Zacarias Da Costa) ဟာ စီးပွားရေး ကိုယ်စားလှယ်အဖွဲ့ တဖွဲ့နဲ့အတူ မြန်မာနိုင်ငံကို မကြာခင် သွားရောက်မှာဖြစ်ကြောင်း၊ ခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံနဲ့ ခိုင်မာတဲ့ ကူးသန်းရောင်းဝယ်ရေး စတင်ဖို့ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

တချိန်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး တွေ့ဆုံဆွေးနွေးရေး စတင်ဖို့ မြန်မာစစ်အစိုးရကို တိုက်တွန်းခဲ့တယ်လို့လည်း ရာမို့စ် ဟော်တာက ပြောကြောင်း AFP သတင်းမှာ ရေးထားပါတယ်။

အရှေ့တီမော သမ္မတ ရာမို့စ် ဟော်တာ ကိုယ်တိုင်ဟာ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် တဦးဖြစ်ပြီး မြန်မာ့အရေးနဲ့ ပတ်သက်လို့ မကြာခဏ ဝေဖန်ပြောဆိုဖူးသူ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ် အရေးယူမှုတွေကို သဘောမတူတဲ့ အကြောင်းလည်း ပြောဆိုခဲ့ဖူးပါတယ်။
source by : ဗွီအိုအေ
ဆက်ဖတ်မယ်...

ထိုင်းတွင် တရားမ၀င်နေသူ ၂ သိန်း ခန့်ကို အမြဲတမ်းနေခွင့်ပေးရန် စီစဉ်

ဘစောတင်| ထိုင်းနိုင်ငံအတွင်း ဆယ်စုနှစ် နှင့်ချီ၍ နေထိုင်ခဲ့သော တရားမ၀င် ရွှေ့ ပြောင်း နေထိုင်သူ နိုင်ငံခြားသား ၂ သိန်း ခန့်ကို အမြဲတမ်း နေထိုင်ခွင့်ပြုရန် ထိုင်းအာဏာပိုင်များက စီစဉ်နေကြောင်း သိရသည်။

ယင်းအစီအစဉ်ကို သြဂုတ်လ (၁၈) ရက်နေ့က ပြုလုပ်သော အစည်းအဝေးပြီးသည့်နောက် ထိုင်းအမျိုးသား လုံခြုံရေး ကောင်စီက ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။

ထိုင်း အမျိုးသား လုံခြုံရေး ကောင်စီ၏ အထွေထွေ အတွင်းရေးမှူး Mr.Thaawil Pliansri က“ထိုင်းနိုင်ငံအတွင်း တရား မ၀င် ရွှေ့ ပြောင်းနေထိုင်နေတဲ့ ၂ သိန်း လောက်ကို အမြဲတမ်း နေထိုင်ခွင့်ပေးဖို့ အစီအစဉ် ရှိပါတယ်။ အဲဒီ လူတွေ ဟာ အနည်းဆုံး ထိုင်းနိုင်ငံမှာ အနှစ် ၂၀ ကနေ ၃၀ လောက် နေထိုင်ပြီးသားတွေ ဖြစ်တယ်။ သူတို့ မွေးဖွားလာမယ့် သားသမီးတွေကတော့ ထိုင်းနိုင်ငံသား ဖြစ်လာနိုင်ပါတယ်”ဟု ပြောကြောင်း ဘန်ကောက်ပို့စ် သတင်းစာ၌ ပါရှိသည်။

ထိုင်းနိုင်ငံအတွင်း အမြဲတမ်းနေထိုင်ခွင့်ရမည့် လူများ၏ အချက်အလက်များစုဆောင်းကာ စာရင်း ပြုစုထားပြီး ဖြစ် ကြောင်း၊ ထိုလူများကို နေထိုင်ခွင့်ပြုခြင်းဖြင့် ထိုင်းနိုင်ငံအတွက် အကျိုးဖြစ်ထွန်းနိုင်မည်ဟု အစိုးရက ယုံကြည် ကြောင်း၊ ထို့အပြင် ၎င်းတို့ထံမှ အခွန်အတုတ်များကိုပါ ကောက်ယူရန်ရှိကြောင်းလည်း သတင်းစာတွင် ပါရှိသည်။

ထိုင်းအမျိုးသား လုံခြုံရေးကောင်စီက ထုတ်ပြန်သော ယခု အစီအစဉ်မှာ အသစ်အဆန်းတခု မဟုတ်ကြောင်း၊ ထိုင်း အစိုးရက ယခင်ကပင် ချမှတ်ပြီးသား စီမံကိန်းတခုသာဖြစ်ကြောင်း ဘန်ကောက်မြို့ရှိ ချူလာလောင်ကွန်း တက္ကသိုလ် နိုင်ငံရေးသိပ္ပံ မဟာဌာနမှ ဒါရိုက်တာ ဒေါက်တာ Naruemon Thabchumpon က ဧရာဝတီသို့ ပြောသည်။

“ထိုင်းနိုင်ငံထဲကို တရားမ၀င် ၀င်လာပြီး နှစ်ပေါင်း နှစ်ဆယ် အစိတ် နေထိုင်ကြတဲ့ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ တရုတ် စတဲ့ လူမျိုးတွေကို ထိုင်းနိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့် အရင်ကတည်းက ပေးထားပြီးပါပြီ။ ဒါဟာ အသစ်တခုမဟုတ်ပါ ဘူး။ အဲဒီလို နေထိုင်တဲ့သူတွေရဲ့ သားသမီးမြေးမြစ်တွေဟာ အခုဆိုရင် ထိုင်းနိုင်ငံသား ဖြစ်နေကြပြီလေ။ အထင်ရှား ဆုံး ကတော့ ဒုတိယ ကမ္ဘာစစ်အပြီး ရွှေ့ ပြောင်းလာကြတဲ့ တရုတ်လူမျိုးတွေနဲ့ အင်ဒိုချိုင်းနား စစ်ပွဲအပြီး ရွှေ့ ပြောင်း နေထိုင်တဲ့ ဗီယက်နမ်တွေ၊ ကမ္ဘောဒီးယားတွေပေါ့ ”ဟု ၎င်းက ဆိုသည်။

အမြဲတမ်းနေထိုင်ခွင့် ရရှိမည့်သူအများစုမှာ နယ်စပ်ဒေသများတွင် မိသားစုလိုက် ရွှေ့ ပြောင်းနေထိုင်သူများသာ ဖြစ် မည်ဟု သိရသည်။ နယ်စပ်ဒေသဖြစ်သော ထဥဘွန်းနှင့် နခွန်ခနုန် ဒေသများတွင် နှစ်ပေါင်း ၂၀ နှင့်အထက် နေထိုင် ခဲ့ကြသော ဗီယက်နမ်လူမျိုးများကို သာဓကအနေဖြင့် ကြည့်နိုင်ကြောင်း ဒေါက်တာ Naruemon က ပြောဆိုသည်။

မကြာသေးမီက ချင်းမိုင်ဒေသတွင် နေထိုင်သော မြန်မာနိုင်ငံသား မိဘများမှ မွေးဖွားသူ စက္ကူလေယာဉ် ချန်ပီယံ မောင်သောင်းဒီ ၏ သာဓကမှာလည်း ယခု စီမံကိန်းတွင် အကျုံးဝင်နေကြောင်း သူက ထောက်ပြသည်။

ထိုင်းနိုင်ငံအတွင်းသို့ တရားမ၀င် ရွှေ့ ပြောင်းဝင်ရောက်လာသူများမှာ မြန်မာနိုင်ငံသား အများစုဖြစ်သည်ကို တွေ့ ရ သည်။ ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျှက်ရှိသော ပြည်နယ်တိုင်းများမှ မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံ အတွင်း နှစ်ပေါင်းများစွာ အခြေချနေထိုင်လျက်ရှိသည်။ စီးပွားရေး ကျတည်းခြင်း။ စစ်ဘေး စစ်ဒဏ်က လွတ်မြောက် ရန် ရှောင်တိမ်းခြင်း၊ အလုပ်လာရောက် လုပ်ကိုင်ခြင်း၊ ဒုက္ခသည်စခန်းများတွင် နေထိုင်ခြင်း စသည်ဖြင့် ပုံစံမျိုးစုံဖြင့် ၀င်ရောက်ကာ ရွှေ့ ပြောင်းနေထိုင်လျက်ရှိကြသည်။

ယခုကြေညာချက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မတီ (TACDB) မှ လက်ထောက် ဒါရိုက်တာ ဦးမြင့်ဝေက ကြိုဆိုကြောင်း ပြောဆိုသည်။

“ဒီလုပ်ရပ်က ထိုင်းနိုင်ငံကိုလည်း အကျိုးပြုမှာဖြစ်သလို လူသားချင်းစာနာမှုနဲ့ ကူညီရာလည်း ရောက်ပါတယ်။ ထိုင်း အစိုးရအနေဲ့  ကုလသမဂ္ဂ စံချိန် စံညွှန်းတွေနဲ့ ထိန်းညှိပြီး ပြုလုပ်နိုင်ရင်တော့ ပိုကောင်းမယ်။ ဒီလို ခိုလှုံလာကြတဲ့ အထဲမှာ ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးအတွက် တိုက်ပွဲဝင်ရင်း နှစ်ပေါင်း ၂၀ မက ၃၀ ကျော်အောင် နေမိလျက်သား ဖြစ်နေသူတွေလည်း ပါတယ်။ ထိုင်းတွေရဲ့ အကျိုးစီးပွားအတွက်ရော အဖိနှိပ်ခံ မြန်မာပြည်သူများဘက်ကိုပါ စာနာတဲ့ နှလုံးသားနဲ့ ကြည့်နိုင်ရင်တော့ ပိုသင့်မယ်ထင်ပါတယ်။ ဒါပေမယ့် ဘာဘဲပြောပြော ကျေးဇူးတင်ရမှာပါ”ဟု ၎င်းက ဆို သည်။

ထိုင်းအမျိုးသား လုံခြုံရေးကောင်စီ အထွေထွေ အတွင်းရေးမှူး၏ ယခု ထုတ်ပြန်ချက်တွင် ဒုက္ခသည် တသိန်း ခန့့် အရေးလည်း ပါဝင်ကြောင်း၊ သို့သော် အဆိုပါ ဒုက္ခသည်များမှာ ထိုင်းနိုင်ငံအတွင်း အခြေချနေလိုသူများမဟုတ်ကြဘဲ တတိယ နိုင်ငံသို့ ရွှေ့ပြောင်း အခြေချနေထိုင်လိုသူများသာ ဖြစ်သဖြင့် အမြဲတမ်းနေထိုင်ခွင့် အစီအစဉ်တွင် အကျုံးဝင် မည် မဟုတ်ကြောင်း သိရသည်။

source by :ဧရာဝတီ
ဆက်ဖတ်မယ်...

တရုတ်မြေပြို၊ ၆၀ ကျော်သေ

ဗွီအိုအေ | တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ရက်ပေါင်းများစွာ မိုးသည်းသည်းထန်ထန် ရွာသွန်းပြီးတဲ့နောက်မှာ မြေပြိုမှုတွေ ဖြစ်ပွားလို့ လူပေါင်း ၆၀ ကျော် ပျောက်ဆုံးနေပါတယ်။

မြေပြိုမှုတွေကြောင့် မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ယူနန်ပြည်နယ် ပူလာဒီမြို့နယ်နဲ့ ဆက်သွယ်ထားတဲ့ လမ်းတွေ၊ လျှပ်စစ်ဓာတ်အားပေး လိုင်းတွေနဲ့ တယ်လီဖုန်းလိုင်းတွေ ပြတ်တောက်သွားတယ်လို့ အရာရှိတွေက ပြောပါတယ်။

မိုးကြီး၊ မြေပြိုမှုကြောင့် ခက်ခက်ခဲခဲ သွားလာနေရသည့် Wenchuan ဒေသခံအချို့။ဓာတ်ပုံ AP


တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့ လပိုင်းတွေ အတွင်းမှာ ရာသီဥတု ကပ်ဘေးဆိုးတွေနဲ့ ကြုံနေခဲ့ရတာမှာ အခု ဗုဒ္ဓဟူးနေ့ မြေပြိုမှုက နောက်ဆုံးဖြစ်ရပ် ဖြစ်ပါတယ်။

Gansu ပြည်နယ်၊ Zhouqu မြို့မှာ အရင်တပတ်က အကြီးအကျယ် ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြောင့် လူပေါင်း ၁,၂၀၀ ကျော် သေဆုံးပြီး ၄၀၀ ကျော် ပျောက်ဆုံးနေပါတယ်။ တောင်ပိုင်းက Sichuan ပြည်နယ် Wenchuan မြို့မှာလည်း မြေပြိုလို့ နောက်ထပ် လူ ၁၅ ဦး သေဆုံးရပါတယ်။

၂၀၀၈ ခုနှစ်မှာ မြေငလျင် ဆိုးဆိုးရွားရွားလှုပ်ပြီး လူပေါင်း ၈၀,၀၀၀ ကျော် သေဆုံးခဲ့တုန်းကလည်း Wenchuan မြို့က ငလျင်ရဲ့ ဗဟိုချက်မ ဖြစ်ခဲ့ပါတယ်။

source by :VOA
ဆက်ဖတ်မယ်...

အီရတ် စစ်သားစုဆောင်းရေး စခန်းမှာ အသေခံ ဗုံးခွဲမှုကြောင့် လူ ၆၁ ဦးသေဆုံး


ဗွီအိုအေ | အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော်က စစ်သားစုဆောင်းရေး ဗဟိုဌာန အပြင်ဘက်မှာ အသေခံ ဗုံးခွဲတိုက်ခိုက်တာ ခံခဲ့ရတဲ့အတွက် အနည်းဆုံး လူ ၆၁ ဦး သေဆုံးပြီး ၁၂၅ ဦးကျော် ဒဏ်ရာရခဲ့တယ်လို့ အီရတ် အာဏာပိုင်တွေက ပြောပါတယ်။

ဘဂ္ဂဒက်မှာ စစ်သား စုဆောင်းရေးအတွက် အင်္ဂါနေ့ကို စာရင်းပေးဖို့ နောက်ဆုံးနေ့အဖြစ် သတ်မှတ်ထားတာမို့ တန်းစီနေကြတဲ့ လူအုပ်ကြီးကို ပစ်မှတ်ထားပြီး ဗုံးခွဲ တိုက်ခိုက်ခဲ့တာလို့ ပြည်ထဲရေး ၀န်ကြီးဌာန အရာရှိတဦးက ပြောပါတယ်။
ဗုံးခွဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသွားသူ တဦးကို သယ်လာစဉ်။ဓာတ်ပုံ AP
ပြီးခဲ့တဲ့ သီတင်းပတ် မွတ်ဆလင်တွေရဲ့ ဥပုသ်လ စတင်ခဲ့ချိန်ကစပြီး ဒါဟာ အသေအပျောက် အများဆုံး အတိုက်အခိုက် ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီဥပုသ်လအတွင်း တိုက်ခိုက်မှုတွေ တိုးပြီး လုပ်မယ်လို့ သူပုန်တွေက ခြိမ်းခြောက်ထားပါတယ်။

ဆက်ဒမ် ဟူစိန် (Saddam Hussein) လက်ထက်က ကာကွယ်ရေး ၀န်ကြီးဌာန အဆောက်အဦးနေရာ အပြင်ဘက်မှာ အကြမ်းဖက်သမားတွေ အခုနောက်ဆုံး ပစ်မှတ်ထား တိုက်ခိုက်တဲ့နေရာ ဖြစ်ပြီး ဆက်တိုက် တိုက်ခိုက်မှုတွေနဲ့ အီရတ် လုံခြုံရေးတပ်တွေရဲ့ စိတ်ဓာတ်ကို စမ်းသပ်နေပါတယ်။

အမေရိကန်တပ်တွေ ဒီလကုန် အီရတ်က ထွက်ခွာမသွားခင် အီရတ်တပ်တွေဟာ လူအင်အား တောင့်တင်းလာဖို့အတွက် လုပ်ဆောင်နေပါတယ်။

အခုလို ဗုံးခွဲ တိုက်ခိုက်မှုတွေ ရှိနေပေမဲ့ အီရတ်နိုင်ငံက အမေရိကန်တပ်တွေ ဆုတ်ခွာပေးမယ့် ကိစ္စမှာ အပြောင်းအလဲတွေ ရှိမှာ မဟုတ်ဘူးလို့ အမေရိကန် သမ္မတ အိမ်ဖြူတော်က ပြောကြားပါတယ်။

source by :VOA
ဆက်ဖတ်မယ်...

မိုက်တိုင်စန် မြန်မာနိုင်ငံတွင် သာသနာပြုမည်

စိုင်းဇွမ်ဆိုင်း| ကမ္ဘာ့အဆိုးဆုံး ပုဂ္ဂိုလ်ဟု လူသိများခဲ့ ကြသည့် ဟဲဗီးဝိတ် ချန်ပီယံဟောင်း မိုက်တိုင်စန်သည် မြန်မာနိုင်ငံသို့ သာသနာပြုရန် သွားရောက်မည် ဖြစ်ကြောင်း သိရှိရသည်။

“ကျနော့်ရဲ့ လူသားချင်း စာနာ ထောက်ထားမှုကို ပြသဖို့အတွက် အမှန်တကယ် အကူအညီ လိုအပ်နေတဲ့သူတွေကို ကူညီ သွားမှာပါ။ ပြီးတော့ မြန်မာနိုင်ငံမှာ တဲလေး ထိုးပြီးနေချင်ပါတယ်” ဟု မိုက်တိုင်စန်က ပြောကြောင်း Express သတင်းစာတွင် ဖော်ပြထားသည်။

မိုက်တိုင်စန်က မြန်မာပြည်တွင် တဲလေးထိုး၍ နေချင်သည်ဟု ဆိုသည်
“သံမဏိ မိုက်” ဟု ကျော်ကြား ခဲ့သည့် လက်ဝှေ့ ချန်ပီယံ ဟောင်းသည် ၎င်း၏ ဘဝတလျှောက် လုံးတွင် ပြဿနာများဖြင့် ရင်ဆိုင်ခဲ့ရသည်။

၁၉၉၂ ခုနှစ်တွင် အလှဘုရင်မ ဒက်စရီ ဝါရှင်တန်ကို မုဒိမ်းပြုကျင့် ခဲ့မှုဖြင့် တရားစွဲဆို ခံရသည်။ တရားခွင် အတွင်း ဂျူရီ လူကြီးများ၏ ၁၀ နာရီကြာ သုံးသပ်မှု အပြီးတွင် အပြစ်ရှိကြောင်း ထင်ရှား သဖြင့် မိုက်တိုင်စန်သည် ထောင်ဒဏ် ၃ နှစ် အပြစ်ပေး ခံခဲ့ရသည်။

