ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အိန္ဒိယ ဒု-သမ္မတ နဲ့ တနာရီကျော်တွေ့ဆုံ
အိန္ဒိယနိုင်ငံ အရှေ့မြောက်နယ်စပ်က ဒေသခွဲထွက်ရေးသူပုန်တွေကို မြန်မာပိုင်နက်အတွင်း ခြေကုတ်ယူ လှုပ်ရှားခွင့်ပေးမှာ မဟုတ်ဘူးလို့ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အိန္ဒိယနိုင်ငံ ဒုတိယသမ္မတ မစ္စတာ ဟာမစ် အန်ဆာရီ ကို နေပြည်တော်မှာ ကတိပြု ပြောကြားခဲ့ပါတယ်၊၊
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသက ခွဲထွက်ရေးသူပုန်တွေဟာ ဘင်္ဂလားဒေ့ရှ်အစိုးရက ဖြိုခွင်းနှိမ်နင်းခဲ့တဲ့အတွက် သူတို့ရဲ့ခြေကုတ်စခန်းတွေကို ဘင်္ဂလားဒေ့်ရှ်နယ်စပ်ကနေ မြန်မာနယ်စပ်ဘက်ကို ပြောင်းရွှေ့နေကြပါတယ်၊၊
စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ အိန္ဒိယဒုတိယသမ္မတနဲ့ မကြုံစဖူး အချိန်အတန်ကြာ ဆွေးနွေးခဲ့ပါတယ်၊၊ မိနစ် (၃ဝ) ဘဲ ဆွေးနွေးဖို့ မူလက စီစဉ်ထားခဲ့ပေမယ့် ဆွေးနွေးပွဲဟာ တနာရီကျော်ကြာမြင့်ခဲ့ပါတယ်၊၊ နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနဲ့ မိုင် (၉ဝဝ)
နီးပါးထိစပ်နေတဲ့ နယ်စပ်တလျောက် တည်ငြိမ်ရေးနဲ့၊ သူပုန်တွေကို ခြေမှုန်းနှိမ်နင်းသွားရေးတို့ကို အဓိက ဆွေးနွေးခဲ့ကြပါတယ်၊၊
အိန္ဒိယဒုတိယသမ္မတ မစ္စတာ အန်ဆာရီဟာ မြန်မာနိုင်ငံမှာ (၄) ရက်ကြာခရီးရောက်ရှိနေတာ ဖြစ်ပါတယ်၊၊ မစ္စတာ အန်ဆာရီနဲ့ ကြာသပတေးနေ့က တွေ့ဆုံခဲ့တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးကလဲ အလားတူမျိုး အိန္ဒိယသူပုန်တွေကို နှိမ်နင်းပေးဖို့ ကတိပြုပြောကြားခဲ့ပါတယ်၊၊
RFA မှကူးယူပါသည်။
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment