Showing posts with label သီချင်း. Show all posts
Showing posts with label သီချင်း. Show all posts

မင်္ဂလာဒိုး အနုပညာအင်အားစုမှ ရဲရဲတောက်တေးသံချပ်များ(ဂျပန်)


အကြိမ် ၂၀ မြောက် အစဉ်လာမပျက် ဂျပန်ရောက် မင်္ဂလာဒိုး အနုပညာအင်အားစုမှ ရဲရဲတောက်တေးသံချပ်များ စတင်ဖြန့်ချိလိုက်ပါပြီ။

2012 မင်္ဂလာဒိုးအနုပညာ အင်အားစု (ဂျပန်) အဖွဲ့ ၏ရဲရဲတောက်တေးသံချပ်များ 2012ခုရဲ့ မြန်မာပြည် သင်္ကြန်အမှီ တင်ဆက်ဖျော်ဖြေတင်ဆက်နိုင်ရန်အတွက် ဂျပန်နိုင်ငံရောက် မင်္ဂလာဒိုး အနုပညာအင်အားစုမှ နှစ်စဉ် ကျင်းပနေကြ ဂျပန်နိုင်ငံရှိ မြန်မာ့ ရိုးရာ သင်္ကြန် ပွဲ များတွင် တင်ဆက်နေကျ ဒိုးပတ်သံ များဖြင့် နိုင်ငံတကာရောက် မြန်မာမိသားစု များနှင့် မြန်မာပြည်တွင်းမှ အောင်ပွဲရ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို ထောက်ခံအားပေးနေသော မိဘပြည်သူများအတွက် စိတ်သောကကင်းဝေးနိုင်စေရန် နှင့် ဒုက္ခအပေါင်းမှ ကင်းငြိမ်းစေရန် ရည်ရွယ်ချက်ဖြင့် အစဉ်လာမပျက် တနှစ်တခေါက် အတို့ အထိ ရိ စရာ လေးများနှင့် မှန်မှန်ရောက်ရှိလာတဲ့ မင်္ဂလာဒိုး ရဲ့ သံချပ်များ အများပြည်သူများ ရှေ့မှောက်သို့ ရောက်ရှိလို့  လာခဲ့ပြန်ပါပြီ၊၊

ယခု နှစ်သံချပ်များကို ကိုမျိုး သန့် ၊ကိုသောင်းတို့ မှစီစဉ်ပြီး၊ကိုမျိုးသန့် ၊ကိုသောင်း၊ ခင်ငြိမ်းဆွေ နှင့် ကိုထွန်းဝေတို့ မှရေးသားခဲ့ကြခြင်း ဖြစ်ပါတယ်၊၊ 2012 ယခုနှစ်တွင်လည်း
၁။ အဖွင့်တေးသံ
၂။ပြန်ကြားရေး
၃။ အထွေထွေ
၎။ NLD ကို ဂုဏ်ပြုခြင်း
၅။ အခန်းပြောင်းတေးသံ
၆။ညီညွတ်ရေး
၇။ရန်ပွဲတွေ၇ပ်
၈။ ကုန်ဈေးနှုန်း
၉။သံချပ်ဆင်ဆ
၁၀။ ဂျပန်မှ အပြန်ခရီး
၁၁။ မဟော်သဓာ သားတရားစီရင်ခန်း
၁၂။ကမ္ဘာမကြေ စသည့်

တေးသံချပ်များ ဖြင့် မြန်မာပြည်တွင်းမှ မိဘရဟန်းရှင် ပြည်သူများ ကြည့်ရှု့ နိုင်စေရန်နှစ်စဉ်နှစ်တိုင်း အတာသင်္ကြန် မရောက်ခင်မှာ သံချပ် သီချင်းခွေ ဗွီဒီယိုတွေ ထုတ်လုပ်ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာကို ဖြန့်ချိခဲ့တာ နှစ်စဉ်နှစ်တိုင်းပင် ဖြစ်ပါတယ်။

မြန်မာပြည်သင်္ကြန်နှင့်အတူ နှစ်စဉ်ဧပြီလတွင်ကျင်းပနေကြ တိုကျိုသင်္ကြန်ပွဲတော်သည် ဧပြီ 15 ရက်(15.4.2012)တွင် ကျင်းပမည်ဟု မြန်မာ့ဒီမိုကရေစီ အဖွဲ့ ချုပ် မှ ဥက္ကဌ ဦးလှိုင်အေး က ပြောကြားခဲ့ပါသည်။

မြန်မာပြည်အလွမ်းပြေ ယိမ်းအကနှင့် ဒိုးပတ်သံများဖြင့်ေ ၀ဝေဆာဆာ မြူးမြူးကြွကြွ တင်ဆက်ထားသည်ကို တွေ့ ရမှာဖြစ်ပြီး မကြာမီအင်တာနက် စာမျက်နှာ များတွင် ဗွီဒီယို ဖြင့်တစ်ဝကြီး
ကြည့် ရှု့နိုင်ရန်စီစဉ်လျက် ရှိပါသည်။ယခုနှစ် တိုကျို သင်္ကြန်ပွဲတော်တွင် လည်း မင်္ဂလာဒိုးမှအဖွဲ့ ဝင် များဖြင့် ခြိမ့် ခြိမ့် သဲ ဖျော်ဖြေမည်ဖြစ်ပြီး

ဦးမျိုး သန့်  080 5063 2509
ကိုထွန်းဝေ 080 3099 1503
kotunwai@gmail.com , tunwai.jp@gmail.com
တို့ ကို ထံ မေးမြန်း ဆက်သွယ်နိုင်ကြောင်းသိရှိရပါတယ်။


သီချင်းများ အကုန်လုံးယူချင်ရင်
မင်္ဂလာဒိုး.rar


တေးသီချင်း သံချပ်များကို ကိုဇေယျာအောင်မှ ရိုက်ကူးတည်းဖြတ်ထားပါသည်။ အောက်ပါလင့်မှနေ၍ သံချပ်များကို တစုတဝေးတည်း ကြည့်ရှုနားဆင်နိုင်ပါတယ်။

http://www.youtube.com/user/kotunwai?feature=watch
ဆက်ဖတ်မယ်...

ရွှေဝါရောင်သွေးမှတ်တမ်း




ရွှေဝါရောင်တော်လှန်ရေး(၄)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် (ရွှေဝါရောင်သွေးမှတ်တမ်း) သီချင်း­အားညီမင်းသစ်က ခံစားသီဆိုပြီး ကိုသော်(ဂျပန်)မှ ပုံဖော်ခံစား တင်ပြထားပါသည်။ အသက်ပေးတိုက်ပွဲ ၀င်သွားကြသောရဟန်းရှင်လူ၊ ပြည်သူအပေါင်းအား ဂုဏ်ပြုဦးညွတ်ကာ အလေးပြုပါသည်။
ကိုသော် ဂျပန်

source by :ကိုဒီမို ဆိုဒ်မှယူပါသည်။
ဆက်ဖတ်မယ်...

ပြည်သူ့ဝေဒနာသည် တော်လှန်ရေးသမားတို့ ဝေဒနာ

| နေ၀န်းနီနီ သီချင်းခွေထုတ်ဖို့ သီချင်းသွင်းနေစဉ်က မင်းမင်းထွေးငယ်၊ ကိုမြတ်သူ၊ မစန်းစန်းမြင့် ABSDF ရဲ့ ပထမဦးဆုံး တောတွင်းအဆိုတော် သုံးယောက်ပုံဖြစ်ပါတယ်။


Nay Won Ni Ni by Min Min Htwe Nge

ဆေးပစ္စည်းတွေသိမ်းရင်း ကျွန်မ လယ်ကွင်းပြင်ကို လှမ်းကြည့်လိုက်မိတယ်။ ကျောင်းသားတပ်မတော်က စစ်သားတွေနဲ့ ကွင်းကလေးရွာက လူကြီး၊ လူငယ်တွေနဲ့ စကားပြောရင်း စပါးရိပ်သိမ်းနေကြတယ်။ သီချင်းသံတွေလဲ လေမှာလွင့်ပြန့်လို့ နေတယ်။ သမုဒ္ဒရာ ၀မ်းတထွာအတွက် ဆင်းရဲပင်ပမ်းစွာ လုပ်ကိုင်စားသောက်ရတဲ့ လယ်သမားဦးကြီးတွေကို ကျောင်းသားတပ်မတော်သားတွေက ရောက်ရာဒေသတွေမှာ အကူအညီပေးနေကြတယ်။ ဒီတော့ ရွာသူရွာသားတွေကလည်း ကျောင်းသားတပ်မတော်သားတွေကို သားသမီးရင်းတွေနဲ့မခြား သဘောထားလာခဲ့ကြပါတယ်။ ကျောင်းသားလေးတွေ လာရင်စားဖို့တဲ့လေ စပါးကသပ်သပ် အသီးဝလံကလည်း သီးခြားခွဲလို့ ဖယ်ထားကြရှာတယ်။ ရောက်လာရင်လည်း အသားတွေဘာတွေ ပေါ်ကျွေးရှာတယ်။ မလုပ်ပါနဲ့ဆိုလည်း မရဘူး အလွန်ကို စိတ်သဘောထား ဖြူစင်ကြတဲ့ ကျေးလက်ပြည်သူတွေပါ။ ဒါပေမဲ့ မဆလကတော့ ဒီရိုးသားတဲ့ ဦးကြီးတွေကိုလည်း မညှာခဲ့ပါဘူး။ ပေါ်တာဆွဲလား ဆွဲရဲ့ ပေါ်တာကြေးဆိုပြီး ငွေအဓမ္မကောက်၊ ကြက်ဆွဲ၊ ၀က်ဆွဲ နွားတောင်မှမချန်ဘူး။ စပါးဆိုတာကတော့ ၀မ်းစာချန်ဖို့ ဝေးလို့ တော်လှန်ရေးသမားတွေကို ထောက်ပံ့မှာစိုးလို့တဲ့လေ စပါးကျီတွေကို မီးနဲ့ရှို့သွားကြသေးတယ်။ ဒါတင်ဘယ်ကမလဲ အပြစ်မဲ့သူတွေကို မထင်ရင်မထင်သလို ပစ်သတ်ညှဉ်းဆဲ မုဒိန်းကျင့် တကယ့်ကို ရက်စက်ယုတ်မာတဲ့ စစ်အစိုးရပါလား။

“ဆရာမလေး”

ကျွန်မ အတွေးလေးတွေ ရုတ်တရက် ရပ်သွားပြီး အသံလာရာဆီကို ရုတ်တရက် လှည့်ကြည့်မလိုက်တယ်။ အသက် ရှစ်ဆယ်လောက် ရှိမယ်ထင်ရတဲ့ အဘွားအိုတယောက်ကို လူငယ်တယောက်က တွဲပြီးဝင်လာတာကို တွေ့လိုက်ရတယ်။

“လာပါ လာပါ အဖီး နေမကောင်းလို့လားဟင်” အဘွားအိုက ကြမ်းပြင်ကို လက်နဲ့စမ်းပြီး ထိုင်ရင်း “နေကောင်းပါတယ် ဆရာမလေးရယ် အဖီးက ဒီကိုလာချင်လို့ ရွာကကောင်လေးတယောက်ကို အပို့ခိုင်းတာပါ” “ အဖီး နေခဲ့တော့နော်” အဘွားအိုကို လိုက်ပို့တဲ့ ကောင်လေးက ပြောပြောဆိုဆိုနဲ့ ပြန်သွားတယ်။ ကျွန်မ ဘယ်ကစပြီး စကားစပြောရမယ်ဆိုတာ စဉ်းစားနေတဲ့ အခိုက်မှာပဲ အဘွားအိုက “ ဆရာမလေးတို့ ကျောင်းသားတွေ လာပြီး စာသင်ပေးတယ်၊ ဆေးကုပေးတယ်၊ စပါးကူရိပ်ပေးတယ်၊ အဖီးတော့ ကျေးဇူးတင်ပြီး ၀မ်းသာလို့ မဆုံးပါဘူး ဆရာမလေးရယ်”

ဒီတော့ ကျွန်မလည်း “အော်.. အဖီးရယ် ဒီလိုလည်း မဟုတ်သေးပါဘူး သမီးတို့ကို ကျေးဇူးတင်စရာ မလိုပါဘူး သမီးတို့ တော်လှန်ရေးသမားတွေကို အဖီးတို့ရွာတွေကပဲ ကျွေးမွေးထားတယ် မဟုတ်လား သမီးတို့ကတောင် ပြန်ပြီးကျေးဇူးတင်ရမှာပါ ပြီးတော့လည်း သမီးတို့ ကျောင်းသားတွေက အဖီးတို့ ရွာတရွာထဲမှ မဟုတ်တာ မြို့အနှံ့ ရွာအနှံ့ ရောက်တဲ့နေရာမှာ ရှိတဲ့ ပြည်သူတွေရဲ့ ၀ိုင်းဝန်းကူညီ လုပ်ပေးနေတာပဲ သမီးတို့ရဲ့ ခေါင်းဆောင်တွေ ကိုယ်တိုင်က မှာထားတယ် ပြည်သူကို တတ်နိုင်သမျှ လုပ်ကျွေးပြုရမယ် စောင့်ရှောက်ပေးရမယ် ပြည်သူတွေဘ၀ ဖွံဖြိုးတိုးတက်အောင် လုပ်ပေးရမယ်တဲ့ အဲဒါကလည်း ဟောဒီကရင်ပြည်နယ်တခုတည်း မဟုတ်ဘူး တနိုင်ငံလုံးမှာ ရှိတဲ့ပြည်သူတွေ အားလုံးကို လုပ်ပေးရမဲ့ တာဝန်တွေ သမီးတို့မှာ ရှိပါတယ် အခုသမီးတို့ နိုင်ငံမှာ ပြည်သူတွေနစ်နာဆုံးရှုံးခဲ့ရတဲ့ လွတ်လပ်မှုတွေ၊ လူ့အခွင့်အရေးတွေ၊ တရားမျှတမှုတွေနဲ့ ငြိမ်းချမ်းရေးတွေအတွက် သမီးတို့ တိုက်ပွဲဝင်နေကြတာပါ အဖီးတို့လို ပြည်သူတွေက သမီးတို့ရဲ့ ကျေးဇူးရှင် မိဘတွေပါ၊ သမီးတို့မှာ ကျေးဇူးဆပ်ရမဲ့ တာဝန်တွေရှိပါတယ်။ အဖီးတို့ အခုလို ထောက်ခံအားပေးနေတာ တွေ့ရတော့ သမီးတို့က ပိုပြီးအားတက်မိတယ် အဖီးရယ်။ ”

“ဟုတ်တာပေါ့ ထောက်ခံရမှာပေါ့ သမီးရယ် သမီးတို့က အဖီးတို့ဘ၀ တိုးတက်သာယာဖို့ တကယ်လုပ်နေကြတာကိုး အဖီးလေ ဆရာမလေးကို မမြင်ရပေမဲ့”

“ရှင်” ကျွန်မ အတော်လေး အံ့အားသင့်သွားမိပါတယ်။ “အဖီး မျက်စေ့မမြင်ဘူး” “ဟုတ်လား ကျွန်မက အဖီးမျက်စေ့ မှုန်နေတယ်လို့ပဲ ထင်နေတာ” “ဟုတ်တယ်ဆရာမလေး အဖီး မျက်စေ့မမြင်တော့ဘူး” ။

“ အို ” ကျွန်မ အတော်လေး စိတ်မကောင်း ဖြစ်သွားရပါတယ်။ အဘွားအိုကတော့ သူ့စကားကို ဆက်ပြောလာပါတယ်။ “ဆရာမလေးက တော်တော် စိတ်သဘောထားကောင်းပုံရတယ်၊ အဖီးသမီးလည်း စိတ်သဘောထား ကောင်းရှာတယ် အဖီးမျက်စေ့ မမြင်ရလို့သာပေါ့ ဆရာမလေး မျက်နှာကို သိပ်ကြည့်ချင်တယ် သမီးလေးနဲ့များ တူမလားပေါ့-လေ။ ”

ကျွန်မက အဖီးပြောတဲ့ စကားကို အတော်လေးပဲ စိတ်ဝင်စားသွားမိတယ်။ ဒါနဲ့ “အဖီးသမီးက အခုဘယ်မှာလဲ အဖီးနဲ့အတူတူ မနေဘူးလား” လို့ ကျွန်မ မေးလိုက်မိတယ်။ ဒါအခါမှာတော့ အဘွားအိုမျက်နှာ ချက်ချင်း ညှိးလျှော့ကျသွားတာကို ကျွန်မ တွေ့လိုက်ရပါတယ်။ ခဏအကြာမှာတော့ အဘွားအိုဟာ တိုးညှင်းလေးတွဲ့တဲ့အသံနဲ့ “အဖီးသမီးအကြောင်းကို သိချင်တာလားကွယ် သူအခုမရှိရှာတော့ဘူး ဟိုးလွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကပေါ့ အခုလို စပါးပေါ်ချန်မှာ တရွာလုံး အလုပ်များနေတဲ့အချိန်ပေါ့ စပါးတွေ ရိပ်သူရိပ် လှန်းသူလှန်း ထောင်းတဲ့သူထောင်းနဲ့ပေါ့လေ အဲဒီအချိန်မှာပဲ မဆလစစ်သားတွေ ရွာထဲဝင်လာပြီး သေနတ်တွေနဲ့ ပစ်တော့တာပါပဲ တနှစ်စာ စားဖို့စုထားတဲ့ စပါးတွေသိမ်း မွေးထားတဲ့ မွေးထားတဲ့ ကြက်တွေ ၀က်တွေကို သတ်စား အဖီးတို့ရွာကိုလည်း သူပုန်အားပေးတဲ့ရွာ သူပုန်ရွာဆိုပြီးတော့ မီးရှို့တော့တာပဲ မီးလောင်တယ်လည်းဆိုရော အဖီးရဲ့သမီး နော်ရှီးလာလည်း ပြေးရတာပေါ့ အဲဒီတုန်းက အဲဒီတုန်းက သူက ကိုယ်ဝန်ကြီးနဲ့ မွေးခါနီးပဲ သူ့သမီးဦးလေးကို ဆွဲပြီးပြေးအလာကို မဆလစစ်သားတယောက်က သူ့စစ်ဖိနပ်ကြီးနဲ့ လှမ်းကန်လိုက်တာ သမီးနော်ရှီးလာဟာ တချက်ပဲ အသံထွက်နိုင်တယ် တခါတည်း အသက်ပါပျောက်သွားတယ်။ အဖီးက ပြေးထူမယ်အလုပ် အဲဒီစစ်သားက အဘွားကြီး မလှုပ်နဲ့ တဆစ်ပါသွားမယ် ဆိုလို့ မလှုပ်ရဲဘူး ကြောက်လန့်တကြား အော်ဟစ်ငိုယိုပြီး ပြေးလာတဲ့ မြေးမလေး နော်ဖေါ့ဝါးကိုသာ ဆီးပွေ့ဖက်ထားလိုက်တယ်။ အဲဒီအချိန်မှာပဲ စောဖိုးဆေး အဖီးရဲ့သားမက် နော်ရှီးလာရဲ့ ယောက်ျားရောက်လာတော့ မဆလ စစ်သားက မင်းလည်း သူပုန်ပဲဆိုပြီး ပစ်သတ်လိုက်ကြတယ် ဆရာမလေးရယ်။”

အဘွားအိုလည်း ပြောရင်း အသံတချက် တိမ်ဝင်သွားပြီး ပါးပြင်မှာ မျက်ရည်တွေ လိမ့်ဆင်းကျလာတာကို ကျွန်မ တွေ့လိုက်ရပါတယ်။ အဘွားအိုလိုပဲ ကျွန်မရင်ထဲမှာ ဆို့နစ်ကြေကွဲစွာ ခံစားနေမိပါတယ်။ ခဏအကြာမှာ အဘွားအိုက “ အဲးဒီနောက်မှာတော့ အဖွားလည်း မြေးမလေး နော်ဖေါဝါးကို ချီပြေးခဲ့ပါတယ် ပြေးရင်းလွှားရင်း မီးလောင်နေတဲ့ သစ်ပင်အကိုင်းကြီးတခုဟာ ကျိုးကျလာပြီး အဖီးရဲ့ခေါင်းကို ရိုက်မိတော့တာပဲ၊ အဖီးသတိရလို့ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ဘာမှမမြင်ရတော့ဘူးလေ အနားမှာ ငိုရှိုက်နေတဲ့ အသံကိုသာ အဖီးကြားတော့တယ်၊ အဖီးအတော်လေး ထိတ်လန့်တုန်လှုပ်သွားမိတယ်၊ ဒါပေမဲ့ မြေးမလေး ဘာမှမဖြစ်တာ သိရတော့ အဖီးအတော်လေး စိတ်ချမ်းသာခဲ့တယ်၊ မြေးမလေးကို မေးကြည့်တော့ အဖီးရောက်နေတာ အဇင်းပေါ်တော်မူ ဆေးရုံမှန်း သိခဲ့ရတယ်။”

အဘွားအိုရဲ့ စကားသံဟာ ကြေကွဲဆို့နစ်စွာ တိတ်ဆိတ်သွားခဲ့တယ်။ ကျွန်မလည်း အဘွားအိုကို လှမ်းအကြည့်မှာ မျက်ရည်တွေ ပိတ်ဖုံးပြည့်လွှမ်းနေတဲ့ ကျွန်မ မျက်လုံးတွေက အဘွားအိုရဲ့မျက်နှာကိုေ၀၀ါးရီမှုန်စွာပဲ မြင်ရပါတော့တယ်။ အဘွားအိုရဲ့ ခံစားချက်တွေက ကျွန်မနှလုံးသားထဲကိုပါ ကူးစက်ခံစားစေခဲ့ပါတယ်။ ကျွန်မဟာ အပြစ်မဲ့တဲ့ ပြည်သူတွေကို မတရားအနိုင်ကျင့် ဖိနှိပ်ရက်စက်လွန်းတဲ့ စစ်အာဏာရှင်တွေနဲ့ သူတို့နောက်လိုက်တွေရဲ့ ပြုမူကျင့်ကြံမှုတွေ သိရလို့ နှုတ်ခမ်းကို တင်းတင်းကိုက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်မိပါတော့တယ်။ စိတ်ထဲမှာလည်း ရဲဝံ့စွာ ရေရွတ်လိုက်တယ် ငါ့အသက် ငါ့ခန္ဓာရှိနေသရွေ့ ဒီစစ်အာဏာရှင်တွေကို ရဲရဲဝံ့ဝံ့ တော်လှန်တိုက်ခိုက်သွားမယ်။

နှစ်ဦးသား ကျေကွဲဝမ်းနည်းမှုတွေ ကိုယ်စီနဲ့ ငြိမ်သက်နေတုန်းမှာပဲ “အဖီးထမင်းစားရအောင်” လို့ ကရင်လို ခေါ်သံကြားလို့ ကျွန်မ ကြည့်မိလိုက်တဲ့အခါမှာတော့ အသက် ဆယ်နှစ်လောက် ရှိမယ်ထင်ရတဲ့ အသားဖြူဖြူဖွေးဖွေး ကလေးမလေးတယောက်ကို ပလိုင်းလေးလွယ်လို့ တွေ့လိုက်ပါတယ်။ အဘွားအိုရဲ့ မြေးမလေးပဲ ဖြစ်ရမယ်လို့ ကျွန်မထင်မိလိုက်တယ်။ ကျွန်မ ထင်သည့်အတိုင်းပဲ အဘွားအိုက မျက်ရည်သုတ်ရင်းနဲ့ “အဲဒါအဖွားရဲ့ မြေးမလေး နော်ဖေါဝါးပေါ့ဆရာမလေး” လို့ ပြောပြပါတယ်။ “လာလေ နော်ဖေါဝါး” ကလေးမလေးက သူ့အဖွားဘေးမှာ ၀င်ထိုင်လိုက်ပါတယ်။ ကျွန်မက “ဗမာစကားပြောတတ်လား” မေးတော့ “နည်းနည်း ပြောတတ်တယ်” လို့ ဖြေပါတယ်။ အဖွားအိုက “ဆရာမလေး အခုချိန်ထိ အဖီးကို စောင့်ရှောက်ကျွေးမွေးလာတာ ဒီမြေးလေးပေါ့ စာလည်း မတတ်ရှာဘူးကွယ် ဒါပေမဲ့ သူ့အပါးနဲ့ အမိုးကို စစ်သားသတ်တာ မြင်ထားတော့ စစ်သားဆို သူမုန်းတယ် ကြောက်တယ်” ကျွန်မက ပြုံးပြီး “နော်ဖေါဝါးက စာသင်ချင်လားဟင်” မေးတော့ ကလေးမလေးက “ဟင့်အင်း အဖီးကို ထမင်းကျွေးရမယ် သဒါမူ” “မဟုတ်ဘူးလေ ညဘက်မှာ သင်လို့ရတာပဲ” ။ “ညဘက်မှာသင်လို့ရလားဟင် နော်ဖေါ့သင်ချင်တယ် နော်ဖေါ့လေ ကြီးလာရင် သဒါမူလို ဆေးဆရာမလုပ်မယ်”။ “ဆရာမ သင်ပေးပါ့မယ် နော်ဖေါ့ရယ်” ကလေးမလေး မျက်နှာ ရွှန်းလဲ့လို့ သွားပါတော့တယ်။

“သဒါမူ နော်ဖေါ့တို့နဲ့ ထမင်းလိုက်စားလေ” “ဆရာမ စားပြီးပြီကွဲ့” “နောက်ဆို အားရင်အဖီးတို့ဆီ လာလည်နော့်ဆရာမလေး” “ဟုတ်ကဲ့ရှင် ကျွန်မအားရင် လာလည်ပါ့မယ်” “အဖီးတို့ ပြန်တော့မယ်နော် ဆရာမလေး” “ဟုတ်ကဲ့ရှင့်” ။ ကျွန်မဟာ မြေးအဖွားနှစ်ယောက် ရွှေ့ရွှေ့နဲ့ ပြန်သွားတာကို ငေးကြည့်ရင်းနဲ့ ကျွန်မ နှလုံးသားထဲမှာတော့ ၀မ်းနည်းခြင်း ကျေကွဲခြင်း၊ နာကျည်းမုန်းတီးခြင်း၊ သနားကရုဏာ ဖြစ်ခြင်းတို့ကို ရောထွေးစွာ ခံစားနေခဲ့ရပါတော့တယ်။ “ဟေ့ ညီမလေး ခရီးထွက်ရမယ် ဘာတွေစဉ်းစားနေတာလဲ” “သြော် ကိုမြင့်ဇော်ပါလား ခုနက မျက်စေ့မမြင်တဲံ အဖွားအိုက သူ့အကြောင်း ပြောပြနေတာလေ ၁၉၇၉ ခုနှစ်လောက်က ဒီရွာကို မဆလ စစ်တပ်တွေလာပြီး သောင်းကျန်းတုန်းကပေါ့” “အကိုလည်း ဒီအကြောင်းတွေကို ရွာသူကြီး ပြောပြလို့ သိပြီးပါပြီ မဆလ စစ်တပ်တွေ သောင်းကျန်း ရက်စက်ခဲ့တာ၊ ဖျက်ဆီးခဲ့တာ ဒီရွာတရွာတည်းမှ မဟုတ်ဘဲ ကော့ဆိုင်း၊ အစွန်း၊ စကားဝှက် အများကြီးပါပပဲလေ”။ “ညီမတော့ ဒီအကြောင်းကို ပြည်သူတွေသိအောင် ဒေါင်းအိုးဝေ စာစောင်ထဲမှာ ထည့်ရေးမယ်”။ “ကောင်းတာပေါ့ ညီမလေးရဲ့ ဒီစစ်အာဏာရှင်တွေ ဘယ်လောက် ဖိနှိပ်တယ်၊ ရက်စက်ယုတ်မာတယ်ဆိုတာ ကမ္ဘာကပါသိအောင် ထုတ်ဖေါ်ရေးရမယ် ကိုကိုတို့ သပိတ်ကာလတုန်းကလည်း ထောင်နဲ့ချီပစ်သတ်ခဲ့တာပဲ သူတို့ရက်စက်ခဲ့တဲ့ ပြည်သူတွေရဲ့ဘ၀ဟာ မကြာခင် လွတ်မြောက်ကြတော့မှာပါ” ။

“ဟုတ်တယ် ကိုမြင့်ဇော် ပြည်သူတွေ ဘယ်တော့မှ ဒီလိုဘ၀မျိုးမရောက်အောင် ရက်စက်မှုဒဏ်မခံရအောင် ညီမလေးတို့ တော်လှန်ရေးသမားတွေမှာ တာဝန်ရှိတယ်။ ဒီစစ်အစိုးရ အာဏာရှင်တွေကို အပြုတ်တိုက်ရမယ်၊ ပြည်သူတွေရဲ့ ဒုက္ခခံစားနေရတာတွေဟာ တော်လှန်ရေးသမားတွေရဲ့ ဝေဒနာတွေပဲ မဟုတ်လား ကိုမြင့်ဇော်ရယ်”။ ကျွန်မဟာ တော်လှန်ရေးအတွက် ယုံကြည်ချက်အပြည့်နဲ့ ကျောပိုးအိတ်နဲ့ ဆေးအိတ်ကို ကောက်လွယ်လိုက်တယ် ကျွန်မတို့ အောင်သီရိ စည်းရုံးရေးစစ်ကြောင်းဟာ တိုင်းပြည်အတွက် ပြည်သူတွေအတွက် ခရီးဆက်ရဦးမယ် မဟုတ်ပါလား။ ကျွန်မတို့ မိုးကောင်းကင်ကို မော့ကြည့်လိုက်တဲ့အခါမှာတော့ “သြော် မိုးကောင်းကင်ကြီးကတော့ ဖြူစင်အေးမြလိုက်တာနော့်”

မင်းမင်းထွေးငယ်

အောင်သီရိ ကျန်းမာရေးနှင့် စည်းရုံးရေးစစ်ကြောင်း

(ဤဇတ်လမ်းသည် ၁၉၇၈ ခုနှစ်က ကွင်းကလေးရွာကို မဆလစစ်တပ်မှ ၀င်ရောက်သောင်းကျန်း ဖျက်ဆီးခဲ့စဉ်က အမှန် ဖြစ်ပျက်ခဲ့သော ဇာတ်လမ်း ဖြစ်ပါသည် - မင်းမင်းထွေးငယ်)

ဒီသီချင်းနဲ့ ခရီးသွားဆာင်းပါးလေးက ၁၉၈၈ ခုနှစ်မှာ ငယ်ရွယ်နုပျိုတဲ့ ကာလမှာ တောတွင်းကို ရောက်သွားတဲ့ ကျောင်းသူတွေရဲ့ တော်လှန်ရေးမှာ ပါဝင်တဲ့ အခန်းကဏ္ဍနှင့် အာဏာရှင် အဆက်ဆက်လက်အောက်မှာ ခံစားနေရတဲ့ ပြည်သူလူထုရဲ့ ဆင်းရဲဒုက္ခအပေါင်းကို ထင်ဟပ်ဖေါ်ပြနေလို့ ပြန်ဖေါ်ပြဖြစ်ပါတယ်။ ABSDF တပ်ရင်း ၂၀၄၊ သေ့ဘောဘိုးစခန်းမှ ရဲမေ မင်းမင်းထွေးငယ်က ၁၉၉၀ ခု မတ်လထုတ် ABSDF ရဲ့ ဒေါင်းအိုးဝေ အတွဲ (၁) အမှတ် (၁၁) မှာ ရေးသားတဲ့ ဆောင်းပါးကို နေ့သစ်မှ ကူးယူပြီး ဇော်ဂျီလက်ကွက်နဲ့ ပြန်ရိုက်ကာ ဖေါ်ပြထားပါတယ်။

သီချင်းကလည်း ၉၁ ခုနှစ်က ABSDF ပြန်ကြားရေးက ထုတ်ဝေတဲ့ "ဘ၀တက္ကသိုလ်မှ နေ၀န်းနီနီ" သီချင်းခွေထဲမှ မင်းမင်းထွေးငယ် ဆိုထားတဲ့ သီချင်းအမည် နေ၀န်းနီနီ သီချင်း ဖြစ်ပါတယ်။ Nge Naing.
source by :
ဆက်ဖတ်မယ်...

ငုံ့ မခံရဖို့ တုန့်ပြန်ကြစို့ (အိန္ဒိယ သံချပ်)

India Than Gyat 2011 by ronal50 Thangyat Complete
ဆက်ဖတ်မယ်...

တပ်ဂေါ်လီ

ဒေါင်းလုပ် ဆွဲရန် : တပ်ဂေါ်လီ
ဆက်ဖတ်မယ်...

၈၈၈၈ သံချပ် အမှတ် (၁) နှင့် (၂)

အိန္ဒိယရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုများရဲ့ ၂၂ နှစ်မြောက် ရှစ်လေးလုံး လူထု အုံကြွမှု အထိမ်းအမှတ် သံချပ် ၈၈၈၈ သံချပ် (၁)

၈၈၈၈ သံချပ် (၂)
Than Gyat Final
ဆက်ဖတ်မယ်...

မမေ့နိုင်သော ၁၉ ဇူလှိုင် (ဒေါ်မာမာအေး)







ဆက်ဖတ်မယ်...

ထက်အောင်ရှိုင်း သီချင်းအသစ် တပုဒ်နှင့် နေ့သစ်ကို ကြိုဆိုကြပါစို့ DVD ကာဗာ




ချစ်ခင်လေးစားရပါသော
တိုက်ပွဲဝင်တော်လှန်ရေးသမား ညီကိုမောင်နှမတို့  ခင်ဗျား

ထက်အောင်ရှိုင်းရဲ့ ကော်ပီသီချင်းနောက်ထပ်  အသစ်တပုဒ်နှင့်အတူ မကြာခင်ဖြန့်ချီတော့မည့် "နေ့သစ်ကို ကြိုဆိုကြပါစို့"  အခွေကာဗာကို အမှတ်တရ ပေးလိုက်ပါတယ်။
အားလုံးအတွက်ပါ






ဆုံးရှုံးမှုတွေထွေးပိုက်ရင်း  တမ်းတမိတယ်အမိမြေရယ်

                          

                                                                                     ရေး .. ထက်အောင်ရှိုင်း
                                                                                      ဆို .. ထက်အောင်ရှိုင်း

ဆိုပြည်စိမ်းလန်းတဲ့ဒို့ပြည် အဖိုးသယံဇာတပေါ့တဲ့မြေ မြတ်တရား မိဘ  ဆရာသင်ကြားလာ

ဧရာဝတီမြစ်အသက်သွေးကြောတွေ မြစ်သံလွင်ရဲ့ အလှကြက်သရေ

မှတ်သားခဲ့ရအသိပညာတွေ  .. .. .. ..

ဒီအတိတ်သမိုင်းကလေးပျောက်ပျက်ချိန်  စစ်အာဏာနဲ့ယမ်းငွေ့ဝေ

တပြည်လုံးမှိုင်းတိုက်ကာ အငိုမျက်ရည်

ပုံကာကပ်စိုက်မင်းမိုက်ပွေ  စိတ်စေရာခိုင်သက်ရှိတွေ

လူလုံးမလှတော့ ဒို့ပြည်သူတွေ .. .. .. ..

ဒို့ဘ၀ကိုယ်ပိုင်အခွင့်အရေးတွေ  ပျောက်လွဲဆုံးရှုံးချိန်တွေ တပြည်တရွာရှာကာစစ်ဖိနပ်အောက်

လွတ်ရာကျောခိုင်းထူထောင်ရင်း ဒီအဖြစ်ဆိုးတွေ ကိုယ်စီပွေ့ပိုက်ကာ  ဘ၀ကိုရုန်းကန်နေရင်း

လောကဒဏ်တရားကိုဖြေရှင်း  အမိမြေကိုလွမ်းမျှော်ကာပင် .. ................

|

source by :
ဆက်ဖတ်မယ်...

မလေးရှားမှ ဒီမိုကရေစီအဆိုတော် ထက်အောင်ရှိုင်း၏ သီချင်းအသစ်



(ထက်အောင်ရှိုင်းသည် မလေးရှားတွင် ၀ါသနာနှင့် ယုံကြည်ချက်အတွက် လျှောက်လှမ်းနေသော လူငယ်တဦးဖြစ်ပြီး မကြာခြင် သူ၏အခွေသစ်ကို သူ့ကိုယ်ပိုင်ချွေးနှဲစာဖြင့် မလေးရှားမှနေပြီး မေတ္တာဖြင့် တမ္ဘာလုံးမှ ဒီမိုကရေစီ ညီအကိုမောင်နှမများထံ အရောက်ပေးပို့ရန် အသင့်ပြင်နေပါပြီ ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါသည်။)




အခုတော့ရာဇ၀င်ရိုင်းကြီးတစ်ခုဖြစ်ရချေပြီ
ရေး ..ထက်အောင်ရှိုင်း
ဆို.. ထက်အောင်ရှိုင်း

V1 ပုံပမာနှိုင်းရလေပြီ ရာဇ၀င်အရိုင်းဆုံးမှာ ဒီသမိုင်းဆိုးတော့လိုက်မမှီ

သာဿနာပါမကျန်စော်ကားသည်..

ရွှေပြည်တော်ကို ချည်တုတ်အမြည်းလုပ်မြူးသည်
ခေတ်စနစ်နောက်ပြန်ချီလှမ်း တောတပ်စခန်းတည်
စစ်လက်နက်တွေမတန်တဆ တိုးချဲ့တပ်ဆင်
တိုင်းတပါးမကျူးကျော်လာလည်း ကိုယ့်ပြည်သူကိုယ်ပြည်တိုက်သည် ..

V2 သယံဇာတသုံးမကုန်ပြီ ကျန်ဖန်ဖြုန်းတီးကာအလွဲသုံးစားလုပ်သည်

မတန်မရာလူပါကုန်ကူးသည် ပြည်သူတွေကို အရုပ်များလို့မှတ်သည်

တိုင်းရင်းသားတွေအပေါ်လည်းဂရုမစိုက်တော့ပြီ
ဆင်းရဲသားတွေခမျာလည်း တောင်းစားရပြီ
ခေါင်းပါးရစ်ကျန်လေတော့ ဝေးရပ်သို့ရှောင်ခွါကြပြီ .. ..

V3 သမ္မတလည်းဖြစ်ချင်သည် အာဏာရခဲ့ရင် ၀န်ကြီးချုပ်လုပ်မည်

နိုင်ငံမူပိုင်အုပ်စိုးမည်

ကြိုတင်ကြံစည်ဖန်တီးပြီးခဲ့ပြီ အများရဲ့သဘောဆန္ဒလည်း အသိအမှတ်မပြုပေ

ကမ္ဘာ့ပတ်ဝန်းကျင် အသံလည်းမမူ့တော့ပြီ

ရုရှားနဲ့ တယုတ်ကိုသာပဲ ရှိသမျှ အကုန်ပုံအပ်တော့သည် ......

V4 သဘာဝတရားလည်းဖောက်ပြန် ပြီကံကြမ္မာဆိုးကဖန် မင်းဆိုးအတွက်မထောက်ခံ

တပင်တိုင်းစင်ပေါ်ယစ်မူးသည်

နေပြည်တော်ကို သဏ္ဍန်လုပ်သရုပ်ပြသည်
မြို့ပြရဲ့အလှ ရန်ကုန်တော့ ကျောခိုင်းခဲ့သည်
အင်းယားရဲ့ အလှရေပြင်လည်း ခန်းခြောက်ရပြီ
သတင်းမပေါက်ဘို့ အများပြည်သူထဲ ဖုန်းဖို့ကြံစည်လည်း မမှီ .. ..






ပါတီဆယ်ကိုခွဲတဲ့ ရွေးကောက်ပွဲ
ရေး .. ထက်အောင်ရှိုင်း/ စက္က
ဆို ..  ထက်အောင်ရှိုင်း

v1. ပြည်သူ့ သဘောထားမပါ ကိုယ့်ဘာသာလုပ်ကြံ ၂၀၀၈ အခြေခံ

စိတ်တိုင်းကျရေးကာစွဲ ၂၅% လည်း အသက်လွတ်ထပ်ယူပြန်တယ်

ကြံဖွတ်ကတဖန်တစ်ပါတီခံ စစ်ဦးစီးချုပ်တွေအရေခွံလှန်

လောဘရမ္မက်ထန် စောဒကမတက်ရန် အမိန့်တွေသာထုတ်ပြန် ..

CHO: အာဏာရှင်ဖန်တီးတဲ့ဒီဥပဒေ ဘောင်မ၀င် ၂၀၀၈ ခု အခြေခံပင်

ဒီမိုကရေစီလမ်းစဉ် အမြဲရှေင်ကွင်းကမ္ဘာ့အလယ်တွင် ဟန်ပြ ဖြေရှင်းဖို့သာကြံဆင်

ဒီကမ္ဘာကြီးထဲတွင် လွတ်လပ်ခြင် မျှတခြင်း သက်သေမရှိပါ အရှင်းသားပင်
SOLO: .. .. .. ..

V1. ပြည်သူ့ဘ၀စစ်ကျွံ ဆက်ခံယူရရင် အနာဂတ်အတွက်မရေရာပြန်

လူသားဘ၀အဖြစ်ကဆိုး ကိုယ်ရွေးချယ်ပိုင်ခွင့်လည်း ပျောက်တဲ့ဒီအလက်ရှင်

မဲပုံးတွေအမှန်နဲ့အမှား အမှန်ဘက်ကတဖက်သတ် အလွန်ကိုများ

အတင်းအကျပ် ချုပ်ကိုင် ခိုင်းသမျှလုပ်ရန် လမ်းစဉ်တွေထုပ်ပြန် .. ..
|

source by :
ဆက်ဖတ်မယ်...

ပြည်သူကိုချစ်တာလား အာဏာကိုချစ်တာလား

** ပြည်သူကိုချစ်တာလား အာဏာကိုချစ်တာလား **





ရေး..ထက်အောင်ရှိုင်း
ဆို .. သီရိမင်းလွင်


ရွေးကောက်ပွဲကြီးကိုမင်းယုံကြည်နေလား
လက်ညှိုးထောင် ခေါင်းငြိမ့်ခိုင်းတာမင်းမြင်နေရဲ့သား
တဖက်သတ်ရေးဆွဲတဲ့ အခြေခံကို အသုံးချသွားတော့မဲ့
အခြေအနေကိုဘယ်သူမှလက်မခံဘူး .. ..

ဒီမိုကရေစီဘောင်မ၀င် နှစ်ထောင့်ရှစ်ဇွတ်ညစ်ကာ လုပ်ခဲ့တယ်
နာဂစ်ကြောင့် သောကတွေကြားထဲဝယ် လာပြန်ပြီနှစ်ထောင့်တဆယ်
တော်ရုံတန်ရုံလိမ်ပါကွာ ပြည်သူ့ရဲသဘောထားကို ကိုယ်စားမပြုပါ
လက်တွေအုပ်ချုပ်မှာစစ်တပ်ပါ ယုံကြည်စရာတစက်မရှိပါ .. .. ..

ရွေးကောက်ပွဲတိုင်းမှာမင်းပြိုင်ချင်တာလား
မမျှတတဲ့ဥပဒေ မင်းခုံမင်နေလား
ကိုယ်ကောင်းစားဘို့အတွက်နဲ့ အာဏာရှင်မှိုင်းမိသွားမှခက်မယ်
အချိန်မလွန်ခင် စဉ်းစားဆုံးဖြတ်အုံး .. ..

ဒီမိုကရေစီဆိုတာဟာ ပြည်သူ့ရဲ့သဘောထားမှန် အစစ်မှသာ
၉၀ ခုကလိုရလာဒ်ပါ အာဏာရျင်ပြန်လုတယ်
အခြေခံပြည်သူတွေအပေါ်စာနာပါ
စနစ်တခုပြောင်းတိုင်းမှာဒုက္ခသာ ခါးစီးပိုးရင်းသာဘ၀ပျက်တာ
အာဏာရှင်များကြောင့်ပါ .. ..

~~~~~~~~~~~~~~~~~~~~~********~~~~~~~~~~~~~~~~~~~~~~~

(ပို့ပေးလာသော ထက်အောင်ရှိုင်းအား ကျေဇူးတင်ရှိပါသည်။)

်
ဆက်ဖတ်မယ်...

မိတ်ဆွေတို့ .... နိုးထကြလော့

သို့ /

မိတ်ဆွေ...

သင်တို့ လွတ်ရေးနေ့မှာ အမှန်တကယ် လွတ်လပ်ပြီလော... လွတ်လပ်ရေး ဆိုတဲ့ အရသာကို သင်တို့ အမှန်တကယ် ခံစားရပြီလား။ မလွတ်လပ်မှုတွေ ထဲက လွတ်လပ်မှုကို ရယူဖို... မိတ်ဆွေတို့ .... နိုးထကြလော့။ ။

ရွေးချယ် နိုင်တဲ့ အခွင့်အရေး ဆိုတာ လူတစ်ယောက် ရဲ့ မွေးရာပါ အခွင့်အရေး ပါဘဲ ........။

လွတ်လပ်စွာ ပြောဆို ဆွေးနွေးနိုင်ခွင့် ရှိတဲ့ လူ့ဝန်းကျင် တစ်ခု ပေါ်ပေါက် ဖို့ အတွက် .....

ကိုယ့်ခံယူချက် နဲ့ သဘောထား ရပ်တည်ချက်တွေကို ပွင့်လင်း လွတ်လပ်စွာ ဖော်ဆောင်နိုင်ဖို့ အတွက် ...... ရည်ရွယ်၍....... ယနေ့ ဇန်န၀ါရီ လ (၄) ရက်၊ တနင်္လာနေ့ တွင်ကျ ရောက်သော (၆၂) မြောက် လွတ်လပ်ရေးနေ့ မှသည် ...........

လွတ်ငြိမ်း ပြည့်ဝသော လွတ်လပ်မှုဆီသို့ ဦးတည်ကာ ဆန္ဒပြု ဆုတောင်း မေတ္တာ ပို့သ လိုက်ရပါသည်

ခင်ဗျား ......... ။

နားဆင်ရန်
ဆက်ဖတ်မယ်...

ပိုက်ဆံအသစ် ၅၀၀၀ တန်နဲ့ ပတ်သက်တဲ့ သီချင်းလေးပါ

မိတ်ဆွေများခင်ဗျား

မြန်မာနိုင်ငံမှာ မကြာခင်ထုတ်ဝေတော့မဲ့ ပိုက်ဆံအသစ် ၅၀၀၀ တန်နဲ့ပတ်သက်တဲ့ သီချင်းလေးပါ။

စာသားတွေက ကြမ်းတယ်၊ ရိုင်းတာလေးလဲပါတယ်။ ဒါပေမဲ့ တေးရေး/ဆိုက ပြည်တွင်းက လူငယ်လေးတဦးပါ။ ရှစ်လေးလုံး အရေးတော်ပုံ ကာလတုန်းက ၅ နှစ်သား ကလေး တယောက်က ဒီနေ့ စစ်အစိုးရရဲ့လုပ်ရပ်တွေကို သူတတ်တဲ့ နည်းနဲ့ အချိန်မှီ ရှုတ်ချတယ် ဆိုတာကို အားပေးချင် တာရယ်၊ ဖြန့်ပေးဘို့ ပြောလာတာရယ်ကြောင့် မျှဝေ လိုက်ပါတယ်။

ကျေးဇူးတင်လျှက်

၅၀၀၀ တန်

တေးရေး/တေးဆို - နေပြည်တော်

၅၀၀၀ တန် ၅၀၀၀ တန် ဘိုးတော်ပေးတဲ့အကြံဥာဏ်
၅၀၀၀ တန် ၅၀၀၀ တန် စောက်သုံးမကျတဲ့ ၅၀၀၀ တန်
၅၀၀၀ တန် ၅၀၀၀ တန် ချီးကုံးရမဲ့ ၅၀၀၀
၅၀၀၀ တန် ၅၀၀၀ တန် ဘုရင်ရူးရဲ့ ၅၀၀၀ တန်
၅၀၀၀ တန် ၅၀၀၀ တန် လင်တရူးမ ၅၀၀၀ တန်

ဆလိမ် ဆင်ကောင်ကြီးနဲ့ ဘုရင်ရူးရဲ့ ၅၀၀၀ တန်
ဆလိမ် ဆင်းရဲသားတွေ စောက်ကျိုးနဲမဲ့ ၅၀၀၀ တန်
ဆလိမ် ဆင်ရဲ့ ဆင်( _ီး)ကြီးကို ဘုရင်ရူးက ကျိတ်ပီးကြိုက်နေတာ

ဘိုးတော်ပေးတဲ့အကြံဥာဏ် စောက်ဆံ ၅၀၀၀ တန်
နေပြည်တော်မှာသရဲခြောက် သန်းရွှေအသက်ပျောက်


၅၀၀၀ တန်
ဆက်ဖတ်မယ်...

ငါတို့အမေ

မျိုးဆက်သစ် လူငယ်များ အစည်းအရုံး
(တေးရေး တေးဆို - AK နှင့် နိုင် KT)
သီချင်း - ကိုရယူရန် (MP3)audio clip
သီချင်းနားဆင်ရန်
ဆက်ဖတ်မယ်...

အာဇာနည်ခေါင်ဆောင်းကြီးများကို အလေး....ပြု

တေးဆို = ဒေါ်မေလှမြိုင်
ပေးပို့သော ကိုမျိုးအားကျေးဇူးတင်ပါသည်။
source by :http://arzarni.blogspot.com/
ဆက်ဖတ်မယ်...

အခြေအနေများ

သူငယ်ချင်းများခင်ဗျား

ကျနော်တို့ Generation Wave ကရေးစပ်သီဆိုထားတဲ့ သီချင်းသစ်တပုဒ် မျှဝေပေးလိုက်ပါတယ်။အသံဖမ်းယူမှု အခက်အခဲတချို့ကြောင့် အသံအရည်အသွေးပိုင်းမှာလိုအပ်ချက်များရှိနေခဲ့ရင်သည်းခံနားဆင်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။ တတ်နိုင်သမျှလက်ဆင့်ကမ်း ဖြန့်ဖြူးပေးဖို့လည်း
တိုက်တွန်းလိုပါတယ်။

moethway
Generation Wave
http://www.generationwave-network.co.cc/ မှဖြန့်ဝေပါသည်။


A chay a nay myarr .mp3 -

Artist မိုးဃ်းသွေး
Produced by Generation Wave
စာသား

စာသင်တဲ့ကျောင်းခေါင်းလောင်းလည်းကွဲအက်ပြီ ပညာအဆင့်ကလက်နှိုက်မမီ
ဘွဲ့လက်မှတ်က အီးကုန်းလို့ရသည်
ကျောင်းကားမလောက်လို့ အားကိုးရှာကာ ရုံးခန်းသွားပြောသည်
ကျောင်းသား ၅ယောက် jail ထဲပို့လိုက်ပြီ

ပြည်သူတွေလုံးရင်းပါးရင်းအမွှေးကျွတ်ကုန်ပြီ တနေ့လုပ်တနေ့ငတ်သည်
ဘုန်းဘုန်းအတွက်တော့ ဆွမ်းလေးအမြဲကပ်သည်
ကိုယ်တော်တွေ ဆွမ်းဘုဉ်းပေးရင်း အတွေးထဲမြင် မျိုမကျတော့စဉ်းစားပြီ
ပရိတ်ထွက်ရွတ်တော့တုတ်နဲ့ရိုက်သတ်သည်
ပရိတ်ထွက်ရွတ်တော့ သေနတ်နဲ့ပစ်သတ်သည်

ဒါမြန်မာပြည်မှာတကယ်ကိုဖြစ်ခဲ့သည်
အာဇာနည်တွေမြင်ရင် ရှက်လိမ့်မည်
ငါတို့တခုခုတော့လုပ်မှဖြစ်တော့မည်

အာဏာရှင်ကို အမြစ်မဖြတ်နိုင်ရင် လူတွေ ဥပုသ်စောင့်ရမည်
တခေါက်တော့ ထပ်လို့လမ်းမထွက်မှဖြစ်မည်
လူညီရင်ပွဲပြတ်နိုင်သည် ပြိုင်တူတွန်းကြရွေ့ရမည်
ကုလသမဂ္ဂစောက်ဂရုမစိုက်တော့ပြီ

မုန်တိုင်းကြီးရုတ်တရက်တိုက်ခတ်မွှေသည် အလောင်းများသိန်းသန်းချီ
road map အစုတ်အပြတ် အလုပ်မပျက်ရှေ့ဆက်သည်
အကူအညီတွေပေးဖို့ အဝေးကတကူးတကလာသူမောင်းထုတ်ပစ်လိုက်သည်
အားလုံးလက်မြှောက်အရှုံးပေးလိုက်ရသည်



ဆက်ဖတ်မယ်...

လှောင်ချိုင့်ထဲကလူ

လှောင်ချိုင့်ထဲကလူ

သံစဉ်/ စာသား . ထက်အောင်ရှိုင်း
တေးဆို . ထက်အောင်ရှိုင်း.. A.K.T
သီချင်း - ကိုရယူရန် (MP3)audio clip
သီချင်းနားဆင်ရန်


ရေ့ .. ရေ့ ..စွန့်လွှတ် ၀ံ့သူတွေအတွက် မပြောမဖြစ် စကားလုံးများဟာလျှံထွက်
အကျိုးမငဲ့အားလုံးကောင်းစေဖို့ အတွက် အသုံးမတည့်တန်ဖိုးထားဘို့ အတော်ခက်
သူရဲကောင်း တို့ပေးဆပ်ကြဖို့ မျှော်တွက် အကြောင်းမဲ့ဖျက်လို့ဖျက်ဆီးလုပ်ရက်
အပြစ်မဲ့ထောင်ထဲခေါ်ကာနှိပ်စက် အပြုံးမပျက် အာဇာနည်တို့သွေးစက်
( နားလည်ဦး .. မင်းတို့နားလည်ဦးဟေ့ )
..... မိုးလင်းသွားလည်း အခန်းကျဉ်းလေးတခုတည်း ..( နိုးတ၀က် အိပ်ပျက် )
..... သူ့ရဲ့ဘ၀ကမှောင်ရီနေတုန်းပဲ ( အမုန်းမမက် အပြုံးမပျက် )
..... မျှော်လင့်ချက်မဲ့တဲ့ နေရက်တွေနဲ့ပဲ ( တရွေ့ ရွေ့  ကုန်ဆုံး )
လာပါယူပါ တကြော် ကြော်အော်နေတုန်း .. အကျိုးတရားတွေပေးနေတယ်မယူဘူးလား
ဒီလိုလူဟာတော်တော်တည်ငြိမ်တယ် .. အကျိုးရှိအောင်လုပ်ရင်လည်းလုပ်ပါလား
သဘောထားကြီးတဲ့လှောင်ချိုင့်ထဲကလူပဲ / ရယ် .. အတုယူထိုက်တယ်စံတင်လောက်တယ်
စိတ်ဓာတ်ဟာ ခိုင်မာတဲ့သံတိုင်ထက်မတုန်လှုပ်တာယုံကြည်ချက် တခုအတွက်
လိုက်ဖျက်သွေးခွဲကာလိုက်ဖျက် နှောက်ယှက်မရ ရအောင်နှောက်ယှက်
တချို့တ၀က်က အားသာတုန်းပြေးဖက် ကူဖော်မပါအများအားဖြင့်လောင်ဖက်
တနေ့တာခရီးဒီလောကကြီးအတွက် သင့်ရဲ့ကောင်းကျိုးများကိုရေတွက်
( နားလည်ဦး .. မင်းတို့နားလည်ဦးဟေ့ ) CHO:


ဆက်ဖတ်မယ်...

ဒုက္ခနဲ့ ဘ၀များ

ကျနော်နဲ့ ညီလေးတစ်ယောက်မတတ်တခေါက်လုပ်ထားတဲ့သီချင်းလေးတစ်ပုဒ်ပါ
ဒုက္ခနဲ့ ဘ၀များလို့ အမည်ရပါတယ်။
သီချင်း - ကိုရယူရန် (MP3)audio clip
သီချင်းနားဆင်ရန်

ကျွန်တော် အကိုလို အရမ်းခင်ရတဲ့ ကိုမင်းမော်စိုး တို့ ဖန်တီး ထားတဲ့ သီချင်းလေးပါ။
နားဆင်ခံစားကြည့်ပါဗျာ။ ကြိုက်ရင်လည်း ယူနိုင်ပါတယ် ခင်ဗျာ။
ဆက်ဖတ်မယ်...