အီလက်ထရွန်းနစ် ဥပဒေ ဆိုတာ
ကျွန်တော်တို့ မြန်မာပြည်တွင်းမှာ ရှိတဲ့ ဘလောက်ဂါတွေကို ခဏခဏ ဒုက္ခပေးပေး နေတဲ့ အီလက်ထရွန်းနစ် ဥပဒေ ဆိုတာ ဘယ်လို ဟာလည်း ကျွန်တော်သေချာ မသိခဲ့ဘူးဗျ။ ဒီနေ့ မှသတင်းတွေ ဖတ်ရင်းက တွေ့လို့ တခြား ကျွန်တော်လို မသိသေးတဲ့ မိတ်ဆွေတွေ သိအောင်နဲ့ ပြည်တွင်းက နောင်တော် အမတော်တွေ မိတ်ဆွေသူ ငယ်ချင်းတွေ သိပြီး ကြိုတင် ရှောင်ရန်ဆောင်ရန်အတွက် မျှဝေပေးလိုက်ပါတယ်။ အော် အီလက်ထရွန်းနစ် ဥပဒေ .....ဆိုတာ ။
**အင်တာနက် ဝက်ဘ် ဘလော့နှင့် ဝက်ဘ် ဆိုက်များပေါ်တွင် သတင်းဖော်ပြမှု များပြားလာခဲ့သော်လည်း လွတ်လပ်စွာ ရေးသားခွင့်နှင့် စောင့်ထိန်းရမည့် ကျင့်ဝတ်များ အပေါ်တွင် နားလည်မှု နည်းပါးနေသေး**
နည်းပညာအားသာမှုကြောင့် အင်တာနက်ဝက်ဘ်ဆိုက် ဘလော့နှင့် ဝက်ဘ်ဆိုက်စာမျက်နှာများပေါ်
တွင် သတင်း ဖော်ပြမှုများပြားလာခဲ့သော်လည်း လွတ်လပ်စွာ ရေးသားခွင့်နှင့် စောင့်ထိန်းရမည့်ကျင့်ဝတ်များ အပေါ်တွင် နားလည်မှုနည်းပါးနေသေးကြောင်း အင်တာနက် ပေါ်မှမြန်မာဝက်ဘ်ဘလော့၊ ဝက်ဘ်ဆိုက်များ ကိုစောင့် ကြည့်လေ့လာနေသူများက ပြောဆိုကြသည်။ ယခုနှစ်များအတွင်း ဘလော့၊ ဘလော့ဂါနှင့် Citizen Journalist ဟူသောအသုံးအနှုန်းများရေပန်းစားလာခဲ့ကာ အွန်လိုင်းမီဒီယာ၏ အခန်းကဏ္ဍမှာလည်း ကျယ်ပြန့်မှုရှိလာခဲ့သည်။
ထိုကဲ့သို့ ကျယ်ပြန့်မှုရှိလာသည့်အထဲတွင် သတင်းကိုဦးစားပေးသည့် ဘလော့များနှင့်ဝက်ဘ်ဆိုက်များလည်းပိုမို
လာခဲ့ကာ ပြည်တွင်းသတင်းဖော်ပြမှုများလည်း များပြားလာခဲ့ သည်။ သတင်းဖော်ပြကြတဲ့နေရာမှာ သတင်းရဲ့အသက်ဖြစ်တဲ့မှန်ကန်မှုဆိုတာတွေ နည်းပါးတာတွေ့ရပါတယ်။ တချို့ကလည်း သတင်းတစ်ပုဒ်က တစ်ဆင့်ဘလော့ ကိုလူကြည့်များလာစေဖို့၊ နာမည်ကြီးလာစေဖို့ အတွက်သတင်းရဲ့မှန်ကန်မှုကိုဦးစားမပေးဘဲ တင်လိုက်တာတွေရှိပါတယ်။အဆိုးဆုံးကတော့အင်တာနက်ဝက်ဘ်စာမျက်နှာတွေကတစ်ဆင့်ပုဂ္ဂိုလ်ရေးအပုပ်ချမှုတွေကို လုပ်ဆောင်လာကြတာပါပဲ” ဟုအင်တာနက် စောင့်ကြည့်လေ့လာသူ တစ်ဦးကဆိုပါသည်။ Citizen Journalist ဆိုတာဟာဂျာနယ်လစ်ခေါင်းစဉ်အောက်မှာ ရှိနေတဲ့သူတွေပါပဲ သူတို့တွေအနေနဲ့လည်း ဂျာနယ်လစ် တွေ စောင့်ထိန်းရမယ့်ကျင့်ဝတ်တွေအတိုင်း စောင့်ထိန်းရမှာပါ။ တွေ့နေရတာကတော့ ကိုယ်ရေး ကိုယ်တာ အရပုဂ္ဂိုလ်ရေး အပုပ်ချမှုတွေရယ်၊ သတင်းရဲ့ခိုင်မာမှန်ကန်မှုကိုအလေးမထားဘဲ သတင်းရေးသား ဖော်ပြမှုတွေဖြစ်နေရတယ်။ အဆိုးဆုံးကတော့လွတ်လပ်စွာရေးသားခွင့်နဲ့ ကျင့်ဝတ်ပိုင်းကို သဲသဲကွဲကွဲ နားမလည်ကြတာပါပဲဟုအင်တာနက်ပေါ်မှ မြန်မာသတင်းများကို မပြတ်ဖတ်ရှုနေသော ဝါရင့်သတင်းစာဆရာ တစ်ဦးက ပြောပြပါသည်။ Citizen Journalist များသည်ကျင့် ဝတ်ပိုင်းနှင့် လွတ်လပ်စွာရေးသား မှုအပိုင်းကို သဲကွဲစွာသိရှိထားခြင်းမရှိသော်လည်းလွတ်လပ်စွာရေးသားမှုကိုအသုံးပြု၍ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများ၊ သတင်း အမှားထုတ်လွှင့်ခြင်းများရှိလာခြင်းကအွန်လိုင်းမီဒီယာကိုအသုံးပြုပြီးရေးသားဖော်ပြနေသည့်သတင်းများ အပေါ် ယုံကြည် စိတ်ချရမှု ကျဆင်းလာရ ကြောင်းသိရှိရသည်။
အခြားတစ်ဖက်တွင်လည်း အွန်လိုင်းမီဒီယာကိုအသုံးပြုပြီး အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦး ကိုထိခိုက် နစ်နာ စေအောင် ပြုလုပ်သူများကို အီလက်ထရောနစ်ဆက် သွယ်ဆောင်ရွက်ရေး ဥပဒေအရအရေးယူမှုများ လုပ်ဆောင်နိုင်ကြောင်းဥပဒေပညာရှင်များက ပြောဆိုပါသည်။
အီလက်ထရွန်းနစ်မှတ်တမ်းဆိုသည်မှာ သတင်းအချက်အလက်စနစ် တစ်ခုတွင်သော်လည်းကောင်း၊ သတင်းအချက်အလက် စနစ်တစ်ခုမှ အခြားစနစ်တစ်ခုသို့ ပေးပို့ရေးအတွက်သော်လည်းကောင်း၊ အီလက်ထရွန်းနစ်နည်းဖြင့်ဖြစ်စေ၊ သံလိုက်ဓါတ်ဖြင့်ဖြစ်စေ၊ အလင်းတန်းဖြတ်သန်းခြင်းနည်းဖြင့်ဖြစ်စေ၊ အလားတူအခြားနည်း ပညာတစ်ရပ်ရပ် ဖြင့်ဖြစ်စေ သတင်းအချက်အလက်တစ်ခုခု ကိုဖြစ်ပေါ်စေ သောဖမ်းပို့သော လက်ခံရယူသောသို့မဟုတ် သိုမှီထိန်းသိမ်း သော အထောက်အထား မှတ်တမ်း ကို ဆိုကြောင်းသိရသည်။
ဤဥပဒေပါမည်သည့်ပြစ်မှုကိုမဆို မြန်မာနိုင်ငံရဲတပ်ဖွဲ့က အရေးယူပိုင်ခွင့်ရှိကြောင်း ၂၀၀၉ခုနှစ် မေလ ၁ရက်နေ့ ထုတ် Bi Weekly Eleven ဂျာနယ်တွင်ဖော်ပြထားပါသည်။
http://www.khitlunge.com.mm/news/news_detail.aspx?info_id=14065 မှ
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment