6/20/2012

ရာစုနှစ်ရဲ့ သြဇာကြီးမားတဲ့ သတင်းစာဆရာတဦး၏ ဈာပန အခမ်းအနား(ရုပ်/သံ)



ဝါရင့် သတင်းစာဆရာကြီး လူထုဦးစိန်ဝင်းရဲ့ ဈာပန အခမ်းအနားကို ဒီကနေ့ ဇွန်လ ၁၉ ရက်နေ့ နေ့လယ် ၂း၀၀ နာရီအချိန်က ရေဝေးသုဿန်မှာ ပို့ဆောင် မီးသင်္ဂြိုလ်ခဲ့ပါတယ်။ အဲ့ဒီ ဈာပန အခမ်းအနားကို ဝါရင့်သတင်းစာဆရာများ၊ နိုင်ငံရေးသမားဟောင်းကြီးများနဲ့ စာနယ်ဇင်းလောကမှ သတင်းစာဆရာများ၊ ကျောင်းသားဟောင်းများ၊ လူမှုရေးအဖွဲ့အစည်းများနဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ တက်ရောက် ဂါရဝပြုခဲ့ကြပါတယ်။

 ဆရာကြီး လူထု ဦးစိန်ဝင်းဟာ ကျန်းမာရေး အခြေအနေ အရ နှာခေါင်းမှာ အောက်ဆီဂျင်ပိုက် တပ်ဆင်ထားရပြီး ညာဘက် ကိုယ်တခြမ်း လေဖြန်းနေတဲ့အတွက် ဘယ်လက်နဲ့ စာရေးကျင့်ပြီး စာပေတွေကို ရေးသားနေခဲ့သူ ဖြစ်ပါတယ်။ စာနယ်ဇင်းလောကမှာ သြဇာ အာဏာရှိတဲ့ သတင်းစာ ဆရာတဦးဖြစ်ပြီး သူ့ရဲ့ ဆောင်းပါးတွေအတွင်း လူငယ်တွေအတွက် စိတ်ဓာတ် တက်ကြွဖွယ်ရာ အတွေး အမြင်တွေနဲ့ နိုင်ငံရေး အသိအမြင်တွေကို အပတ်စဉ်ထုတ် ဂျာနယ်တွေမှာ စဉ်ဆက်မပြတ် ဖော်ပြ ရေးသားခဲ့သူလဲ ဖြစ်ပါတယ်။

ဆရာကြီးဟာ ကွယ်လွန်ချိန်မှာ အသက် ၇၂ နှစ်ရှိပြီ ဖြစ်ပြီး ဇွန်လ ၁၇ ရက်နေ့ ည ၁၁း၃၀ နာရီအချိန် ရန်ကုန်မြို့ ရွှေဂုံတိုင်အထူးကုဆေးရုံမှာ နာတာရှည် အဆုတ်ရောဂါနဲ့ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။






source by : http://www.youtube.com/user/BurmaVJMedia

0 ယောက်ရဲ့ထင်မြင်ချက်: