6/23/2009

ရဟန်းတော်များရုံးကို ဘင်္ဂလားရဲများ ရှောင်တခင်ဝင်စစ်


ငြိမ်းချမ်း

ဒါကာ(မဇ္ဈိမ) ။ ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘာဇာအခြေစိုက် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ.ချုပ် (ဘင်္ဂလားဒေ့ရှ်) ရုံးကို ဒေသခံရဲအရာရှိက ယနေ့တွင် ရုတ်တရက် ဝင်ရောက် စစ်ဆေးသွားသည်။

ကော့စ်ဘာဇာမြို.နယ် ရဲစခန်းမှ အင်စပက်တာ အာလန်ကီ (DSP Inspector Arlanky) နှင့် ရဲတပ်ဖွဲ.ဝင် (၂)ဦးတို.က မွန်းလွဲ ၄ နာရီတွင် လာရောက်ပြီး တနာရီခန့်ကြာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်သွားသည်။

ရဟန်းတော်များအဖွဲ့သည် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးအတွက် အကြမ်းမဖက်သောနည်းဖြင့် ကြိုးစားနေသော အဖွဲ.တခုဖြစ်ကြောင်းနှင့် အမေရိကန်နိုင်ငံတွင် အဖွဲ့ချုပ်ရှိပြီး အခြားနိုင်ငံများတွင်လည်း ရုံးခွဲများရှိကြောင်း ပြန်လည် ဖြေကြားခဲ့သည်ဟု ဆရာတော် ဦးခင်မေဓက မဇ္ဈိမသို.ပြောသည်။

“ အဖွဲ.က မြန်မာပြည်အရေးအတွက် ဆန္ဒပြတောင်းဆိုမှုတွေ မကြာခဏလုပ်လေ့ရှိတယ်။ မနေ.့ကလည်း ဒေါ်အောင်ဆန်းစုကြည့်မွေးနေ.မှာ တောင်းဆိုဆန္ဒပြခဲ့သေးတယ်။ အဲဒီလို လှုပ်ရှားမှုကြောင့် လို.ထင်တယ် ” ဟု ဆရာတော်က ဆက်လက်ပြောသည်။




ရုံးသုံးကွန်ပြူတာကို ဖွင့်ကြည့်စစ်ဆေးသလို အဖွဲ့ကို ဘင်္ဂလားဒေ့ရှ်အစိုးရမှ အသိအမှတ်ပြုမှု ရှိမရှိနှင့် ရုံးခန်းလည်ပတ်ရန် ထောက်ပံ့ကြေးငွေများ မည်သို့ရရှိသည်ကို စစ်ဆေးမေးမြန်းသွားကြောင်း ရုံးခန်းအစောင့် တာဝန်ကျနေသူ ကိုပြည်သိမ်းက မဇ္ဈိမသို့ ပြောသည်။

၂ဝဝ၇ ခုနှစ်အတွင်း သံဃာတော်များ ဦးဆောင်သော အစိုးရဆန့်ကျင်သော ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို မြန်မာစစ်အစိုးရက ပစ်ခတ်နှိမ်နင်းခဲ့ပြီး လိုက်လံဖမ်းဆီးမှုများကြောင့် ထွက်ပြေးတိမ်းရှောင်လာသော ရဟန်းသံဃာများက အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ကို ဖွဲ့စည်းခဲ့ကြသည်။




0 ယောက်ရဲ့ထင်မြင်ချက်: