Showing posts with label နောက်ဆုံးရသတင်း. Show all posts
Showing posts with label နောက်ဆုံးရသတင်း. Show all posts

ပိတ်ထားတဲ့ ဝက်ဘ်ဆိုက်တွေ ပြန်ပွင့်နေ

ထွန်းထွန်း | ပြည်ပအခြေစိုက် မြန်မာသတင်းဌာနများ၏ အင်တာနက် ဝက်ဘ်ဆိုက်များ အပါအဝင် ပိတ်ပင်ထားခဲ့သော ဝက်ဘ်ဆိုက်အများစုကို မြန်မာနိုင်ငံတွင်းမှ ကြာသပတေးနေ့မှစတင်၍ တိုက်ရိုက် ဖတ်ရှု၍ ရနေပြန်သည်။

သို့သော် မဇ္ဈိမ သတင်းဌာန၏ အင်္ဂလိပ်၊ မြန်မာဝက်ဘ်ဆိုက်များကိုမူ ကုမ္ပဏီအများစုသို့ ဦးတည်ချပေးသော
နိုင်ငံပိုင် မြန်မာ့ဆက်သွယ်ရေး MPT အင်တာနက်လိုင်းတွင် ဖွင့်မရသေးဘဲ ရတနာပုံလိုင်းတွင်သာ ကြည့်ရှုရနိုင်
သည်ဟု ရန်ကုန်မြို့ခံ အင်တာနက် သုံးစွဲသူများက ဆိုသည်။

MPT နှင့် ရတနာပုံတယ်လီပို့စ်လိုင်း နှစ်ခုစလုံး၌ ဒီဗီဘီ၊ ဧရာဝတီတို့၏ ဝက်ဘ်ဆိုက်များ ဖွင့်လှစ်ရနေပြီ ဖြစ်သည်။

ပြည်တွင်းမှ မဇ္ဈိမဝက်ဆိုဒ်သတင်းကို ဖတ်ရှု့နေသည်ကိုတွေ့ရစဉ် (ဓါတ်ပုံ မဇ္ဈိမ)

မြန်မာပိုင်း ရေဒီယိုအသံလွှင့်ဌာနများ သီးခြားရှိသော RFA, BBC နှင့် VOA တို့၏ အင်တာနက် ဝက်ဘ်ဆိုက်များ
လည်း ပွင့်နေပြီး ဘလော့ဂ် ရေးသားနိုင်သော Blogspot, Blogger နှင့် ဗီဒီယိုမျှဝေသော YouTube ဝက်ဘ်ဆိုက်၊ Hotmail, Yahoo များမှာလည်း လိုင်းနှစ်ခုစလုံး၌ ဖွင့်၍ ရနေသည်။ ဂါးဒီးယန်း၊ ဘန်ကောက်ပို့စ်၊ ရိုက်တာ၊ CNN စသည့် နိုင်ငံခြား သတင်းဌာန ဝက်ဘ်ဆိုက် အားလုံးလည်း ပွင့်နေသည်။

မြန်မာအစိုးကို ထောက်ပြ ဝေဖန်လေ့ ရှိသည့် သတင်းဝက်ဘ်ဆိုက်များ၊ ဘလော့ဂ်များကို ၂ဝဝဝ ပြည့်နှစ်
ကတည်းက ပိတ်ပင်ထားခဲ့ပြီး အချို့ကိုမူ ၂ဝဝ၇ ခုနှစ် “ရွှေဝါရောင်တော်လှန်ရေး” ကာလမှစ၍ ပိတ်ထားခဲ့ခြင်း
ဖြစ်သည်။

ယခုပြန်ပွင့်နေချိန်မှာ အစိုးရအဖွဲ့က ပထမဆုံးအကြိမ်ပြုလုပ်သည့် နိုင်ငံတကာ ဒီမိုကရေစီနေ့ ကျင်းပနေချိန်နှင့် တိုက်ဆိုင်နေသည်။ သြဂုတ်လကုန်ပိုင်းကလည်း ပြည်ပအခြေစိုက် သတင်းဌာနအချို့၏ ဝက်ဘ်ဆိုက်များ ကြည့်ရှုခွင့် ရခဲ့သော်လည်း ရက်ပိုင်းအတွင်းပင် ပြန်လည်ပိတ်သွားခဲ့သည်။

သို့သော်လည်း Proxy ခေါ် ကြားခံဆာဗာကို အသုံးပြု၍ ပိတ်ပင်ထားသော ဝက်ဆိုက်များ ဖတ်ရှုလေ့လာမှုမှာ အမြဲရှိနေသည်။

“ဒါကတော့ စမ်းနေတဲ့ သဘောလို့ ကျနော်တော့ ထင်တယ်။ ဖွင့်လိုက်တဲ့အချိန်မှာ ဘယ်နှစ်ယောက် ဝင်သုံးတာလဲ ဆိုတာ သိချင်လို့လည်း ဖြစ်နိုင်တယ်။ နောက်ပြီး ဒီမှာက ဘယ်နေရာပဲ ကြည့်ကြည့်၊ ဖွင့်လိုက် ပိတ်လိုက်ပဲလေ။” ဟု ပြည်တွင်းအခြေစိုက် အယ်ဒီတာတဦးက ရှုမြင်သည်။

အင်တာနက်မြန်နှုန်းမှာမူ ယခင်ကထက် လျော့ကျနေပြီး နေရာအချို့တွင် အမြင့်ဆုံး ၁ဝ kbps သာ ရှိသည်ဟု သိရသည်။

“ Gtalk ကို ကျနော် ဝင်နေတာ မိနစ် ၃ဝ ရှိပြီ။ မရသေးဘူး” ဟု တောင်ဥက္ကလာပမြို့နယ်ရှိ အင်တာနက် ပိုင်ရှင် တဦးက ပြောသည်။

မြန်မာနိုင်ငံတွင် အမြင့်ဆုံးမြန်နှုန်းမှာ ၅၁၂ kbps အဆင့်သာရှိပြီး လာမည့်နှစ်တွင် ၁ Mps အထိ တိုးမြှင့်သွားရန် စီစဉ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အင်တာနက်သုံးစွဲသူပေါင်း ၄ သိန်းကျော်ခန့်ရှိပြီး၊ မှတ်ပုံတင်ထားသော အများပြည်သူသုံး အင်တာနက်ဆိုင် PAC ပေါင်း ၈ဝ၂ မြန်မာအင်ဖိုတက်ခ်၏ ၂ဝ၁၁ ဖေဖော်ဝါရီလကုန် စာရင်းများအရ သိရသည်။

PAC လိုင်စင် လျှောက်ထားရာတွင်လည်း ပြည်ပ သတင်းမီဒီယာများကို ဝင်ရောက် မကြည့်ရှုရန်အတွက် စည်းကမ်းချက်များဖြင့် ကန့်သတ်ထားခဲ့ပြီး နိုင်ငံတော် လုံခြုံရေးနှင့် အကျိုးစီးပွားကို ထိခိုက်စေမည့် သတင်း အချက်အလက်များကို ပေါက်ကြားမှု မရှိစေရန် ဆောင်ရွက်ရမည်ဟု ကန့်သတ်ထားသည်။ ယခု အဆိုပါ စည်းကမ်းများကို ရုပ်သိမ်းမှု ရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
source by :မဇ္ဈိမ
ဆက်ဖတ်မယ်...

ဗိုလ်ချုပ်မှူးကြီးနှစ်ဦး ရာထူးမှ နုတ်မထွက်သေး


NEJ | နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ စစ်ဘက်ဆိုင်ရာရာထူးမှ နုတ်ထွက်ကြောင်း သတင်းများ ထွက်ပေါ်နေခြင်းသည် ကောလာဟလသာဖြစ်ကြောင်း နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာနမှ ထိပ်တန်းအရာရှိတဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။

ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင်အား ပြည်ထဲရေးဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုအား ကာကွယ်ရေးဝန်ကြီးအဖြစ် နောင်တက်မည့် အစိုးရသစ်အတွက် ကြိုတင်လျာထားခြင်းသာဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

ပြီးခဲ့သည့် သြဂုတ် (၂၇) ရက်၌ တပ်မတော်အစိုးရအတွင်း တပ်မမှူးရာထူးအဆင့်မှစကာ စစ်ဗိုလ်ချုပ်များ နေရာအပြောင်းအလဲ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

“အပြောင်းအလဲလုပ်ခဲ့ကြတာများတယ်။ အတိအကျတော့ပြောလို့မရဘူး။ ဒါပေမယ့် သူရရွှေမန်းကတော့ အနားပေးတဲ့ အပြောင်းအလဲမှာပါတယ်။ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးလည်း ပါတယ်” ဟု ၎င်းက ပြောသည်။

စစ်ဘက်ဆိုင်ရာရာထူးမှ အပြောင်းအလဲလုပ်လိုက်သူများအနက် ဒု-ဗိုလ်ချုပ်ကြီးအဆင့်ရှိသူ (၁၅) ဦးခန့် ပါဝင်ကြောင်း၊ ၎င်းတို့နေရာကို ဗိုလ်ချုပ်အဆင့် ရာထူးရှိသူများနှင့် အစားထိုးခဲ့ကြောင်း အဆိုပါအရာရှိဖြစ်သူက ပြောကြားသည်။

နအဖထိပ်သီးစစ်ခေါင်းဆောင် နှစ်ဦးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့အပါအ၀င် စစ်ခေါင်းဆောင်များ စစ်ဘက်ရာထူးများမှ နုတ်ထွက်ကာ အရပ်ဘက်သို့ ကူးပြောင်းလိုက်သည်ဆိုသည့် သတင်းများ ပြီးခဲ့သည့် သြဂုတ် (၂၇) ရက်တွင် ထွက်ပေါ်ခဲ့သည်။

ယင်းသတင်းထွက်ပေါ်ချက်နှင့်ပတ်သက်၍ နအဖစစ်အစိုးရက တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

ရန်ကုန်မှ လာသည့် ရိုက်တာသတင်းတပုဒ်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် ဗိုလ်ချုပ်ရွှေမန်းတို့ စစ်ဘက်ရာထူးများမှ အနားယူသွားသည်ဟု စစ်ဘက်သတင်းရပ်ကွက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။

အေအက်ဖ်ပီသတင်းတွင်မူ အမည်မဖော်လိုသူ စစ်ဘက်ဆိုင်ရာ အရာရှိတဦးကို ကိုးကားပြီး ဗိုလ်ချုပ်ရွှေမန်းအပါအ၀င် တပ်အရာရှိပေါင်း (၇၀) ကျော်တို့ တပ်တွင်းရာထူးအပြောင်းအလဲ လုပ်လိုက်ကြောင်း ရေးသားထားသည်။ သို့သော် အဆိုပါအရာရှိက ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ ရာထူးမှ နုတ်ထွက်သည့်သတင်းကို ငြင်းဆိုခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးနှစ်ဦး မကြာမီ ရာထူးမှ အနားယူဖွယ်ရှိကြောင်းသာ ပြောကြားခဲ့သည်။

ယင်းသို့ သတင်းများထွက်ပေါ်ခဲ့မှုနှင့်ပတ်သက်၍ သြဂုတ် (၂၇) ရက်၌ စစ်ဘက်ရာထူးမှ နုတ်ထွက်သွားသူများသည် ယခုနှစ် နိုဝင်ဘာ ( ၇) ရက်နေ့တွင် ကျင်းပမည့်ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာန သတင်းရပ်ကွက်မှ သိရသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရွေးကောက်ပွဲပြီးသည်ထိ အာဏာဆက်လက် ရယူထားနိုင်ကြောင်းလည်း နိုင်ငံရေးအကဲခပ်များက ဝေဖန်ပြောဆိုနေကြသည်။
source by :NEJ
ဆက်ဖတ်မယ်...

ကမ္ဘာ့ဖလားပွဲစဉ်နောက်ဆုံး အုပ်စုရလပ်များနှင့် နောက်လာမည့်ပွဲစဉ်များ

အုပ်စု ပွဲများ၏ အနိုင်အရှုံး ရလဒ်များ
Group APWDLFAGDPts
1. ဥရုဂွေ3း2104047
2. မက္ကဆီကို31113214
3. တောင်အာဖရိက311135-24
4. ပြင်သစ်301214-31
Group BPWDLFAGDPts
1. အာဂျင်တီးနာ3း3007169
2. တောင်ကိုရီယာ3း11156-14
3. ဂရိ310225-33
4. နိုက်ဂျီးရီးယာ3း01235-21
Group CPWDLFAGDPts
1. အမေရိကန်31204315
2. အင်္ဂလန်31202115
3. ဆလိုဗေးနီးယာ3း1113304
4. အယ်ဂျီးရီးယာ3း01202-21
Group DPWDLFAGDPts
1. ဂျာမနီ32015146
2. ဂါနာ31112204
3. ၾသစေၾတးလ်311136-34
4. ဆားဘီးယား310223-13
Group EPWDLFAGDPts
1. ဟော်လန်33005149
2. ဂျပန်32014226
3. ဒိန်းမတ်310236-33
4. ကင်မရွန်3း00325-30
Group FPWDLFAGDPts
1. ပါရာဂွေ3း1203125
2. ဆလိုဗားကီးယာ3း11145-14
3. နယူဇီလန်30302203
4. အီတလီ302145-12
Group GPWDLFAGDPts
1. ဘရာဇီ3း2105237
2. ပေါ်တူဂီ31207075
3. အိုင်ဗရီကို့စ်31114314
4. မြောက်ကိုရီးယာ3း003112-110
Group H
PWDLFAGDPts
1. စပိန်32014226
2. ချီလီ32013216
3. ဆွစ်ဇာလန်31111104
4. ဟွန်ဒူးရပ်301203-31


~~~~~~~~~~~~~~ နောက်လာမည့် ပွဲစဉ် အချိန်ဇယား ~~~~~~~~~~~~~~
မြန်မာစံတော်ချိန်











ပွဲစဉ်နေ့အချိန်အသင်းများ
R1J-268:30ဥရုဂွေးနှင့်တောင်ကိုရီယား
R2J-271:00အမေရီကန် နှင့် ဂါနာ
R3J-278:30အင်္ဂလန် နှင့် ဂျာမနီ~
R4J-281:00အာဂျင်တီးနားနှင့်မက္ကဆီကို
R5J-288:30ဟော်လန်နှင့်ဆလိုဗားကီးယား
R6J-291:00ဘရာဇီး နှင့် ချီလီ
R7J-298:30ပါရာဂွေး နှင့် ဂျပန်
R8J-301:00စပိန် နှင့် ပေါ်တူဂီ

ngunngemoe.net
ဆက်ဖတ်မယ်...

မင်္ဂလာဈေးကြီး မီးလောင်မှု နောက်ဆုံရသတင်းနှင့်ဓါတ်ပုံများ

003/004 |ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်ရှိ မင်္ဂလာဈေးကြီး မီးလောင်မှုကို မေလ ၂၄ ရက်နေ့၊တနင်္လာနေ့ နံနက် ၈ နာရီခွဲ ကျော် အချိန် ခန့်တွင်စတုတ္ထထပ်မှ စတင်လောင်ကျွမ်းခဲ့တယ်လို့ သိရှိရပါတယ်။ ဘယ်ကနေ စတင်လောင်ကျွမ်းခဲ့တယ် ဆိုတာကို အသေးစိတ်မသိရှိရသေးပါဘူး။ယနေ့ နံနက် (၂၅၊၅၊၂၀၁၀)၊အင်္ဂါနေ့ - ၄ နာရီခွဲဝန်းကျင်၌ မီးညွန့်အား ထိန်းသိမ်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရှိခဲ့ ရပါသည်။

မီးလောင်းကျွမ်းမှု ဖြစ်စဉ်၌ ၂၄ ရက်နေ့ မွန်းလဲ ၁ နာရီလောက်မှာ စတုတ္ထထပ်ပဲ လောင်စဉ်အချိန်မှာမီးအရှိန်လျှော့ကျခဲ့တဲ့ အတွက် မီးထိမ်းနိုင်ခဲ့ပြီးလို့ အားလုံးကထင်ခဲ့ပါတယ်။ခဏ အကြာမှာတော့ မီးက ဆက်လောင်ပြီး အပေါ်ထပ်ကို ကူးသွားပါတယ်တဲ့။ အပေါ်ထပ်မှာရှိနေတာကတော့ စားသောက်ဆိုင်တွေ၊ အထည်ဂိုဒေါင်၊ ဆေးဂိုဒေါင်တွေနဲ့ ဂက်စ်အိုးတွေ၊ ဆိုဖာခုံတွေများစွာရှိနေတဲ့ အတွက် မီးလောင်အားကို ပိုမိုကောင်းပြီး ၆ နာရီ ကျော် ၀န်းကျင်အချိန်မှာ မီးညွန့်ပြန်အရှိန်ရခဲ့ပါတယ်လို့ သိရပါတယ်။

စတုတ္ထထပ်ကဆိုင်ခန်းတွေဟာ ကျပ်ညှပ်နေတဲ့ အတွက်ရယ်၊ ဆိုင်ခန်းတစ်ခန်းနဲ့ တစ်ခန်းမှာ အလူမီနီယံ တံခါးတွေနဲ့ ကာထား တဲ့ အတွက်ကြောင့် မီးသတ်သည့်အခါ တဖက်ခန်းကို ရေ မရောက်ရှိပဲ အခက်အခဲ များစွာကြုံရတယ်လို့သိရပါတယ်။

ည ၁၁ နာရီခွဲကျော်ကျော် လောက်မှာမီးသတ်တပ်ဖွဲ့ဝင်တွေ စတုတ္ထထပ်ရဲ့တချို့ အခန်းတွေကို ဝင်လို့ရခဲ့တဲ့ အတွက် အခြေအနေကောင်းခဲ့တယ်လို့ သိရပါတယ်။ နံနက် ၄ နာရီခွဲ ၀န်းကျင်မှာ မီးသတ်တပ်ဖွဲ့ဝင်တွေဟာ မီးညွန့်ကို ထိန်းသိမ်းနိုင်ခဲ့ပါတယ် လို့ မီးသတ်တပ်ဖွဲ့ဝင်တစ် ယောက်က ပြောကြားခဲ့တာကို ကိုကားပြီး ဖော်ပြပေးလိုက်ပါတယ်။

မင်္ဂလာဈေး ပါမီးလောင်မှုကို ရန်ကုန်တိုင်းမှ မီးသတ်ယာဉ်များ နှင့် ပဲခူးတိုင်း အခြားမြို့နယ်အသီးသီး မှ မီးသတ်ယာဉ် အစီး ၇ဝ လောက်နှင့် မီးသတ်အင်အား ၁၅၀၀ ကျော်တို့ ၀ိုင်းဝန်းငြိမ်းသတ် ခဲ့တယ်လို့ သိရှိရသည်။

ဓါတ်ပုံများအားလုံးကိုလွယ်ကူစွာကြည့် ရှု့ နိုင်ရန် စုစီးဖော်ပြပေးလိုက်ပါတယ်။



ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်နိုင်ပါသည်။





source by :http://www.khitpyaing.org
http://www.m51a.com
www.first-11.com
http://www.mizzimaburmese.com/
Forward Mail
004,003
ပေးပို့သူအားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။
ဆက်ဖတ်မယ်...