၁၉၉၇ ခုနှစ်၊ အီဗန်ဒါ ဟိုလီဖီးလ်နှင့် ယှဉ်ပြိုင် ထိုးသတ် ခဲ့ရာတွင် ဟိုလီဖီးလ်၏ ညာဘက် နားရွက်ကို ကိုက်ဖြတ်ခဲ့မှု ကြောင့်လည်း ဟိုးလေး တကျော်ကျော် ဖြစ်ခဲ့သည်။

မိုက်တိုင်စန်သည် ၎င်း၏ လက်ဝှေ့သမား ဘဝအတွင်း ဝင်ငွေ ယူရို သန်းပေါင်း ၂၆၀ ကျော်ရရှိ ခဲ့ပြီးနောက် ၂၀၀၃ ခုနှစ်တွင် ဒေဝါလီ ခံလိုက်ရသည်။

အသက် ၄၄ နှစ်အရွယ် ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံဟောင်းသည် ၎င်း၏ လုပ်ဆောင်ခဲ့မှုများ အတွက် အရှက်ရနေပြီ ဖြစ်ကြောင်း၊ ကောင်းမွန်သည့် အလုပ်များကိုသာ လုပ်ဆောင် သွားတော့မည် ဖြစ်ကြောင်း ပြောဆိုထား သည်ဟုလည်း သိရှိရသည်။

မိုက်တိုင်စန်က “ဘုရားသခင်ဆီမှာရော၊ တခြားဘာသာတွေမှာရော ကျနော့်နာမည် မပါရင်လည်း ကိစ္စမရှိပါဘူး။ ဒါပေမယ့် လူ့ဂုဏ်သိက္ခာ ဆိုတဲ့ ခေါင်းစဉ်အောက်မှာတော့ ကျနော့်နာမည်ကို ကျန်ခဲ့စေချင်ပါတယ်”ဟု Express သတင်းစာတွင် ပြောဆိုထားသည်။

“ကျနော်ဟာ လူရွှင်တော်လို ဖြစ်နေတယ်။ ဟာသလို ဖြစ်နေတယ်။ ကျနော့်ရဲ့ ကလေးတွေဆီက လေးစားမှုကို ရအောင် ကောင်းရာကောင်းကြောင်းကို လုပ်ချင်ပါတယ်” ဟု မိုက်တိုင်ဆန်က ဆက်လက်ပြောဆိုထားသည်။

မိုက်တိုင်စန်က ၎င်း၏ တတိယဇနီးဖြစ်သူ ကီကီ သည် သူ့ကို လူကောင်းတယောက် ဖြစ်လာအောင် အဓိက ပြုပြင်ခဲ့သူ ဖြစ်ကြောင်း ပြောသည်။

“ကျနော် ကျန်းမာပျော်ရွှင်နေအောင်၊ တခြားသူတွေ ကျနော့်ကို ပိုပြီး ချစ်လာကြအောင် လုပ်ဆောင်တဲ့နေရာမှာ ကီကီ က စိတ်ရောကိုယ်ပါ နှစ်မြှုပ် ထားပါတယ်။ သူ့နေရာမှာသာ အခြားတဦးဆိုရင် သေသွားမှာ အသေအချာပါပဲ” ဟု မိုက်တိုင်စန်က ပြောဆိုထားသည်။

မိုက်တိုင်စန်ကို ၁၉၆၆ ဇွန်လ ၃၀ ရက်နေ့တွင် မွေးဖွားခဲ့ပြီး လက်ဝှေ့သမား ဘဝကို အသက် ၁၅ နှစ်အရွယ်တွင် စတင်ခဲ့သည်။ ကမ္ဘာ့လက်ဝှေ့ကောင်စီ (WBC)၊ ကမ္ဘာ့လက်ဝှေ့အဖွဲ့ချုပ် (WBA) နှင့် အပြည်ပြည်ဆိုင်ရာ လက်ဝှေ့အဖွဲ့ချုပ် (IBF) တို့တွင် မိုက်တိုင်စန်သည် ကမ္ဘာ့အသက်ငယ်ဆုံး ဟဲဗီးဝိတ်ချန်ပီယံ အဖြစ် မှတ်တမ်းတင်ခံခဲ့ရသည်။ ပထမဆုံး ဟဲဗီးဝိတ် ချန်ပီယံဖြစ်ချိန်တွင် မိုက်တိုင်စန်သည် အသက် ၂၀ သာရှိသေးသည်။

source by :ဧရာဝတီ
ဆက်ဖတ်မယ်...

ပါကစ္စတန် ရေကြီးမှုမြင်ကွင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တုန်လှုပ်

အခု ပါကစ္စတန်နိုင်ငံမှာ ကြုံတွေ့ရတဲ့ ဆိုးရွားလှတဲ့ သဘာဝဘေးအန္တရာယ်မျိုး ဘယ်တုန်းကမှ မတွေ့ခဲ့ရဖူးဘူးလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောလိုက်ပါတယ်။ ခုလို မထင်မှတ်ဘဲ ကြုံတွေ့ရတဲ့ ရေဘေး အန္တရာယ်ကြောင့် ဒုက္ခရောက်နေကြတဲ့ ပါကစ္စတန်နိုင်ငံသားတွေအတွက် နိုင်ငံတကာရဲ့ လူသားချင်းစာနာတဲ့ ကူညီထောက်ပံ့မှုတွေ အကြီးအကျယ် လိုအပ်နေတယ်လို့လည်း သူက ပြောပါတယ်။ ပါကစ္စတန် တောင်ပိုင်းနဲ့ အလယ်ပိုင်းက အဆိုးရွားဆုံး ရေဘေးဒဏ်သင့်နေရာတွေကို ကိုယ်တိုင် သွားရောက်ခဲ့ပြီး ပါကစ္စတန် ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့ပြီးတဲ့နောက် သတင်းထောက်တွေကို ကုလသမဂ္ဂ အတွင်းရေမှူးချုပ် ဘန်ကီမွန်းက အခုလို ပြောသွားခဲ့တာဖြစ်တယ်လို့ အစ္စလာမ်မာဘတ်မြို့ကနေ Ayaz Gul က ဗွီအိုအေ အတွက် သတင်းပေးပို့ထားပါတယ်။ အပြည့်စုံကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ် ၃ ပတ်အတွင်း ပါကစ္စတန်သမိုင်းမှာ အဆိုးရွားဆုံး ကြုံတွေ့ရတဲ့ ရေဘေး အန္တရာယ်သင့် နေရာတွေကို မစ္စတာ ဘန်ကီမွန်း ကိုယ်တိုင်သွားရောက် ကြည့်ရှုခဲ့တာပါ။ အဲဒီလို အဆိုးရွားဆုံး ရေလွှမ်းမိုးခံရတဲ့ ဒေသတွေကို သူ သွားရောက်ခဲ့ပြီးတဲ့နောက် သတင်းထောက်တွေနဲ့ တွေ့ဆုံ စကားပြောခဲ့ရာမှာ မစ္စတာ ဘန်ကီမွန်းက - လူသားချင်း စာနာ နားလည်တဲ့စိတ်နဲ့ သူ အခုလို ရောက်လာရတာဖြစ်သလို ပါကစ္စတန်အစိုးရ၊ ပြည်သူလူထုတွေနဲ့ ကုလသမဂ္ဂက အတူရှိနေတယ်ဆိုတာကို အားပေးဖို့အတွက် ဖြစ်တယ်လို့ ပြောသွားပါတယ်။

“ဒီကနေ့ ကျနော် တွေ့မြင်ခဲ့ရတဲ့ သဘာဝဘေးဆိုးကြီးရဲ့ ဒုက္ခတွေကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ ကမ္ဘာအရပ်ရပ်က သဘာဝဘေးဆိုးသင့် နေရာတွေကို ကျနော် အရင်ကလည်း သွားပြီး ကြည့်ဖူးပါတယ်။ ဒါပေမဲ့ ဒီလောက်ဆိုးရွားတဲ့ အခြေအနေမျိုး မတွေ့ခဲ့ရဖူးပါဘူး။ အခု ရေဘေးအန္တရာယ်ရဲ့ ထိခိုက်ပျက်စီးမှု ပမာဏက ကြီးမားလွန်းပါတယ်။ နေရာ အတော်များများမှာ လူတွေ အမြောက်အများ ထိခိုက်ပျက်စီးခဲ့ရတယ်။ အကူအညီတွေလည်း အများကြီး လိုအပ်နေပါတယ်။”

ရေဘေးဒဏ်သင့် ဒုက္ခသည် သန်း ၂၀ လောက်ရှိပြီး ဒါဟာ တိုင်းပြည်ရဲ့ ၅ ပုံတပုံ လူဦးရေဖြစ်တယ်လို့ မစ္စတာ ဘန်ကီမွန်းက ပြောပါတယ်။

“မြို့တွေ ရွာတွေ ထောင်နဲ့ချီပြီး ရေလွှမ်းတာ ခံလိုက်ရတာပါ။ လမ်းမတွေ၊ တံတားတွေ၊ အဆောက်အဦးတွေ၊ ကောက်ပဲသီးနှံတွေ၊ သန်းနဲ့ချီတဲ့ ကြက်ဝက်တိရစ္ဆာန်တွေ အားလုံး ထိခိုက်ပျက်ဆီးသွားခဲ့ပါတယ်။ လူတွေက ကျွန်းငယ်လေးတွေပေါ်မှာ ဘေးမှာလည်း ရေပတ်လည်ဝိုင်းလျက်နဲ့ စုပြုံ ပိတ်မိနေကြပါတယ်။ မသန့်ရှင်းတဲ့ရေတွေကို သူတို့ သောက်နေကြရတယ်။ ဒီဘေးဆိုးကြီး တော်တော်နဲ့ရပ်သွားမယ့်ပုံလည်း မရှိပါဘူး။ မိုးက ရွာနေတုန်းဖြစ်သလို နောက်ထပ် သီတင်းပတ်အတော်များများ ဆက်ပြီး ရွာဦးမယ့်ပုံပါ။ ရေကာတာကြီးတွေ ပေါက်ထွက်နိုင်တဲ့ စိုးရိမ်ရတဲ့ အခြေအနေမှာလည်း ရှိနေပြန်ပါတယ်။”

အကူအညီ အကြီးအကျယ် လိုအပ်နေတဲ့ ရေဘေးသင့် ဒုက္ခသည်တွေအတွက် အရေးပေါ် အမိုးအကာ၊ အစားအစာနဲ့ သောက်ရေသန့်တွေ အမြန်ဆုံးနည်းနဲ့ အရောက်ပို့ပေးနိုင်ဖို့ ကုလသမဂ္ဂနဲ့ ကူညီထောက်ပံ့ရေးအဖွဲ့တွေက အစွမ်းကုန် ကြိုစားနေကြတယ်လို့ မစ္စတာ ဘန်ကီမွန်း က ပြောပါတယ်။ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေကို နိုင်ငံတကာက အခုထပ်ပိုပြီးတော့ ပေးကြဖို့ကိုလည်း သူက တိုက်တွန်းလိုက်ပါတယ်။

“မထင်မှတ်ဘဲ ကြုံတွေ့ရတဲ့ ဒီသဘာဝဘေးဆိုးကြီးကြောင့် အကူအညီတွေလည်း အတိုင်းအဆမရှိ လိုအပ်နေပါတယ်။ အခုလို ရေဘေးအန္တရာယ်က ကြီးမားလှတာကြောင့် ဒီပမာဏနဲ့ညီမျှတဲ့ အကူအညီတွေကလည်း အကြီးအကျယ် လိုအပ်နေပါတယ်။”

ရက် ၉၀ အတွင်း ရေဘေးသင့်ဒေသတွေက ဒုက္ခသည်တွေအတွက် အရေးပေါ်အကူအညီတွေ ပေးနိုင်ဖို့ အမေရိကန်ဒေါ်လာ သန်း ၄၆၀ နီးပါး နိုင်ငံတကာက ပေးလှူကြဖို့ ကုလသမဂ္ဂက မေတ္တာရပ်ခံထားပါတယ်။ ဒါပေမဲ့ အခုချိန်ထိ လိုအပ်တာရဲ့ ၂၀ ရာခိုင်နှုန်းပဲ ရသေးပြီး နိုင်ငံတကာ အထောက်အကူတွေ နှေးကွေးနေတယ်လို့ ကုလသမဂ္ဂ တာဝန်ရှိသူတွေက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုက ဒေါ်လာ ၇၆ သန်း အကူအညီပေးခဲ့ပြီး ဖြစ်ပါတယ်။ ကူညီထောက်ပံ့ရေး လုပ်ငန်းတွေမှာ သုံးဖို့ ရဟတ်ယာဉ်တွေကိုလည်း အမေရိကန်က ပါကစ္စတန်ကို ပို့ပေးခဲ့ပါတယ်။ ရေဘေးဒုက္ခသည်တွေအတွက် ကုလသမဂ္ဂက နောက်ထပ် ဒေါ်လာ ၁၀ သန်း နဲ့ စုစုပေါင်း ဒေါ်လာ ၂၇ သန်းအထိ တိုး လှူဖို့ မစ္စတာ ဘန်ကီမွန်းက ကတိပေး ပြောခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံက လိုအပ်ချက်တွေကို ဆွေးနွေးဖို့ကြမယ့် ကြာသပတေးနေ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ သူ ပြန်လည် အစီရင်ခံတာတွေ လုပ်သွားမယ်လို့လည်း မစ္စတာ ဘန်ကီမွန်းက ပြောပါတယ်။

“လိုအပ်တဲ့အကူအညီတွေ အားလုံး ပေးနိုင်ဖို့အတွက် ကျနော်တို့ ကြိုးစားသွားပါမယ်။ ခုလို ဘေးဆိုးနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ ပါကစ္စတန်နိုင်ငံသားတွေကို ကူညီဖို့ တကမ္ဘာလုံးက ရှိနေတယ်ဆိုတာကို သတိရကြပါ။”

အခုချိန်မှာ ရေဘေးဒဏ်သင့် ဒုက္ခသည် ၆ သန်းထက်မနဲဟာ နိုင်ငံတကာရဲ့ အကူအညီတွေနဲ့ ရပ်တည်နေရတယ်လို့ ကုလသမဂ္ဂနဲ့ တခြား ကူညီထောက်ပံ့ရေးအဖွဲ့တွေက ပြောပါတယ်။ ရေဘေးကြောင့် သေဆုံးသူ ဦးရေဟာ အရင်ပြောဆိုနေတဲ့ အရေအတွက်ထက် လျော့ပြီး ၁,၄၀၀ လောက်ပဲ ရှိတယ်လို့ ပါကစ္စတန် တာဝန်ရှိသူတွေက ပြောပါတယ်။ ကုလသမဂ္ဂ အရာရှိတွေကတော့ အကူအညီတွေ အချိန်မီ အရောက်မပို့နိုင်ဘူးဆိုရင် ဖျားနာပြီး ငတ်ပြတ်နေသူတွေအကြား ရောဂါတွေဖြစ်ပွားလာနိုင်တာကြောင် နောက်ထပ် သေဆုံးမှုတွေ ဖြစ်လာနိုင်တယ်လို့ သတိပေးနေကြပါတယ်။ ရေဘေးဒဏ်သင့်ဒေသတွေမှာ ရေကြောင့်ဖြစ်တဲ့ ရောဂါတွေ ဖြစ်ပွားနေတာကိုလည်း သူတို့က အတည်ပြု ပြောဆိုခဲ့ကြပါတယ်။


source by :ဗွီအိုအေ
ဆက်ဖတ်မယ်...

တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှု အကြီးအကျယ် ဆင်နွှဲ



ဗွီအိုအေ|တောင်ကိုရီးယား အနောက်ဘက်ခြမ်း ပင်လယ်တွင်းမှာ ရေငုပ်သင်္ဘော အန္တရာယ် ကာကွယ်ရေး စစ်ရေးလေ့ကျင့်မှု တရပ်ကို ကြာသပတေးနေ့ကစပြီး မကြုံစဖူး အကြီးအကျယ် ဆင်နွှဲနေကြပြီလို့ တောင်ကိုရီးယား စစ်တပ်က ပြောဆိုလိုက်ပါတယ်။

မတ်လတုန်းက တောင်ကိုရီးယား ရေတပ်က ချိုနန်စစ်ရေယာဉ် နစ်မြုပ်ခဲ့တဲ့ နေရာ ပင်လယ်တွင်းမှာ ထောင်နဲ့ချီတဲ့ ရေတပ်သားတွေက အမြောက်တွေကို ပစ်ဖောက်၊ အသံလှိုင်းနဲ့ ရေအောက်မှာရှိတဲ့ မိုင်းတွေကို ရှာဖွေနိုင်တဲ့ ဘော်ယာတွေကိုလည်း အနှံ့ချခဲ့ကြပါတယ်။

ချိုနန်သင်္ဘော နစ်မြုပ်ခဲ့တဲ့ နေရာနားက နှစ်နိုင်ငံ အငြင်းပွားနေတဲ့ ရေပိုက်နက်အနီး အခုလို စစ်ရေးလေ့ကျင့်တာဟာ တောင်ကိုရီးယား နိုင်ငံဘက်က တုံ့ပြန် ပြသလိုက်တာ ဖြစ်ပါတယ်။

တကယ်လို့ တောင်ကိုရီးယားဘက်က စစ်မီးတောက်လောင်အောင် မီးမွှေးခဲ့မယ်ဆိုရင် စိတ်ကူးလို့တောင် မရနိုင်တဲ့ ထိုးစစ်ဆင်မှုနဲ့ ရင်ဆိုင်ရမယ်လို့ မြောက်ကိုရီးယားနိုင်ငံ နှစ်နိုင်ငံ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေး ကော်မတီက ခြိမ်းခြောက်ချက်ကို ကိုးကားပြီး KCNA မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းက ရေးသားပါတယ်။

မြောက်ကိုရီးယားက ရန်စလာခဲ့ရင် ချက်ချင်းပြန်တိုက်မယ်လို့ တောင်ကိုရီးယားဘက်ကလည်း ကြုံးဝါးနေပါတယ်။

တနင်္လာနေ့အထိ ဆက်လက်ဆင်နွှဲမယ့် စစ်ရေး လေ့ကျင့်မှုကို စစ်သင်္ဘောနဲ့ ရေငုပ်သင်္ဘော အစင်း ၃၀၊ လေယာဉ်အစီး ၅၀ နဲ့ စစ်မှုထမ်းအင်အား ၄,၅၀၀ ပါဝင် ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။

source by :ဗွီအိုအေ
ဆက်ဖတ်မယ်...