နအဖ အကျဉ်းထောင်တွင်း ညှဉ်းပန်း နှိပ်စက်မှုများ ပြန်လည် လွတ်မြောက်သူ တဦး ဖော်ထုတ်
ရဲရင့် | အမေရိကန် နိုင်ငံသား တဦး အပါအ၀င် ရဟန်းရှင် လူများကို စစ်ကြောရေး စခန်းတွင် ညှဉ်းပန်း နှိပ်စက်မှုများ ပြုလုပ်နေသည်ဟု မကြာခင်က ပြန်လွတ်လာသူတဦးက ပြောသည်။
ယခင်လကုန်ပိုင်းက ရန်ကုန်မရမ်းကုန်းရှိ အောင်သပြေစစ်ကြောရေးစခန်းမှ ပြန်လည်လွတ်မြောက်လာသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) လူငယ်အဖွဲ့ဝင် တဦးဖြစ်သူ ကိုတိုးအောင်က ပြောကြားသည်။
၎င်းက “ရွှေဝါရောင် နှစ်ပတ်လည် အတွက် စာရွက်စာတမ်း ဖြန့်ဝေမှုနဲ့ ကျနော့်ကို မသင်္ကာမှုနဲ့ အရင်လ (၁၁) ရက်ကနေ (၂၆) ရက်နေ့ထိ အောင်သပြေ စစ်ကြောရေး စခန်းမှာ ညှဉ်းပန်းနှိပ်စက်ပြီး စစ်ဆေးတာ ခံခဲ့ရပါတယ်။ အဲဒီမှာရောက်နေတဲ့ အမေရိကန်က ကိုညီညီအောင်၊ ရခိုင် ကျောင်းသား လူငယ်အဖွဲ့နဲ့ မျိုးဆက်သစ်လူငယ်များအဖွဲ့က လူငယ်တွေနဲ့ ဘုန်းကြီးတွေက သူတို့ ညှဉ်းပန်းနှိပ်စက်ခံကြရတာတွေကို ပြောပြကြတယ်” ဟု ပြောသည်။
“ကျနော့်ကိုတော့ ကမာရွတ်ရဲစခန်းက ဒု-ရဲအုပ်ဆန်းဦးနဲ့ အောင်သပြေစစ်ကြောရေးမှ အောင်ဆန်းမြင့်တို့က လက်သီးနဲ့ထိုးတယ်၊ တုတ်နဲ့ရိုက်တယ်၊ မျဉ်းလုံးနဲ့လှိမ့်တယ်၊ (၃) ရက်ကြာတယ်၊ ထမင်းမကျွေး ရေမတိုက်ဘဲ ညှဉ်းပန်းတာခံရတယ်။ ကိုညီညီအောင်လည်း အဲလိုနှိပ်စက်တာခံရတယ်လို့ ကျနော့်ကို ပြောပြပါတယ်” ဟု ၎င်းက ဆက်ပြောပြသည်။
ယခင်လကုန်ပိုင်းက ရန်ကုန်မရမ်းကုန်းရှိ အောင်သပြေစစ်ကြောရေးစခန်းမှ ပြန်လည်လွတ်မြောက်လာသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) လူငယ်အဖွဲ့ဝင် တဦးဖြစ်သူ ကိုတိုးအောင်က ပြောကြားသည်။၎င်းက “ရွှေဝါရောင် နှစ်ပတ်လည် အတွက် စာရွက်စာတမ်း ဖြန့်ဝေမှုနဲ့ ကျနော့်ကို မသင်္ကာမှုနဲ့ အရင်လ (၁၁) ရက်ကနေ (၂၆) ရက်နေ့ထိ အောင်သပြေ စစ်ကြောရေး စခန်းမှာ ညှဉ်းပန်းနှိပ်စက်ပြီး စစ်ဆေးတာ ခံခဲ့ရပါတယ်။ အဲဒီမှာရောက်နေတဲ့ အမေရိကန်က ကိုညီညီအောင်၊ ရခိုင် ကျောင်းသား လူငယ်အဖွဲ့နဲ့ မျိုးဆက်သစ်လူငယ်များအဖွဲ့က လူငယ်တွေနဲ့ ဘုန်းကြီးတွေက သူတို့ ညှဉ်းပန်းနှိပ်စက်ခံကြရတာတွေကို ပြောပြကြတယ်” ဟု ပြောသည်။
“ကျနော့်ကိုတော့ ကမာရွတ်ရဲစခန်းက ဒု-ရဲအုပ်ဆန်းဦးနဲ့ အောင်သပြေစစ်ကြောရေးမှ အောင်ဆန်းမြင့်တို့က လက်သီးနဲ့ထိုးတယ်၊ တုတ်နဲ့ရိုက်တယ်၊ မျဉ်းလုံးနဲ့လှိမ့်တယ်၊ (၃) ရက်ကြာတယ်၊ ထမင်းမကျွေး ရေမတိုက်ဘဲ ညှဉ်းပန်းတာခံရတယ်။ ကိုညီညီအောင်လည်း အဲလိုနှိပ်စက်တာခံရတယ်လို့ ကျနော့်ကို ပြောပြပါတယ်” ဟု ၎င်းက ဆက်ပြောပြသည်။
အခြား ညှဉ်းပန်း နှိပ်စက် ခံရသူများမှာ ရခိုင် ကျောင်းသား လူငယ်များ အဖွဲ့ (အေအေအက်စ်ဝိုင်စီ) မှ ခိုင်ကျော်မိုး၊ ကိုသန်းအေး၊ ကိုရဲထက်စိုး၊ ကိုအောင်ဇံသိန်း (ခ) မောင်မောင်၊ ကိုကျော်ဝင်း၊ ကိုဆွေသန်း၊ ကိုထွန်းလင်းကျော်၊ ကိုဇော်ထွန်းနိုင်နှင့် ဘုန်းတော်ကြီး အရှင်ရေ၀တ (ပခုက္ကူ) တို့ဖြစ်ပြီး ၎င်းတို့ကို ဖောက်ခွဲရေးသမားများဟုဆိုကာ စစ်ဆေးလျက်ရှိသည်။
မျိုးဆက်သစ် လူငယ်များ အဖွဲ့ (ဂျီဒဗလျူ) မှ ကိုရဲကျော်သူ၊ အရှင်ရေ၀တနှင့် ရန်ကုန် ငါးထပ်ကြီး လိပ်ပြာကန် ကျောင်းတိုက်မှ အရှင် ဃောသိတ တို့လည်း ညှဉ်းပန်းနှိပ်စက်မှုခံကြရသည်ဟု ၎င်းက ပြောသည်။
လက်ရှိ အောင်သပြေ စစ်ကြောရေးတွင် ဘုန်းတော်ကြီး (၇) ပါးရှိပြီး အရှင်ရေ၀တ (အေအေအက်စ်ဝိုင်စီ)၊ အရှင်ရေ၀တ (ဂျီဒဗလျူ)၊ အရှင်ဝိသုတ (ချောက်)၊ အရှင်ဃောသိတ၊ အရှင်ဝါယမ၊ အရှင်ဝိသုတ(ပခုက္ကူ) နှင့် အခြားဘွဲ့မသိရသည့် သက်တော် (၅၀) ကျော် တပါးတို့ ဖြစ်ပြီး အမျိုးသမီးအကျဉ်းသူ (၂) ဦးလည်းရှိသည်။
ကိုတိုးအောင်သည် လွန်ခဲ့သည့် တနင်္ဂနွေနေ့က ထိုင်း-မြန်မာနယ်စပ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ရုံးသို့ ရောက်ရှိလာပြီး ၎င်းကြုံတွေ့ခဲ့သည့် အနေအထားများကို ဒေသခံ သတင်းထောက် များအား ယနေ့နံနက်တွင် ပြောကြားခြင်းဖြစ်သည်။
၎င်းသည် တနင်္သာရီတိုင်း လူငယ်တာဝန်ခံအဖြစ် ထမ်းဆောင်ခဲ့ပြီး ရန်ကုန်ရုံးချုပ်သို့ ရောက်ရှိတာဝန်ထမ်းဆောင်နေစဉ် ၀တ္တရား နှောင့်ယှက်မှု၊ နိုင်ငံတော် အကြည်ညို ပျက်စေမှု၊ ပုံနှိပ်ဥပဒေ စသည့်စွဲချက်များဖြင့် ၁၉၉၅ ခုမှ ၁၉၉၇ ခုအထိ တကြိမ်၊ ၁၉၉၈ ခုမှ ၂၀၀၅ ခုအထိတကြိမ် အဖမ်းခံရကာ ရန်ကုန်နှင့်မန္တလေးထောင်တွင် ထောင်ဒဏ် (၁၁) နှစ်နီးပါး ကျခံခဲ့ရသူ ဖြစ်သည်။
source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment