Showing posts with label ဝတ္ထု. Show all posts
Showing posts with label ဝတ္ထု. Show all posts

၂၀၀၉ ပီနန် သင်္ကြန် အမှတ်တရ

မြန်မာ အတာသင်္ကြန်ပွဲကျင်းပရာ ပ်ီနန်မြို့မြန်မာဘုန်းတော်ကြီးကျောင်းမုဒ်ဦးပုံ

............*****.......----------******.......****...........----------------


သည်တခူး ရွှင်မြူး နှစ်ကူးရောက်ပြီးလေ…ရွှဲစိုအောင်ပတ်လိုက်တော့လေ…၂ဖုန်းကထည့်တဲ့ သီချင်းသံမြည်လာတယ်)၂ (RingingTone)ကိုသင်္ကြန်းတွင်းမို့ ဒီသီချင်းလေးထည့်ထားတာ မြန်မာပြည် အလွမ်းပြေပေါ့။ အိပ်တော့မယ် လုပ် မှ ဘယ်သူကဖုန်း ခေါ်ပြန်လည်း………ဟဲလို…ကိုလတ်ပါ။ “ဟဲလို...! ဟလို.....ကိုလတ် လား..............
ကျွန်တော်...xxxxx..
တနင်္လာ နေ့ မနက် ကျရင် သင်္ကြန်လိုက်ခဲ့မလား..ကျွန်တော်တို့ ကားငှားထားတယ်။
ပီနန်ဘုန်းကြီးကျောင်းမှာ...”

အဲဒီနေ့က...ဖုန်းဆက်လာတာက ညီငယ် တယောက်ပါ။
ကျွန်တော် တအားသွားချင်တယ်ဗျာ..ခက်တာက ..အလုပ်က တဖက်..နောက် အလုပ်ပိတ်ရက်နဲ့ က လွဲနေတယ်လေ။သွားချင်တာက ပျော်ချင်တာတွေထက် ကျွန်တော် တို့ ဘလောက်ကို လာလည်မည့် သူငယ်ချင်း မိတ်ဆွေတွေကိုလည်း ကြွားချင်တာ ပါတယ်။

အလုပ်မှာ လုပ်ဖော်ကိုင်ဖက်တွေက သဌေးကို အလုပ်ပိတ်ရက် တောင်းဖို့ ပြောကြတော့ လောလောဆယ် အလုပ်က ဒီရက်မှများနေတယ်။အဲဒီတော့ ခါတိုင်း ၂ ရက် ၃ရက် ပိတ်ဖို့ ပြောရင် ရတယ် လေ ။အရင်နှစ်တွေက အေးဆေး။ဟော ဒီနှစ်မှသင်္ကြန်က အကျရက် က တနင်္လာနေ့ ကြီး..ပြောရ ကြပ်တယ်ဗျ။ ညှိကြရင်း နှစ်ဆန်း ၁ ရက်နေ့ သောကြာနေ့ စနေ၊တနင်္ဂနွေ ပိတ်ရက် ရရော။ဆရာ သမားတွေက နှစ်ဆန်း ၁ရက်နေ့ နားချင်တာကို..။ချပေါ့ အားလုံး သဘောပဲ။

ဟော ဘုန်းကြီးကျောင်းမှာ သင်္ကြန်က တနင်္လာနေ့ လုပ်မှာဆိုတော့လွဲရောဟ...။အလုပ်ဖျက် သွားရင် ကောင်းမလား.. မသွားပဲ နေရင်ကောင်းမလား.........။ဘာလုပ်ရမလည်း...ဘယ်လို လုပ်ပါ့ မလည်း.............။


...........................................

ပီနန်မြို့ ဘုန်တော်ကြီးကျောင်း...
အားပါးပါး....လူတွေ ...ရွာက ဘုရားပွဲကြနေတာပဲ..အဲ ..ဟုတ်သေးဘူးဗျ..ရန်ကုန်က ..စတိတ်ရှိုးထက် လူတွေ များတယ်...အို.....များမှများ....

.........................“ကိုလတ် ရေ ကျွန်တော်တို့ အဖွဲ့က ဒီမှာဗျ...။”

“ကိုလတ် တို့ နောက်ကျ လှချည်လား...ဒီဘက်ကို လာ လေ..။

“ဟော... ဟေ့ကောင်တွေ ဟိုမှာ.. ကိုလတ်..သွားဆွဲ ကွာ...”
ပြောတာ က ညီငယ်..co2zenith..အမယ်
လက်ကို

လာဆွဲ တာ ကညီငယ်တွေဖြစ်တဲ့ ရွှေမိုးညို နဲ့ မိုးတိမ်


ဟဟ..ဖြေးဖြေးလုပ်ပါဟ..ထွက်မပြေးပါဘူးကွာ။


“မရဘူး အကို ဟိုဘက်ကို နောက်မှ လစ် ကျွန်တော်တို့ အဖွဲ့ နဲ့ ကဲ ဦး..။”

“ ဒီမှာ ဝါးတီးရှိတယ်..နော်စားဦး..”

အော် ဒီကောင်တွေများ ရွှေရင်အေး တိုက်တာ ကို များ.......။

“ဟေ့ ရောင်... ဇောင်းလေး ...ရေ ယူလာဦးဟ အကို ကိုလောင်းရအောင်...”

အား..အေးပါ့...စောစော စီးစီး ...လုပ်ပြီးဟေ့

အဲ ..ဒီကောင်းတွေ ကြားထဲတော့ မလွယ်ဘူး..ဟိုလူက ဆွဲ ဒီလူက လောင်းနဲ့ ကိုယ်က ကလေးမကျ၊လူကြီးမရောက်....။ဟို မရောက် ...ဒီ မရောက်.....လူ့ကန့်လန့် ..ပေါ့....အာ ..မဟုတ်သေးပါဘူး...။
နေပါဦး ငါ့ ညီတို့ ရာ..မင်းတို့က ဘယ်ကဘယ်လို ရောက်လာကြတာလည်း....။

“အော် အကို ကလည်း ဒီလိုပဲပေါ့ ..”
“အကို ကရော ကျွန်တော်တို့ ကို မပြောပဲ တယောက်တည်း လာတာကရော....”


အဲ ...ဟုတ်သား..မပြောမိဘူး.. ပီနန်ဘုန်းကြီးကျောင်းမှာ ..သင်္ကြန်ပွဲ ရှိတာကို..အဟတ်..ကိုယ့်ဘက်ကို အမှု ပြန်ပတ်လာတယ်..။

အသာလေး လစ်မှ....ဘယ်သူမှ ဂရုမဆိုက်မိခင်လေး....။


.................................................***********........................................

“အမယ်အမယ်...ကိုယ်တော်..

ကုတ်ချောင်းချောင်းနဲ့...ဘယ်ကနေ ရောက်လာတုန်း.......”
“နင်ပြောတော့ သင်္ကြန်တွင်း ဘယ်မှ မသွားဘူးဆို …ခုမှ မိပြီ လာခဲ့ ..”

အောက်မလေး ... ခါးကြီးထောက် လို့ ရှေ့ ကနေ့ ပိတ် ရပ်နေတာ...ဘယ်သူတွေ များလည်း မှတ်တယ်...ဆွီဒင်က အမ မကြည်ကြည်ခိုင်၊ရန်ကုန်က အမ တွေ က အမနိုရာ နဲ့ မ..အေးမြတ်မြတ်မင်း တို့ တွေ လေ...............................

တကယ့် အမတွေ နဲ့ မှ တွေ့ ရတယ် နော်....



“ဘယ်ပြေးမလည်း..လာခဲ့...............”.

သွားပြီး.......ဟဟ ကိုလတ် အကောင်သေးသေး လေးကို သူတို့ က မညှာမတာ..ဆွဲခေါ်တယ်..ရေခဲ ရေတွေနဲ့ လောင်းတယ် ဗျ..။ခုမှ ခြောက်မယ့် ကြံသေးတာကို..အား..အေးလိုက်တာ ..စိမ့်နေတာပဲ...

မနက် အစောကြီးထဲ က အမ မေတ္တာရောင်ပြန် က ရေလာလောင်းသွားသေးတယ်..

“ဒီနေ့ သင်္ကြန်အကျ နေ့နော် ... မနက်စောစော ရေလာလောင်းတယ်။ ဗွမ်းးးးးး ဗွမ်းးးးးးး ဗွမ်းးးးးးတဲ့ ”


နောက်ပြီး အုန်းထမင်းနဲ့ ဘဲသားတဲ့ ကျွေးသေးတယ်.. အသစ်.တွေ...ကျွေးစရာရှားလို့။

မစားချင်တာကို အမ တွေများ နော် ..ဝါးပါခွံ့ သေးတယ်..ဟီး...။
.........................................................................


ယောင်လည်လည်နဲ့ လစ်ထွက်တာတယ်..ဒီ အမတွေနားနေရင် ..ဆုံးမ စကားတွေ ကြားနေရဦးမယ်....

အမယ် ..ဒီမှာက မိန်းကလေးတွေ ချည်းပါလားဟ...ဟုတ်သဟေ့......ပျော်စရာပဲ.....


“အကိုကြီး လာတယ် ကွဟေ့... ရေနဲ့ပက် ကွာ.. ချုပ်ထား ..မလွတ်စေနဲ့...ဖမ်းထားကြ.....ပြေးပြီးဟေ့..”
“လိုက်ပါဟ ဖမ်းခေါ်ကြမယ်....”
ဟော ဗျာ ..ဘယ်သူတွေလည်းမှတ်တယ်...

ငါ့ ညီမတွေ ကြီး..ပဲ...ဟော ခေါင်းဆောင်က ငွန်ငယ်..အမယ် ခေါင်ခေါင်၊ သဉ္ဖာ၊ မေဇူ၊ ခိုင်ဇာ၊ မက်မက်၊ ဖူးမွန်၊လေးလေး၊ထွေးထွေး
..တို့ တွေ ပဲ ဟ...
အမယ် ဟိုး.. ဟင်းရေ အိုချက်နေတာလား. .ဝိုင်း မြီး၊ဝိုင်းသောက်နေတာလားမသိဘူး..ကျန်ညီမလေးတွေ ဖြစ်တဲ့ ညလေး၊သဇင်ဏီ ၊မလတ်နဲ့ ကဗျာဦး တို့တွေပေါ့။

ပြေးမှ ဒုက္ခတော့ ရောက်တော့မယ်......သူတိုက အဖွဲ့တောင့်တယ်...အများကြီးပဲ..။

လက်ထဲမှာလည်း အိုးမဲ တွေ နဲ့..မလွယ်ဘူး....။သင်္ကြန်မကြခင်ကတည်းက က..အိုးမဲ သုပ်ကျင့်နေတာ...သဉ္ဖာနဲ့ မေဇူက ကျွမ်းကျင် အဆင့် ရောက်နေပြီး..။ မချောင် ဘူး ထိလို့တော့....နာပြီးသာမှတ်...နှစ်ရက်လောက် ရေးဆေးလို့တောင် ပြောင် မယ် မထင်ဘူး...

ညီမတွေ က ...ကိုယ့် အကို ဆို ပြီး ညှာမှာ မဟုတ်ဘူး....ဖိုက်တာတွေ ပဲ....။
လွတ်တဲ့ နေရာ သွားနေမှပဲ ရမယ်...။ပြေးပြီးဟေ့..............။

............................................*********************..........................................

တွေ့ သမျှလူတွေကလည်း...ဘလောက်ဂါတွေများတယ်...သိသလိုလိုနဲ့ တွေ့ဘူးသလိုလို တွေပဲ...။ဘလောက်ဂါ သင်္ကြန်ဖြစ်မယ်..ဟဟဟ။



ဟော့..အကျီင်္မှာ ကဗျာ တွေနဲ့ ဒီဇိုင်းထွင် ဝတ်နေကြတာ အော်....... ရဲဝင့်သူတို့ အဖွဲ့ပဲ..။ ညီငယ်...အရုပ်ကလေးရော၊ နွယ်ရိုးရော..အိမ် ရော၊ အမယ် ဒေါင်းမင်း ..ရော ပြန်ရောက်နေတယ်ထင်တယ်....။

ဟော...ရဲဝင့်သူ....မြင်သွားတယ်...

“အကို အေးဆေးပဲလား.. တဲ့....လှမ်းမေးနေတယ်...။”


အေး တာမှ ညီရေ ခိုက်ခိုက်တုန် နေတယ်ဟ...။
.
........................................................................................

အမယ် ဒီမှာက ကိုတွီနိုင်း ၊ ဦးဂင်ကြီး၊ကိုမင်းမော်စိုး၊ကိုခွတ်ဒေါင်းမြေ၊ကိုပန်းစကား၊ကိုဆောင်းယွန်း၊Upasaka၊
ကိုစိုင်းတို့တတွေပါလား..။အော် မုန့်ဟင်းခါးစားရင် စကားပြောဆွေးနွေးနေတာနေမယ်။
နေတော့ ကိုယ်သွားရင် သူတို့စကားဝိုင်း ပျက်တော့မယ်....အေးလည်း..အေးနေပြီ..။ ပြန်မှ....

ပြန်ဖို့ အတူလာတဲ့ ဘော်ဒါတွေ ရှာဦးမှ..လူတွေတော့ စုံးသား...နာမည်မသိတဲ့သူတွေရော... မေ့နေတဲ့သူတွေရော...အာပါး အများကြီးဟ...ပျော်စရာ တော်တော် ကောင်းတာပဲ...။အော် ဒီနှစ်က သံချပ်တွေရော ယိမ်းတွေ ရော...စုံသား....တော်တော် စည်တာပဲ.................
ဘယ်သူမှ မတွေ့ခင် ဓါတ်ပုံတွေ ရှောက်ရိုက်ဦးမယ်...။ မိုးကလည်း နော် အုံ့နေတာပဲ....။နေတိုင်း ရွာနေတာ...

အား.....အေးတယ် ဗျ...အသည်းထဲ တောင် စိမ့်နေအောင်ကို အေးတာ...

ဘယ်သူ မှ လည်း ပြန်ဖို့ ပြင်တာ မတွေ့ ဘူး...ကိုဝင်းအောင်း တို့ အဖွဲ့ မတွေ့ တော့ ပါလား...ထားခဲ့ ပြီး ပြန်သွားတာလား....။ ရှမ်းလေးနဲ့ ထွန်းနိုင်ရော............ဘယ်ရောက်နေလည်း....
ဟေ့ကောင်တွေ...ဘယ်ရောက်ကုန်လည်း.....ချမ်းနေပြီကွ..။

အဝတ်ပိုက လည်း မရှိဘူး....အင်း..ဖျားမယ်ထင်တယ်။

.....အေးလိုက်တာ.....အေးတယ်....ဒုက္ခပဲ.....တအားအေး နေ..လို့....။
ကို.....လတ်.....ကိုလတ်......ကို..မိုး.....ကိုမိုး.....
ဟော.....ခေါ်သံလိုလို ကြားတယ်....ဟုတ်လားမသိဘူး....

ကိုလတ်...ကို..လတ်....

ကိုမိုး.......ကိုမိုးးးးးးးးးးးးးးးးးး အာ ခေါ်မရဘူးဟ..
လှုပ်ကြည့် ပါဦး...။
အေး..ကွ..။

လုပ်ပါဦးဟ...ဒီလောက်တောင်အိပ်လှချည်လား...

ရှိသေးရဲ့လား...စမ်းကြည့် ပါဦးဟ...ရပ်သွားပြီးလား...???????????။
ကိုလတ်..ကိုလတ်

အင်း ဘာလည်း..ဗျ ပြန် တော့မှာလား..။ခင်ဗျားတို့ က ဘယ်ရောက်နေတာလည်း...!!!!!!!!!!!

ဘာတွေ ပြောနေတာလည်း ဟ...ဘယ်ကို ပြန်မှာလည်း...။ ခင်ဗျာ အလုပ်မဆင်းဘူးလား
၈ နာရီခွဲတော့မယ်လေ..ထ..ထ ..ထတော့.. လေဗျာ...။
ခင်ဗျာ အိပ်နေတာ လည်း ဗျာ ...ရပ်တော့မယ် ..။
ဒီလောက်တောင်ဗျာ..မိုးတွေက ယို ကျ နေတာ ..
ခင်ဗျား အိပ် ယာ လည်းကြည့် ဦး...ရေ စိုရွှဲ နေတာပဲ...။
အဲဒါတောင် မနိုးဘူးဗျာ..။ဘယ်လို အိပ်နေတာလည်း..။

ကျွန်တော် တို့ က ခင်ဗျာ ညက အိပ်တာ နောက်ကျတယ်ဆို မနိုးပဲ နေတာ..။ အလုပ်ရှိတယ် သွားရမယ် အရေးကြီးတယ်ဆို လို့ နိုးနေတာ...။ ဟာ ..ခင်ဗျားတော့ ...အအေးပတ်တော့မယ်ဗျာ။


ဟာ!!!!!!!!!!!!

ဒါဆို..................။ ။


အားလုံးသောမိတ်ဆွေများ နှစ်သစ်မှာပျော်ရွှင်ကြပါစေ။

ခင်မင်မှုများစွာဖြင့် ဘလောက်ဂါ ညီကို မောင်နှမ တချို့နှင့်အွန်လိုင်းပေါ်မှ ညီကို မောင်နှမများအားထည့်သွင်းရေးသားထားပါသည်။ တစ်ယောက်ချင်းခွင့်မတောင်းနိုင်သည့် အပေါ်တွင် နားလည်ခွင့်လွတ်ပေးလိမ့်မည် ဟုထင်ပါသည်။
ကျွန်တော် မရောက်ခဲ့သော ပီနန်ဘုန်းတော်ကြီးကျောင်း သင်္ကြန်မှ ဓါတ်ပုံများကို ရိုက်ကူးပေးသော ကိုဝင်းအောင်အားလည်း ကျေးဇူးတင် ရှိပါတယ်။

ခင်မင်မှုများစွာဖြင့် အားလုံးကို ပျော်စေချင်သူ
ဆက်ဖတ်မယ်...

ချစ်ရနံ့လေး မပျောက်ပြယ်စေချင် ဇာတ်သိမ်းပိုင်း

“ဒီလို..ကွာ...”
“ညီ ပြောတာ က..အခု လက်ရှိ ..ညို အိပ်ရင် ခြုံအိပ် နေတဲ့ စောင်လေးကို..အမှတ်တရ လက်ဆောင် အဖြစ် ညီ ကိုထည့် ပေးလိုက်လို့ ပြောတာ....”

ပထမတော့ ညို က ကြောင်းအမ်းအမ်းလေး ဖြစ်သွားတယ်လေ။ဖြစ်လည်း ဖြစ် စရာလေ
ကျွန်တော်တောင်းလိုက်တာကလည်း ကြည့်ဦး..အဟီး ..တော်တော် ကဗျာဆန်တာကိုး။
နောက်မှ..ပြာပြာ သလဲ ပြန်ပြော တယ်။

“ဟာကွာ....ဘာတွေ တောင်းမှန် မသိဘူး...စောင်ကြီး ဘာလုပ်ဖို့ လည်း ညီ ကလည်း”
“တခြား..စဉ်းစားဟာ....စောင် တော့မယူပါနဲ့ ...သူများတွေ သိရင် ရှက်စရာကြီး....”


ဒီတော့ ကျွန်တော်က ညို ကို သေချာရှင်းပြရတယ်။

“ဒီလို လေ ညို နဲ့ ညီ နဲ့ ခွဲနေရမှာက သုံးနှစ် နော်..။ ညီ မှာ ညို ကို လွမ်းရင် ကြည့်ဖို့ ညိုဓါတ်ပုံလေး ပဲရှိတာမဟုတ်လား။ ညို စောင်လေး ကို ယူသွားတယ်ဆိုတာ ညို ကိုယ်သင်း
ရနံ့လေး က ညီ နားမှာအမြဲရှိနေစေချင် လို့ပါ။ဒါမှ ညအိပ်ယာ ဝင်တိုင်း ညိုစောင်လေး ကိုခြုံ
ဓါတ်ပုံလေး ကို ကြည့် အလွမ်းလေတွေပြေ...ဟော ဘယ်လောက် အစဉ်ပြေလိုက်လည်းလို့”


အဲဒီလို သေချာရှင်းပြလိုက် မှ မိရွှေချော က သဘောပေါက်နားလည်းသွားတာ ဗျ။ဒီတော့ မှ

“ ဒါဆို လည်း ညို သေချာ လျှော် ပြီထည့် ပေး လိုက်မယ်လေ”
ဆိုပြီး အဆင်ပြေသွားတော့တာ။
ကျွန်တော်လည်း ပတ်စပို့စ် တို့ စာရွက်စာတန်းတွေ အဆင်သင့် ဖြစ် နေပါပြီ။ ပြောမယ်ဆိုရင် ထွက်ခွာရမယ့် နေကို စောင့် နေရတယ် ဆိုပါတော့။ ဘယ်နေ့ လည်းလို့ သေချာ မသိသေးပါဘူး။ ဒီ လိုနဲ့ ရန်ကုန် နဲ့ ရွာ ၊ ရွာနဲ့ ရန်ကုန် ခေါက်တုန့် ခေါက်ပြန် သွားနေရတယ်လေ။ ဘယ်သူတွေကတော့ မျက်စေ့နောက်မလည်း မသိဘူး။သေချာတာ ကတော့ ရွာက အောင်နက်တို့၊ဂုတ်ကျားတို့၊ မြှီးတိုမ တို့ အုပ်စု ကတော့ သိပ် မကြည်တော့ဘူး။ ကျွန်တော့နောက် က လိုက်ပြီး အော်နေရတာ အသံတွေတောင်ဝင်လှပေါ့။
တဝုတ်ဝုတ်...နဲ့လေ။

ရွာပြန်ရောက်ရင် လည်း..ညို တို့ အိမ်ကို သွား ပြီး အကျိုးအကြောင်း ပြောရသေးတယ်။ဒီ
ရက်ထဲ လည်း ညို ခင်ဗျာ မအားရှာပါဘူး။သူ ညီမ တစ်ဝမ်းကွဲ မင်္ဂလာဆောင် ရှိလို့ ဝိုင်းကူ
လုပ်ပေးနေရတယ်လေ။ဟောနောက်ပြီ သူက အဲဒီ မင်္ဂလာဆောင်မှာ သတို့သမီး အရံတောင်
လုပ်ရ ဦးမတဲ့လေ။ သူကတော့ ပြောရှာပါတယ် ညိုကလေ ရှက်လို့ မလုပ်ချင်ဘူး။အဖွား ရယ် အဒေါ်တွေ ရယ်က မရဘူး လုပ်ရမယ်တဲ့။ကိုယ့် ညီမလေး မင်္ဂလာဆောင် ငြီးမလုပ်လို့ ဘယ်ဖြစ် မလည်းဆိုတော့ ညိုလည်း ခေါင်းညိမ့် ရတာလေ။ ညို အဖွား ကလည်း သူ့ မြေး ညို
မှ ညို လေ။ည အိပ်တာတောင် ညို နဲ့ အတူ အိပ်တာ။

ဒီလို နဲ့ တစ်နေ့ တော့ ကျွန်တော် သွားရဖို့ ရက် အတိ အကျ သိရပါပြီ။ကျွန်တော်မှာတော့ ပျော် တဝက် မပျော် တစ်ဝက် နဲ့ပေါ့။ပျော်တယ် ဆိုတာ ကကျွန်တော် အရမ်းသွားချင်နေတဲ့ နိုင်ငံခြား ကို သွားရတော့မှာ မို့ ပျော်သလို နောက် မပျော် တစ်ဝက် ကတော့ ချစ်တဲ့ မိသားစု
ကို အကြာကြီး မခွဲသဖူး ခွဲသွားရမှာ ရယ် လေ။ခင်ဗျာ တို့လည်းခံစားဘူးမှာပေါ့။နောက်မေးဦး မလား ညို နဲ့ ခွဲရတာရော မပါဘူးလားလို့ စောစော ကပြောတဲ့ မိသားစုထဲမှာလည်း ညို လည်း
ပါတယ်လေ။ ပိုဆိုး တာကတော့ ကျွန်တော် သွားရမည့် ရက်နဲ့ ညို ညီမလေး မင်္ဂလာဆောင်
ရက် နဲ့ တိုက်ဆိုင်နေတာပါပဲ။ ကြွေပြီ ဗျာ ကျွန်တော် ဘာတက်နိုင်မှာ လည်း.......
တကယ် ဆိုရင် ညို က ကျွန်တော် ရန်ကုန် သွားရင် လိုက်ပို့ ဖို့ ပြောထား ပြီးသားလေ။အဖေ ၊ အမေ ၊ညီမလေး တို့တွေ နဲ့ လိုက်ခဲ့ ဖို့ ပါ။ ခုတော့ တိုက်ဆိုင် လိုက်တာ ကတော့ သေချာ ချိန်ထားရင် လွဲ ရင် လွဲ မယ် ဒဲ့ မှ တည့်တည့် ကြီး ဗျာ။

ညို မလည်း မျက်နှာ မကောင်း ရှာပါဘူး။
ကျွန်တော်က ပဲ သူ ကိုထုံစံ အတိုင်း အားပေးနှစ်သိပ် ပေးရပြန်ပါတယ်။
“ရပါတယ် ညို ရယ်....ညီ..နားလည်ပါတယ်။ညီ နဲ့ ညို နဲ့ က တသက်လုံး ခွဲနေရမှာမှ မဟုတ်တာ။တစ်ခဏ တာခွဲခွာနေရ တာ။အခု လို ခွဲခွာနေရတယ်ဆိုတာ ကလည်း နောင် မှာ အတူနေ ရဖို့ မဟုတ်လား။ ညို နဲ့ ညီ ဘယ်လောက် ဝေးဝေး ညီ နှလုံးသားထဲ မှာ ညို ရှိနေတယ်လေ။ထာဝရ ရှိနေ ပြီသားပါ ။ညီ ...ညို အပေါ်မှာ သစ္စာရှိနေမှာပါ။ အချစ် မှာ
နီးခြင်း ဝေးခြင်း က အဓိ ကမကျပါဘူး ကွာ..တစ်ဦးနဲ့ တစ်ဦး သစ္စာ ရှိဖိုက အဓိက မဟုတ်လားကွာ။”

“ ညိုမှာ အခက်အခဲ ရှိလို့..လိုက် မပို့ပေးနိုင်တာ..ညီ နားလည် ပေးရမှာပေါ့”
မနက်ဆိုရင် ခွဲ ကြ ရတော့မှာ......
အဲ ဒီ ည ကဆို ညို ရယ် လေ ကျွန်တော် နားမှာ နေပေး ပြီး တရှုံ့ရှုံ့ နဲ့ငိုလို့ ပစ္စည်းတွေ ကို ကူထည့် ပေး ပြီး စကားတွေ ပြောလို့ မဝအောင် မှာနေပါတော့တယ်။

“ ညီ ...ဟို ရောက်ရင် အစား အသောက် အနေအထိုင် ဂရုစိုက်နော်။ရေ ချိုး မမှားစေနဲ့
ကျန်းမာရေး ကို ဂရုစိုက် နော်။ ည ဘက် ကို ညဉ့် နက် အောင် မနေ နဲ့နော် စောစော အိပ်။”


အများ ကြီး ပါ ပဲ အမေ ကတောင် ပြော ယူရတယ်...

“သမီးရယ် အန်တီတောင် မှာ စရာ မရှိတော့ပါလား။ငါသမီး မှာတာတွေ နဲ့ တောင် ပြည့်စုံနေပါပြီ။ သမီး. ရဲ့...ညီ က ကလေးမှ မဟုတ်တော့ တာ...ဒီလောက် မဆိုးရိမ်နဲ့နော်
ငါ သမီးလည်း ပင် ပန်းလှပါပြီ ဟိုပြေးရ ဒီပြေးရနဲ့ ကဲကဲ ပြန်နားဦးနော် မနက် ကို အစောကြီး
ထ ကားဂိတ် လိုက်ပို့ မှာ မဟုတ်လား။”

အဲဒီ တော့ မှ ပြန်သွား ရှာ တယ်။ တကယ် ဗျာ အရှုးမလေးလိုပါပဲ။သနားစရာ ကောင်းပါတယ်။သူ အချစ် ကို ရခဲ့ တဲ့ ကျွန်တော် ကတော့ ကံကောင်းတယ်လို့ ထင် တယ်လေ။ ခင်ဗျာ တို့ ရော ဘယ်လို ထင် လည်း။

ကျွန်တော်..ရွာကနေ ထွက်ခွာရမည့် နေ့ မှာပေါ့......
ချစ်သော..ညို...ရယ်လေ...
မ နက် မိုး မလင်း ခင် အစော ကြီး ပေါက်ချ လာပါရော... ကျွန်တော် တောင်းထားတဲ့ လက်ဆောင် အထုပ်လေး ကို ပိုက်လို့ ပေါ့။

“ည က ပေးမလို့ နေလှန် ထားတာ သိပ် မချောက်သေးလို့ လေ။ဒီ မှာ မျက်နှာသုတ်ဖို့
မျက်နှာ သုတ်ပဝါပါ ထည့်ပေးလိုက်တယ်နော်...။“
အဲဒီလောက် ဝီရိယ ကောင်းလိုက်တာများ..ဒီကကောင်းက မနက်စောကြီးထရမှာ ပျင်း
နေတာ။
ဒီလိုနဲ့..အဲဒီမနက်စောစောမှာ..ကားဂိတ် ကို ညို...လိုက်ပို့ ပေးရှာပါတယ်။ရန်ကုန် အထိ
မလိုက် နိုင်တာကို...စိတ်မကောင်းဖြစ်တာရော၊ ခွဲရမှာမို့ စိတ်မကောင်းဖြစ်တာရော ပေါင်းပြီး
ညို..မျက်ဝန်းတွေ မှာမျက်ရည် စတွေနဲ့ ပေါ့။
ညို..နားမှာ ကျွန်တော် ရှိနေမပေးနိုင်တဲ့ အတွက် ကျွန်တော်လည်း စိတ်မကောင်းဖြစ်ရပါ
တယ်။

ကျွန်တော်တို့်လိုက်ပါ..စီးနင်း တဲ့ ကားလေး စတင်ထွက်ခွာ တော့..ညို..ရယ်လေ လက်ကလေးကို..ဝှေ့ရမ်း နုတ်ဆက် ရှာတယ်ဗျာ။ကျွန်တော်ရင် နှလုံးသားကို နာကျင်စူးနစ်စေပါတယ်။ညိုပုံရိပ်လေးဟာ..ဝေးရင်..ဝေးရင်း မှုန်ဝါးဝါး နဲ့ ပျောက်ကွယ်သွား သလို ကျွန်တော့် နှလုံးသားဟာလည်း ညို နဲ့ အတူကျန်ရစ် ခဲ့ ပြီလို့ကျွန်တော် နားလည်လိုက်ပါတယ်။ နုတ်ဆက်နေပုံလေးကို မျက်ဝန်းထဲ ရင်ထဲမှာ ဘယ်တော့မှ ဖျောက်ဖျက်လို့ရ မယ် မထင်ပါဘူး ညို..ရယ်။

ဒီလိုနဲ့ နိုင်ငံခြား ကိုရောက်ခဲ့ရပါတယ်။အလုပ်သစ်၊နေရာသစ်၊ပတ်ဝန်းကျင် အသစ်မှာ နေသားတစ်ကျဖြစ်အောင် နေထိုင်ရင်း အဆင်ပြေအောင် ကြိုးစားနေနေရပါတယ်။
အားတဲ့အချိန်..ဆိုလို့ ည အိပ်ယာ ဝင်ချိန်လောက်ပါပဲ။ညအိပ်ယာ ဝင်တာနဲ့ ညို..ပေးလိုက်တဲ့
စောင် လေးကို နှလုံးသားနဲ့ အနီးဆုံး ရင်ဘတ်ပေါ်တင် ပြီးရင် ညို..ဓါတ်ပုံလေး ကို ကြည့်
အဟား..အဆင်ကို ပြေလို့..အလွမ်းတွေ တော့ ဘယ်ပြေပါမလည်းလေ။အရမ်း ကြည်နူးစရာဗျ
အမယ် စိတ်ထင်လို့လား မသိဘူး ညို့....ကိုယ်သင်းရနံ့လေးတွေ သနပ်ခါး နံ့လေးတွေကမွှေးလို့လေ။
ရောက်ပြီးသိပ်မကြာခင် အဆင်ပြေတဲ့ အချိန်မှာ အိမ်ကို ဖုန်းဆက်တော့..ညို နဲ့ စကား မပြော
လိုက်ရဘူး။ခရီးထွက် သွားတယ် ဆို ပဲ။သူ့ အဖွားခေါ်သွားတာတဲ့။နောက်တစ်ခါ ဖုန်းဆက်မှ သူနဲ့ပြောရတော့တယ် ။ပြောလိုက်တဲ့စကားတွေဗျာ..အစုံပါပဲ။သူ ကြီးပဲပြောနေတော့တာ။

“သတိယတာပေါ ညီ ရယ်..ညို ကပိုတောင်ပိုသေးပါတယ်..အော် မေ့တော့ မလို့ ညီ ရေ.. ညီကို ညို တောင်းပန်စရာရှိသေးတယ်.. ညီ စိတ်မဆိုး ရဘူးနော်..နောက်ပြီ
ညို ကိုလည်း အပြစ်မတင်ပါနဲ့နော်...”

ကျွန်တော့ စိတ်ထဲ မှာ တစ်မျိုးကြီး ဖြစ်သွားရတယ်..ဆိုးရိမ် စိတ်တွေ များတာလည်း ပါမှာပေါ့လေ။ ရှားရှား ပါးပါး ဒီချစ်သူလေး တစ်ယောက် ရှိပါတယ် ဘာတွေဖြစ်ပြန်ပြီလည်း..
သိချင်စိတ်က များနေပြီ ပေါ့။အမြန်ပြန် ပြောလိုက် မိတယ်..
“အင်းပါကွာ ပြောမှာသာ ပြောပါကွာ အပြစ်လည်း မတင်ဘူး ၊ စိတ်လည်း မဆိုးဘူး
ဟုတ်ပြီလား..”
သူ ကျွန်တော့ ကိုပြောပြတယ်...။

“ ညီ....ညို ရယ်လေ...ညီ ကိုစောင် မှားပေးလိုက်မိတယ် သိလား”

“ အင်..ဘာရယ်..ဘာရယ်..ညို..သေချာ ပြောလေကွာ”

“ဒီလို ....ညီ..ရေ.. အဖွား စောင်ရယ်..ညို့..စောင်ရယ်ကအရောင်တူ၊အဆင်းတူလေ။ အတူတူလျှော်ပြီးလှန်းထားတာ အဲဒီမနက် က ညို..လည်းမနက်စောစောထပြီး..ကမန်းကတန်းနဲ့ ဆိုတော့ သေချာ မကြည်မိပဲ
ခေါက်ပြီးယူလာတာ။နောက်တော့ မှ ကြည့်တော့ ဒီမှာကျန်ခဲ့တာ ..ညို စောင်။ညီ..ကို ပေးလိုက်မိတာ က အဖွားစောင် ဖြစ်နေတယ်။အဟိ..ညို တမင်လုပ်တာမဟုတ်ဘူးနော်”

ကဲကောင်းရောဗျာ...ဒီကကောင် ကတော့ ဟင်း....ချစ်သူ ကိုယ်သင်းရနံ့လေးပျောက်သွားမှာဆိုးလို့..အသာ လေးနမ်းနမ်း ပြီးဖီးတွေတက်လို့...ခုတော့..
ကြားလို့ မှကောင်းကြသေးရဲ့လား....။ပြန်လည်း မပြောကြပါနဲ့တော့ ...အဟီး.....။
တက်နိုင်ပါဘူး...ညို..ကိုလည်းအပြစ်မတင်ရက်..အပြစ်မရှိတဲ့စောင်လေးကိုလည်း မစွန့်ပြစ်ရက်။ ညို..အဖွားလည်းကိုယ့်အဖွားပဲမဟုတ်လား ..ညို..ကအဖွားကိုချစ်တော့..ညီ လည်းချစ်ရမှာပေါ့လေ။ဒီလိုပဲ ညို့အဖွားရဲ့ ကိုယ်သင်ရနံ့လေးနဲ့ပဲ သုံးနှစ်လုံး နှပါးသွားရတော့ မှာပေါ့...။အရပ် ကတို့ရေ...အဟင့်...
သူများတွေ လို ရိုးရိုး မလုပ်ပဲ စတန့်ထွင်ချင်တာ ဆိုတော့ ကိုယ့်အပြစ်နဲ့ကိုယ်ပဲ .......
... ပြီးပါပြီ...။ ။

အလုပ်များနေသဖြင့် အပိုင်းတစ်ခုနှင့်တစ်ခု ကြာနေသည်ကို စိတ်ရှည်စွာဖြင့် စောင့်ပြီး ပြီးဆုံးအောင် စောင့် ဖတ်ပေးသော သူငယ်ချင်းများ၊မိတ်ဆွေများကို ကျေးဇူးတင်ရှိပါကြောင်း။
တကယ့် အဖြစ်အပျက်တစ်ခုအား အခြေခံ၍ဖတ်ကောင်းအောင် ရေးသားထား ခြင်းဖြစ် ပါသည်။ ဖတ်မကောင်းဖြစ်ရသည်မှာလည်းအရေး အသားညံ့ဖျင်းမှုကြောင့်ဖြစ်ပါသည်။ အကယ်၍တစ်စုံတစ်ခု တိုက်ဆိုင်မှု ရှိပါက မတော်တစ်ဆ တိုက်ဆိုင်မှု သာဖြစ်ပါကြောင်း။

ဆက်ဖတ်မယ်...

ချစ်ရနံ့လေး မပျောက် ပြယ်စေချင် ဒုတိယ ပိုင်း

ပြောရဦးမယ်ဗျာ..ပြောလက်စနဲ့ နော် မထူးပါဘူး ဟုတ်လား အဟားဟား...။သူတို့ညီ အမတွေက မျက်ခုံး၊မျက်လုံး အရမ်းကောင်းကြတယ်။မသိတဲ့ သူတွေဆိုရင် အိန္ဒိယ မလေးတွေလို တောင်ထင်မှတ်မှားကြတယ်ဗျ။ နောက်ပြီး ညို..ဘာတွေဝတ်ဝတ် ကျွန်တော် မျက်လုံးထဲမှာတော့ အရမ်းလှနေတယ်။ဘာမှ ကို ပြောစရာ မလို လောက်အောင် အရမ်းလှတယ်ဗျာ။တကယ်ဗျာ..ကိုယ့်ချစ်သူမို့ ပြောတယ်ထင်ကြမယ်..နောက်မြန်းကြုံ ရင်မိတ်ဆက်ပေးရဦးမယ်..အားလုံးနဲ့ပေါ့။ဒါပေမယ် သူက တစ်ခါတစ်လေကြတော့ အရမ်းအူကြောင်ကြောင်နိုင်တယ်။ခေတ်စကားနဲ့ပြောရရင် အရမ်းဝေးတယ်ပေါ့ဗျာ။သူကြောင်တောင်တောင်လုပ်တိုင်း ကျွန်တော်ခဏ ခဏ ခံရတာမနည်းပါဘူး။သူ့အကြောင်းကို သိနေတောလည်း အောင့်သက်သက်နဲ့ ခွင့်လွှတ်ရတာ
ပေါ့။ကျွန်တော်ကလည်းအစ အနောက်က သန်လေတော့ ညို မှာကျွန်တော်အကြောင်ရိုက်
တာ စတာနောက်တာတွေကို ခံရတာပါပဲ။ဒီလို တစ်ရောက်တစ်လှည့်ဆိုတော့လည်း သူအပြစ် ကိုယ့်အပြစ် ငြိမ်းချမ်းစွာကျေးအေးလိုက်ကြတော့ ဘာပြဿနာရယ်လို့ ကြီးကြီးမားမား မရှိလှပါဘူး

ဒါပေမယ့် ဒီတစ်ကြိမ် ကျွန်တော်ခံလိုက်ရတဲ့ ကိစ္စကတော့ တော်တော်လေး အီစလံဝေ
သွားတယ်လိုပြောရ မှာပါ။ကျွန်တော်က နိုင်ငံခြားမှာသွားပြီး အလုပ်လုပ်မယ်လို့ ညို ကိုပြောတော့ ခါးခါးသီးသီး ငြင်းပါတယ်။

Send this eCard !


“မသွားပါနဲ့လား ညီ ရယ် ။ဟို ရောက်ရင် ညီ တစ်ရောက်တည်း ဖြစ်နေမှာ နေထိုင် မကောင်းဖြစ်ရင် ဘယ်လိုလုပ်မလဲ။
“နောက်ပြီး နေရထိုင်ရတာ စားရသောက်ရတာ အဆင် မပြေဖြစ်နေမှာပေါ့။စိုးရိမ်းပါတယ် ညီ ရယ် မသွားပါနဲ့လားဟင်။”
ကျွန်တော်က
ညီ ဒီလိုသွားပြီး အလုပ်လုပ်တယ်ဆိုတာကလည်း ညို နဲ့ မြန်မြန်လက်ထပ်ဖို့ နောက်ပြီး ညီ တိုရှေ့ရေးအတွက်လည်းပါပါတယ်။ ဒါမှ ညီ တို ဘဝ ရှေ့ရေး မှာ ပျော်ရွှင်ချမ်းမြေ့ ပြီး ပြည့်စုံတဲ့ ဘဝတစ်ခု ကို တယ်ဆောက်လို့ ရမှာပေါ့ ညို ရယ်...။”
သေချာ ရှင်းပြ မှ သဘောပေါက်လက်ခံ သွားတယ်။
ညို က နှစ်ရှည် လများခွဲ မနေချင်တာလည်းပါမှာပါ။သူ က ကျွန်တော်ကို သိပ်ချစ်တာ လေ။
သူကပြောသေးတယ်..

ညီ ရယ် ..ညီ သွားနေတဲ့ ရက်တွေမှာ ညို တော့ လွမ်းလို့ နေရတော့မှာပေါ့နော်။”

ဒီလို ဆိုတော့လည်း စိတ်မကောင်းဖြစ်ရပြန်ပါတယ်။ဒါပေမယ် ကျွန်တော်က အရမ်းသွားချင်နေတာလေ။ချစ်သူ ရှိက ခွင့်ပြုချက် ရပြီ ဆိုတော့...နောက်ထက် အမေ ကိုခွင့်တောင်းရသေးတယ်။လူကြီးဆိုတော့ ဗျစ်တောက်ဗျစ်တောက် နဲ့ ပြောတော့တာပါပဲ..။တော်သေးတယ် ညို ကိုပါ ဝိုင်းကူးပြောဖို့ ခေါ်ထားမိလို့။ညို ကပါ ထောက်ခံ ပေတော့ အဆင်ပြေ သွားပါရောလား။

အဲဒါနဲ့ နောက်နေ့ မှာ သွားဖို့လာဖို့ စီစဉ် ရတော့တာပေါ့။အလုပ်တွေရှုပ်နေတာနဲ့ ညို နဲ့တောင် စကား မပြောဖြစ်၊ မတွေဖြစ်တာ တော်တော်ကြာသွားတယ်။ မချော ကတော့စိတ်ကောက်နေပေါ့။သူကတော့ ကျွန်တော်သွားတော့မယ် ဆိုတော့ အားပေးနှစ်သိပ်ပေးမယ် သူ သူ့နားမှာ မရှိတော့ အားငယ်နေရှာမှာပေါ့လေ။

Send this eCard !


ဒါကြောင့် အချိန်လေးနည်းနည်း ရတာနဲ့ ပြေး ပြီ ကျေနပ်အောင်လည်း ချောမော့ ရသေးတယ်။သူကို လည်း စိတ် မညစ် စေချင်ဘူးလေ။

တစ်နေ့တော့ သွားဖို့ လာဖို့ အကြောင်း တွေ ဖေ နှင့် မေ ကို ပြောပြနေတုန်း ..ညိုရောက် လာပါတယ်။ဖေနှင့် မေ ကလည်း ကဲ့ သားတို့ သမီးတို့ လွတ်လွတ် လပ်လပ် စကားပြော ကြဦး
ဆို ပြီး ဧည်ခန်းထဲကနေ ထွက်သွားကြတယ်။ညို ကတော့ သူ ထုံးစံ အတိုင်း ရီဝေဝေလေး နဲ့ ကျွန်တော်ကိုထိုင်ကြည့် နေတယ်လေ။ ကျွန်တော် ကပဲ စပြီး ပြောမှ သူကပြန်ပြောတယ်....

ညီ.. ..ညီ သွားရင် ..ညို လေဘာလက်ဆောင် ပေးရ မလည်း စဉ်စားနေတာ..အခုထိ စဉ်း
စားလို့ မရသေးဘူး ဖြစ် နေတယ်။ အဒါ ..ညီ ..ပါဝိုင်းကူ စဉ်းစားပေးနော်။”

ကျွန်တော်လည်း ဗြုံး ကနဲဆိုတော့...စဉ်းစားလို့ မရဘူး..ဖြစ်နေတယ်လေ။ဘာဖြစ်လို့ လည်းဆိုတော့ ...ဟို ငယ်ငယ် ကတည်း က..ညို ..ကပေးထားတဲ့လက်ဆောင်တွေ အများကြီး ရှိနေတယ်။ဒါပေ မယ့် ဒီ တစ်ခါ အဝေးကြီး ကို သွား ရမှာ။ဒီတော့ ဘာပဲ ဖြစ်ဖြစ်
အမှတ်တယ ရှိနေဖို့ လက်ဆောင်တော့ လိုတာပေါ့ ။အဝေးကြီးမှာ အလွမ်းတွေဖြေရမှာလေ။
ကျွန်တော် ကလည်း စတန့် ထွင်ချင်တာ ရယ် နောက်ထူးထူး ခြားခြားလေးလည်းဖြစ်သွား ရ
အောင်...

Send this eCard !


“ဒီလိုလုပ် ညို....ဟို ဟာ ပေး လိုက်ကွာ...”

ညို..က ကြောင်အန်း အန်းလေး ဖြစ်သွားပြီး..

“ဘယ်ဟာလည်း ညီ ..ကလည်း.. အစ မရှိ အဆုံး မရှိနဲ့..ပေါက် ကရ
တွေမပြောနဲ့နော်...အန်တီ နဲ့ ပြန်တိုင်မှာ ဟွန်း...လူကိုဘာမှတ်နေလည်း”


“ ဟာမဟုတ်ပါဘူး ကွာ ပြော ချင်ဇော များသွား လို့...ထူးထူး ခြားခြား လက်ဆောင် လည်းစဉ်းစားထား ရသေး တယ်။”

နောက်ထပ် ဇတ်သိမ်းပိုင်း လာပါမည်။........


ဆက်ဖတ်မယ်...

“ချစ်ရနံ့လေး မပျောက် ပြယ်စေချင်”

ညီလင်းငယ်

ဟိုး.... လွန်ခဲ့တဲ့ ရက်အတော်ကြာကပေါ့ ။ ကျွန်တော့ချစ်သူ ကောင်မလေးကို အီးမေးနဲ့ ချက်ဖြစ်ခဲ့တယ်။ နိုင်ငံခြားကိုရောက်ပြီး ပထမ တစ်လထဲ မှာပေါ့ဗျာ။
ကျွန်တော်ကတော့ စိတ်ထဲ မှာ ရှိနေသမျှ အကုန် တစ်လုံးမကျန် ပြောပြစ်လိုက် တာ...

“အရမ်းသတိယတယ် ညို ရယ်။လွမ်းတယ်ကွာ..တခါမှမခွဲ ဘူးတော့ တအား ခံစားနေရတယ် .. ညို ရော ညီ လိုပဲလား”

ကျွန်တော်ကောင်မလေး ကလည်း အားကျ မခံ ပြန်ပြောတယ်လေ...

“သတိယတာပေါ ညီ ရယ်..ညို ကပိုတောင်ပိုသေးပါတယ်..အော် မေ့တော့ မလို့ ညီ ရေ.. ညီကို ညို တောင်းပန်စရာရှိသေးတယ်.. ညီ စိတ်မဆိုး ရဘူးနော်..နောက်ပြီ
ညို ကိုလည်း အပြစ်မတင်ပါနဲ့နော်...”


ကျွန်တော့ စိတ်ထဲ မှာ တစ်မျိုးကြီး ဖြစ်သွားရတယ်..ဆိုးရိမ် စိတ်တွေ များတာလည်း ပါမှာပေါ့လေ။ ရှားရှား ပါးပါး ဒီချစ်သူလေး တစ်ယောက် ရှိပါတယ် ဘာတွေဖြစ်ပြန်ပြီလည်း..
သိချင်စိတ်က များနေပြီ ပေါ့။အမြန်ပြန် ပြောလိုက် မိတယ်..

“အင်းပါကွာ ပြောမှာသာ ပြောပါကွာ အပြစ်လည်း မတင်ဘူး ၊ စိတ်လည်း မဆိုးဘူး
ဟုတ်ပြီလား..”

သူ ကကျွန်တော့ ကိုပြောပြတယ်...။

“ညီ.. ရေ...ညို လေ..xxxxxx.....xxxxxxxx....xxxxx”

အပိုင်း (၁)

my love
ကျွန်တော် နေတာကတော့ မြို့ မကျ တောမကျ မြို့ရွာလေးမှာပါ။ ရွာလို့ ထားပါတော့ဗျာ။ ရွာမှာရှိတဲ့ လူငယ် လူရွယ်တွေ နိုင်ငံခြား နိုင်ငံခြား ဆိုပြီ ထွက်သွားလိုက်ကြတာ မနည်းတော့ ပါဘူး ။တစ်ရွာလုံးမှာ သက်ကြီးရွယ်အိုတွေ နဲ့ မိန်ကလေး အများစုက လွဲလိုလူငယ်တွေ ဆိုတာ မရှိသလောက် ရှားသွားပြီ ။ သူ များ တွေ ကိုယ့်မျက်စိ ရှေ့မှာ လှုပ်လှုပ် ရွရွ နဲ့ နေ့တိုင်းမြင်နေရပါများတော့ ကိုယ်ပါ နိုင်ငံခြား ရောဂါ ထလာတယ်။မနက်ခင်း လ္ဘက်ရည်ဆိုင် ထိုင်တိုင်း ကျွန်တော့ သူငယ်ချင်းနှစ်ယောက် ကနိုင်ငံခြားနဲ့ ပတ်သတ်တဲ့ အချက်တွေလေ့လာပြီး နေတိုင်းပြောပြနေတော့ စိတ်ကပိုပါလာတယ်။သူတို နှစ်ယောက်က ပတ်စ်ပို့ တောင်ရ နေပြီဆိုတော့ မစားရ၀ခမန်းတွေပြောလို့ စိတ်ကူးနဲ့ရူးနေကြတယ်လေ။ ကျွန်တော့ မှာတော့ ဘာကိုမှ မမျှော်လင့်ရဲသေးတာ။

နိုင်ငံခြား ထွက်ဖို့ ကျွန်တော့မှာ အခက်အခဲ နှစ်ခုကရှိနေပြန်တော့ သွားဖြစ်မယ် မသွားဖြစ်
ဘူးဆိုတာ မှန်းဆပြောလို့ မရသေးတော့ ချောင်ကပ်ပြီ ကြံကြိတ် နေရ အဲ.. ကြိတ်ကြံနေရတာ
ပေါ့ဗျာ....။

ကျွန်တော်က မွေးချင်းသုံး ယောက်မှာ အကြီးဆုံ့းသား အဖေ့ လုပ်ငန်းတွေ ကိုတက်နိုင်
သမျှ ကူညီလုပ်ကိုင်ပေး နေရသူ။နောက်ပြီး အမေရဲ့ အချစ်ဆုံးသား ။ခုလိုတနယ်တစ်ကျေး
မှာ ခွဲနေရ ပြီး အလုပ် လုပ်ဖို့ဆိုရင် ဘယ်လို နည်းနဲ့ မှ အမေက သဘောတူ မှာမဟုတ်ဘူး။
အမေ ပြောနေကြ စကား တစ်ခု ရှိတယ်

“ ငါသား ရယ် ခုဒီတိုင်းလည်း အမေတို့ အဆင်ပြေနေသား ပဲ သားအဖေလုပ်ငန်းတွေ ကိုသာ
ကူညီလုပ်ရင်ရ နေတာ ပဲ ငါသား အဝေးကြီးမှာ အလုပ်သွားလုပ်ဖို့ မလိုသေးပါဘူးကွာ။”

ကဲ အဲဒီလို ရှိနေပြန်ရော။ထားတော့ အမေ ကို ပူစာ ၊မသွားရရင်မဖြစ်သလို အတင်းပြောရရင်
တောင် ဟော နောက်တစ်ယောက်က ရှိနေ သေးတယ်။
m love

သူကတော့ ကျွန်တော့ရဲ့ ချစ်ရဆုံး ချစ်သူလေး ညို ။ ဟို ငယ်ငယ် ကလေးဘဝ နှပ်ချေးတွဲလောင်း အရွယ်ကတည်းက ကစားဖော် ကစားဖက် ၊စားဖော် စားဖက်။ (ကျွန်တော်က နှပ်မထွက်ပါဘူး သူကသာ တစ်အားညစ်ပတ် တာ အဟိ ...sorry ညို )။ဟော အခုလို အရွယ်ရောက်လာတော့ သူငယ်ချင်း၊ နောက်တော့
ချစ်သူ တွေဖြစ်ကြရော။ဗီဒီယို ဇာတ်လမ်း အတိုင်းပဲ။ ဒါပေမယ့်ဒါကတကယ် ဖြစ်ခဲ့တာ။
ငယ်စဉ် ကတည်းကထားခဲတဲ့ သံရောဇဉ် ဆိုတော့ ကြာလေ ကြာလေပိုခိုင်မာလေ ပါပဲ။
ညို ကတော့ ..သူအိမ်မှာ အလတ်မလေးပေါ့။သူထက်မှာ အကိုတစ်ယောက် အောက်မှာက ညီမတစ်ယောက်ရှိနေတယ်လေ။အလတ် မလေးဆိုတော့ ဘယ်သူကမှ အရေးတယူနဲ့ ချစ်ခင်
ကြင်နာသူ မရှိသလိုဖြစ်နေတာပေါ့။အလတ်မလေးဆိုတော့ ကြားထဲမှာ လတ်နေတာ။ တစ်ခါ တစ်လေ ကျွန်တော်တို့ အိမ်သူလာလည်တဲ့ အခါတွေမှာ ကျွန်တော်တို့ မိသားစုကိုကြည့်ပြီး

“ညီတို့အိမ်မှာ..ညီ..ကအကြီးဆုံးဆိုတော့ .. ညီ ဖေ နဲ့ မေ က အရမ်းချစ်ကြမှာပဲနော်..”
လို ရီဝေဝေ လေးနဲ့ ကျွန်တော်ကို မေးတတ်ပါတယ်။

ကျွန်တော်ကလည်း

“ ဟုတ်တယ်လေ.. ညို ..ရဲ့ မေမေ က ညီ ကို အချစ်ဆုံး။ဖေကတော့ သူ့သမီးအငယ်ဆုံးကို အချစ်ဆုံးပေါ့..”

အဲဒီလို ဖြေလိုက်ရင် ညို မျက်နာလေးဟာပြိုတော့မယ်မိုး လို မှိုင်းညှို့သွားတက်ပါတယ်။ကျွန်တော်ကပဲ ချစ်သူ ညို ကို နှစ်သိမ့်ပေးရ ပါတယ်။

“ ညို..ရယ်ဘယ်မိဘမဆို.. ကိုယ့်သားသမီး ကို ချစ်ကြစမြဲပါ ကွာ။ဘယ်သား ဘယ်သမီး ကို ပိုချစ်တယ် လျှော့ ချစ်တယ်ဆိုတာ မရှိပါဘူးကွာ။”

“ ဘာ မှ အားမငယ်ပါနဲ့ ညို..ရယ်..ညို မှာ..ရိုးမြေကျရာသက်ပန် အရမ်းချစ်တဲ့ ..ညီ ရှိနေပါသေးတယ်နော်..”

လိုနှစ်သိပ့်လိုက်ရင် ကျေကျေနပ်နပ် နဲ့ ပြုံးလိုက်တဲ့ ညို့ အပြုံးဟာကျွန်တော့် မျက်ဝန်းထဲ မှာစွဲ ထင်ပြီး ရင်ရဲ့ နှစ်လုံးသားကို ကြည်နုး ချမ်းမြေ့စေပါတယ်။


အော် မေ့နေလို့ ညို့ ..ပုံစံ လေး က ဖြူဖြူ သွယ်သွယ်လေးလေ။သူရယ်လိုက်လို့ သွားစွယ်လေးများ ပေါ်လာရင်း အရမ်းချစ်စရာ ကောင်းတယ်ဗျာ။အနေ အထိုင်အေးဆေး ပြီး
စကား ကလည်းနည်းတယ်လေ။ သူအိမ်မှာဆိုလည်း အိမ်မှုကိစ္စတွေ ကို သူ့ အမေ လှည့်ကြည်စရာ မလိုလောက်အောင် သေသေသပ်သပ် လုပ်ကိုင်တက်တယ်။ စိတ်ရှည် သိခံတက်ပြီး စိတ် ထားဖြူစင် တဲ့ ရိုးရိုးအအလေးပေါ့။အသက်ငယ် ပေမယ့်လည်း ဘာသာ တရား ကိုင်းရှိုင်း ကာ လူကြီးမိဘတွေကိုလည်းရိုသေလေးစားပြန်ပါတယ်။ အဲတာလေးတွေကို ပဲ ကျွန်တော် ကသိပ်ချစ်နေရတာပါ။

ဆက်ရန်....
ဆက်ဖတ်မယ်...