6/23/2009

ဒေါ်စုနှင့် ရှေ့နေ ၄ ဦး တွေ့ဆုံဆွေးနွေး

ဖနိဒါ | ချင်းမိုင်။ ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့က သူ၏ ရှေ့နေ ၄ ဦးနှင့် ၂ နာရီကြာ အမှုနှင့် ပတ်သက်ပြီး နွေးဆွေးခွင့် ရခဲ့သည်။

အင်းစိန်ထောင်အတွင်း ရှေ့နေ ဦးဥာဏ်ဝင်း၊ ဦးကြည်ဝင်း၊ ဦးလှမျိုးမြင့်နှင့် ဒေါ်ခင်ဌေးကြွယ်တို့နှင့် တွေ့ကာ လက်ရှိ အမှုနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။

“၃ နာရီကနေ တွေ့တာ ၅ နာရီကွက်တိ ဆွေးနွေးလို့ရတယ်။ ရှေ့နေ ၄ ဦး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဒေါ်ဝင်းမမလည်း ပါတယ်၊ ဆွေးနွေးတာက အမှုကိစ္စပါဘဲ”ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်သော ဦးဥာဏ်ဝင်းက ပြောသည်။


သူ၏ ၆၄ နှစ်မြောက် မွေးနေ့ကို ဂုဏ်ပြုပေးခဲ့ကြသူများ အားလုံးကိုလည်း ကျေးဇူးတင် စကားပါးလိုက်သည်ဟု သိရသည်။

“မွေးနေ့နဲ့ ပတ်သက်ပြီးတော့ သူကို ထောက်ခံတဲ့လူတွေရော သူ့ကို ဆုမွန်ကောင်း တောင်းသူတွေရော အားလုံးကို တယောက်ချင်းအနေနဲ့ ပြန်ကြားဖို့ အခြေအနေ မရှိသေးဘူး။ ဒါကြောင့် အားလုံးကို ကျေးဇူးတင်ကြောင်း ပြောပေးပါတဲ့” ဟု ဦးဥာဏ်ဝင်းက ပြောသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦးနှင့် ဗဟို အလုပ်မှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်တို့က ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေ ထွက်ဆိုခွင့်ပြုရေးနှင့် ပတ်သက်၍ ဗဟိုတရားရုံးသို့ ပြင်ဆင်မှု တင်သွင်းရန် ဗဟိုတရားရုံးက ဇွန်လ ၂၄ ရက်နေ့သို့ ရုံးချိန်းပေးလိုက်သည်။

အမှုတွင် တရားဆိုင်ဘက်က တင်သွင်းသော သက်သေ ၄ ဦးအနက် တဦးသက်သေ ထွက်ဆိုခဲ့ပြီး ဖြစ်ပြီး နောက်တဦးဖြစ်သူ ဥပဒေရေးရာ ကျွမ်းကျင်သူ ဒေါ်ခင်မို့မို့မှာ ဇွန်လ ၂၆ ရက်နေ့တွင် ထွက်ဆိုရမှာ ဖြစ်သည်။

source by : မဇ္ဈိမ



0 ယောက်ရဲ့ထင်မြင်ချက်: