6/25/2012

ဦးအောင်ဆန်းဦးရဲ့ စွဲဆိုမှုကို အမိန့်ချမှတ်

 _bbc_304x171
 ဦးအောင်ဆန်းဦးနဲ့ ဇနီး

မြန်မာနိုင်ငံ မှ အပတ်စဉ် စာစောင် Favourite News မှာ ဦးအောင်ဆန်းဦး က ဒေါ်အောင်ဆန်းစုကြည် အပေါ် အမွေပုံ ခွဲဝေ စီမံမှု အရ တရားစွဲခဲ့တာ နဲ့ ပတ်သက်ပြီး ရန်ကုန် အနောက်ပိုင်း ခရိုင် တရားရုံးတော်မှ ဇွန်လ ၂၂ ရက် နေ့ က သား နဲ့ သမီး ဖြစ်ကြလို့ အညီအမျှ ရစေ၊ တဝက်စီ ခွဲဝေယူစေ လို့ အမိန့်ချမှတ် လိုက်ပါတယ်။

မြန်မာ့ဓလေ့ ထုံးတမ်း ဥပဒေ အရ မိဘ အမွကေို ကျန်ရစ်သူ သားသမီး တွေ အနေနဲ့ အမွေပုံ စီမံခန့်ခွဲ ရာမှာ ရွှေ့ပြောင်း နိုင်တဲ့ ပစ္စည်း၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်း စတာတွေ ခွဲဝေရာမှာ သီးခြား ဥပဒေ ရှိကြောင်း အာရှ လူ့အခွင့်အရေး ကော်မရှင် မှ မြန်မာ့ အရေး တာဝန်ခံ ဦးမင်းလွင်ဦး က ဘီဘီစီ ကို ရှင်းပြပါတယ်။

၁၉၅၃ ခုနှစ် မရွှေ့မပြောင်းနိုင် သော ပစ္စည်း များလွှဲပြောင်းရေး ဥပဒေ အရ လိုက်နာ ဆောင်ရွက်ရာမှာ နိုင်ငံခြားသား မှ တောင်းဆိုခွင့် မရပါ။ ရွှေ့ပြောင်း နိုင်သော ပစ္စည်း စတဲ့ မော်တော်ကား၊ လက်ဝတ်ရတနာ၊ အတွင်းပစ္စည်း နဲ့ငွေကြေး စတဲ့ အပေါ် မှာသာ မြန်မာ့ ဓလေ့ ထုံးတမ်းဥပဒေ အရ အညီအမျှ ခွဲဝေ ပေးနိုင်ကြောင်း ဦးမင်းလွင်ဦး က ပြောပါတယ်။

ရွှေ့ပြောင်း နိုင်တဲ့ ပစ္စည်း ဆိုရာမှာ အိမ်ယာမြေ၊မြေပေါ်မှာ စွဲကပ်နေတဲ့ ပစ္စည်းတွေနဲ့ ပတ်သက်ရင် ၁၉၅၃ ခု ဥပဒေ အရ ဆောင်ရွက်ရာမှာ ဦးအောင်ဆန်းဦးက အမေရိကန် နိုင်ငံသား အဖြစ် ခံယူပြီးပါက မိဘ အမွေကို တဝက်ပိုင်ဆိုင်ရှိ တယ်လို့ ဥပဒေ က ဆုံးဖြတ်ပေမယ့် နေအိမ် ပိုင်ဆိုင်မှု အပေါ် အခွင့်အရေး တောင်းဆို လို့ မရနိုင်ကြောင်း အာရှ လူ့အခွင့်အရေး ကော်မရှင် မှ မြန်မာ့ အရေး တာဝန်ခံ ဦးမင်းလွင်ဦး က ဘီဘီစီ ကို ရှင်းပြပါတယ်။

source by :http://www.bbc.co.uk

0 ယောက်ရဲ့ထင်မြင်ချက်: