သက်တမ်းလွန် တစ်ခါသုံး Prepaid Card ရောင်းချမှုများ ရှိနေသဖြင့် ၀ယ်ယူသူများ သတိထားရန်လို
ဈေးကွက်အတွင်းတစ်ခါသုံး Prepaid Cardများ ပြတ်လပ်မှုမရှိခဲ့သည့်နောက်ပိုင်းတွင် သက်တမ်း
လွန်ကတ်များရောင်းချမှုရှိလာသောကြောင့် ၀ယ်ယူသူများအနေဖြင့်သတိပြုဝယ်ယူရန်လိုအပ်ကြောင်းသိရသည်။
သက်တမ်းလွန် Prepaid Card များကို လက်ဝယ်ကိုင်ဆောင်ထားမိသူများသည် ဈေးကွက်ပြတ်လပ်မှုရှိလာသည့်
အခါတွင် ပြန်လည်ရောင်းချမှုများပြုလုပ်လာကြသည်ဟုသိရသည်။ `Prepaid Card တွေ ဈေးကွက်ရှားသွားတဲ့
နောက်ပိုင်းမှာ သက်တမ်းလွန်ကတ်တွေ ၀င်လာတာတွေ့ရတယ်။ ကတ်ကိုမချိုးရသေးရင်ပြီးရောဆိုပြီးဝယ်ယူတာ
မျိုးမဖြစ်သင့်ပါဘူး။ သေသေချာ ချာစစ်ဆေးဝယ်ယူတဲ့နေရာမှာ သုံးစွဲသူတွေသာမကရောင်းချမယ့်ဆိုင်တွေကလဲ
သတိပြုဝယ်ယူသင့်ပါ တယ်။ ဘာလို့လဲဆိုတော့ ဆိုင်တွေကိုအဲဒီ သက်တမ်းလွန်ကတ်တွေ လာရောက်ရောင်းချ
နေသူတွေရှိနေ လို့ပါ။ အားလုံးသတိထားရမှာပါ။ တချို့ကကတ်မချိုးသေးတော့သုံးလို့ရမယ်ပဲထင်ကြတယ်။သက်
တမ်း လွန်တာတွေဘာတွေသေချာမသိကြဘူး။ သတိထားပြီး ၀ယ်ယူကြစေ လိုပါတယ်´ဟု Mr Fone ဟန်းဆက်
အရောင်းဆိုင်ကပြောသည်။ ယင်းPrepaid Cardများကို အပိုအဖြစ် ၀ယ်ယူထားလိုသူများသည်ယင်းကတ်များကို
သုံးစွဲလိုသည့်ရက်များနှင့် တွက်ချက်ဝယ်ယူရန် လိုအပ်လာပြီး ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုဖြစ်ပွားနေချိန်
တွင် သက်တမ်းလွန်ကတ်များကို ပြန်လည်ရောင်းချမှုများနှင့် ထပ်မံကြုံတွေ့ရနိုင်သဖြင့် အထူး သတိပြုဝယ်ယူရန်
လိုအပ်ကြောင်း ၂၀၀၉ခုနှစ်မေလ ၅ရက်နေ့ထုတ်Flower Newsဂျာနယ်တွင်ဖော်ပြထားပါသည်။
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment