စစ်တွေမြို့ တရားသီးစုရပ်ကွက် ထပ်မံ မီးရှို့ခံရ
“ဘင်္ဂလီမူဆလင်တွေက မော်တော်ဘုတ်ကို ကမ်းနဲ့ဝေးတဲ့နေရာမှာ ရပ်ထားခဲ့ပြီး လှေနဲ့ ကမ်းပေါ်တက်ကာ ကမ်းနဲ့နီးတဲ့ အိမ်တွေကို စရှို့တာ ရွာခံသားတွေနဲ့ လုံခြုံရေးတွေ လိုက်တော့ မြစ်ထဲ ပြန်ဆင်းပြေးသွားကြတယ်။
မီးက တော်တော်လည်းကြောက်ဖို့ ကောင်းအောင်ကို အရှိန်ပြင်းတာ၊ မီးသတ်ကားနဲ့ မနိုင်လို့ လူတွေ အကုန်လုံး ၀ိုင်းပြီးတော့ငြိမ်းတာ။ မီးလေး နည်းနည်းငြိမ်းသွားပြီး မိုးရွာတော့ လူတွေလည်း နည်းနည်းပါးသွားချိန်မှာ အဲဒီ ဘင်္ဂလီမူဆလင်တွေ နောက်တစ်ခေါက် ကမ်းတက် မီးရှို့ဖို့ ကြိုးစားသေးတယ် လူတွေ ၀ိုင်ပြီးလိုက်တော့ ကမ်းပေါ်မတက်နိုင်ခဲ့ဘဲ ပြန်ပြေးသွားကြတယ်။
မြစ်ထဲအထိ လိုက်ဖို့က ကမ်းမှာ ဘာလှေမှ မရှိတော့ လိုက်လို့ မရလိုက်တော့ဘူး”ဟု တရားသီးစု ရပ်ကွက်သား တစ်ဦးက Arakan Times သို့ ပြောပြသည်။
ယခုကဲ့သို့ ထပ်မံမီးရှို့ခံရခြင်းမှာ လုံခြုံရေးများ ပေါ့ဆမှုကြောင့်ဖြစ်ပြီး အရပ်သားများအား ယခင်ကဲ့သို့ လေးယောက် တစ်ဖွဲ့စီ ကင်းစောင့်ခွင့်များကိုလည်း ပိတ်ပင် ထားသောကြောင့်ဟု ဒေသခံများက ပြောဆိုနေကြသည်။
“အခု စစ်တပ်က အကုန်လုံးကို သူတို့ အာဏာလွှမ်းမိုးထားသလိုဖြစ်နေပြီ ရဲတွေလည်း သူတို့ လက်အောက်ကိုရောက်သွားပြီ၊ အဲဒီတော့ စစ်တပ်က လူတွေကို အယင်နေ့တွေလို လေးယောက် တစ်ဖွဲ့စီ ကိုယ့်ရပ်ကွက်မှာကိုယ် ကင်းစောင့်တာကို ခွင့်မပြုတော့ဘဲ သူတို့ လုံခြုံးရေးနဲ့ သူတို့ စောင့်တော့ နေရာစုံမှာ လုံခြုံရေး မယူနိုင်တော့ဘူး။
ပြီးတော့ လုံခြုံရေးတွေက လုံခြုံရေးယူတယ်လို့သာပြောတယ် အရက်သောက်နေပြီး မူးနေကြတယ်။
မြစ်ကမ်းမှာ သူတို့စောင့်နေတာဘဲ၊ ဘာဖြစ်လို့ ဘင်္ဂလီမူဆလင်တွေ ကမ်းတက်လာတာကို မတွေ့တာလဲ မေးစရာရှိတယ်”ဟု စစ်တွေမြို့ခံ တစ်ဦးမှ ပြောပြသည်။
ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ-၁၄၄အမိန့်မှာ ပြည်သူများအတွက် လုံခြုံမှုကို မပေးနိုင်သည့်အပြင် ပြည်သူတွေကို အမြဲတမ်း ထိတ်လန့် ခြောက်ခြားမှုတွေကို ပေးနေသလို ဖြစ်နေတယ်ဟု ဒေသခံများက ပြောဆို နေကြသည်။
source by : http://arakantimes.net
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment