2/09/2009

ရွှေတိဂုံထက် ၁ပေသာနိမ့်တဲ့ ပုံစံတူ ကမ္ဘာ့ဝိပဿနာ စေတီတော်ကြီး ထီးတော်တင်ပွဲ



ဒီကနေ့ ဖေဖော်ဝါရီ ၇ ရက်နေ့မနက် အိန္ဒိယနိုင်ငံ ဘုံဘေ ခေါ်(မွန်ဘိုင်းမြို့) မှာ ရန်ကုန်မြို့က ရွှေတိဂုံ စေတီတော်ကြီးနဲ့ ပုံစံတူ ဥာဏ်တော်အမြင့် ၃၂၅ ပေရှိ ရွှေတိဂုံထက် ၁ပေသာနိမ့်တဲ့ ကမ္ဘာ့ဝိပဿနာ စေတီတော်ကြီး ထီးတော်တင်ပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီစေတီတော်ကြီးကို ကမ္ဘာ့သာသနာပြုဝိပဿနာကမ္မဋ္ဌာန်း နည်းပြဆရာကြီး ဦးဂိုအင်ကာက ဦးဆောင်ပြီး တည်ဆောက်ခဲ့တာလို့သိရပါတယ်။ ဒီစေတီတော်ကြီးတည်ဆောက်ရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး ဆရာကြီးရဲ့ သားဖြစ်သူ ဦးမောင်ရွှေ ခေါ် ဗန္ဓုလ ဦးရွှေကို အာအက်ဖ်အေက ဆက်သွယ်မေးမြန်း ခဲ့ပါတယ်။အိန္ဒိယနိုင်ငံ ဘုံဘေမြို့တွင် ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော်ကြီးနှင့် ပုံစံတူညီစွာ တည်ထားသည့် ကမ္ဘာ့ဝိပဿနာ စေတီတော်ကြီး နမူနာပုံတူကားချပ်၊ (www.vri.dhamma.org)

'မြန်မာနိုင်ငံက သံဃာတော်တွေနဲ့ ဆရာတော်ကြီးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီ စေတီတော်ကြီးကို တည်ဆောက်ရခြင်းဖြစ်ပါတယ်။ အိန္ဒိယ နိုင်ငံ နဲ့ ဗမာပြည်ရောက်ပြီးတော့ အိန္ဒိယနိုင်ငံမှာ ပပျောက်ရတယ် မြန်မာနိုင်ငံ က တရားတော်ကို ပကတိ ပုံမှန်အတိုင်း ထိန်းသိမ်း ထားတယ် ထေရဝါဒ ငါးနိုင်ငံ ပေမယ့် မြန်မာနိုင်ငံမှာသာလျှင် ဝိပဿာနာကျင့်စဉ်သာကျန်ခဲ့တယ် အဲဒီအချိန်မှာ ဆရာကြီး ဦးဂိုအင်ကာကနေမြန်မာနိုင်ငံကနေ တဆင့် အိန္ဒိယနိုင်ငံကိုရောက်ရှိတယ်အတွက် အဲဒီလိုရောက်ရှိတယ်အတွက် ဆရာကြီးဦးဂိုအင်ကာကလည်း ဆရာကြီးဦးဘခင်ကို ဂုဏ်ပြုတဲ့ အနေနဲ့ မြန်မာနိုင်ငံရဲကျေးဇူးဆိုပြီးတော့ ဒီရွေတိဂုံစေတီတော်ပုံတူ လိုင်ဂူစေတီကိုတည်ဆောက်ခဲ့ပါတယ်။ အားလုံး တစ်ကမ္ဘာ့လုံးက လူတွေ ယောဂီလေ တရားထိုင်ဖူးတဲ့ ယောဂီရော မထိုင်ရသေးတဲ့ ယောဂီရော ဆရာကြီးကိုကြည်ညိုတဲ့လူတွေအကုန်လုံးက လှူဒါန်းထားပါတယ်။'

ကမ္ဘာ့ဝိပဿနာ စေတီတော်ကြီးကို ဘုံဘေမြို့ အနောက်မြောက်အရပ်က ဒရာဗီကျွန်းရှိ ပင်လယ်ဆိပ်ကမ်းဘေးမှာတည်ထားတာလို့သိရပါတယ်။ ထီးတင်ပွဲကို ကြွရောက်နေတဲ့ ဘုံဘေတက္ကသိုလ်က ဦးသောဘဏစာရကို စေတီတော်ရဲ့ထူးခြားချက်တွေနဲ့ပတ်သက်ပြီး အာအက်ဖ်အေက လျှောက်ထားမေးမြန်းကြည့်တဲ့အခါ


'အဲသူရဲ့ ထူးခြားမှုကတော့ စေတီတော်ရဲ့ ဒီကိုယ်ထည်ပေါ့ ဘော်ဒီအားလုံးကို ကျောက်သားတွေနဲ ဘဲ့ အားလုံးလုပ်ထားတယ် အဲဒီထက် ပိုထူးခြားက စေတီတော်ရဲ့ အတွင်းက လူပေါင်းတစ်သောင်းလောက်နေလို့ရတယ် အခေါင်းကြီးပေါ့ လိုင်ခေါင်ကြီးပါတယ် ရွှေတိဂုံထက် နည်းနည်းလေးနှိပ်ထားတယ်လို သူက ပြောတယ် တံခါးပေါက်တွေမှာလုပ်တာဟာဆိုလိုရှိရင် အကုန်လုံးအသားကနေစပြီး မြန်မာပြည်ကနေယူပြီးတော့ မြန်မာပြည်က ပညာရှင်တွေနဲဘဲ့ အကုန်လုံး ပန်းထွင်းပညာရှင်တွေနဲဘဲ့ အကုန်လုံး တခါးတွေက က္ဆွန်းတံခါးတွေနဲဘဲ့ လုပ်ထားတယ် ဆေးတောင်မသုတ်ရသေးဘူး။ တဘက်က ပင်လယ်ကမ်းခြေ စေတီတော်ရင်ပြင်ကနေ ဘေးလှမ်းကြည်လိုက်မယ့်ဆိုရင် တဘက်က ပင်လယ်ကမ်းခြေ စေတီတော်ကုန်းတော်ရင်ပြင်ကလည်း ရွှေတိဂုံ ကုန်းတော်ရင်ပြင်လိုဘဲ နည်းနည်းလေးမြင့်တယ်ပေါ့ ကြည်ရတာတော်တော်လေး ကြည်ညိုဖွယ်ဖြစ်တယ်။'

စေတီတော်အတွက် ကျောက်တုန်းတွေကို ရာဂျစ်စတန်ပြည်နယ်ကနေ ပုံစံဒီဇိုင်းနဲ့ အသေချာမှာယူပြီးမှ လိုဏ်ခေါင်းခံ စေတီပုံစံတည်ထားတာဖြစ်ပါတယ်။ စေတီအတွင်းနံရံထဲမှာ ဗုဒ္ဓဝင်ပန်းချီတွေကို အိန္ဒိယဟန် မြန်မာဟန်တွေနဲ့ချိတ်ဆွဲမယ်လို့ သိရပါတယ်။ စေတီတော်ရဲ့ အရှေ့တောင်ထောင့်မှာရှိတဲ့ အသောက ကျောက်စာတိုင်ကြီးမှာလည်း စေတီတော်သမိုင်းကို မြန်မာ ၊ မာဂတီ၊ အင်္ဂလိပ် ၊ဟိန္ဒီ ဘာသာစကားလေးမျိုးနဲ့ ထွင်းထုထားပါတယ်။ ဒီစာထဲမှာပါတဲ့ ကျောက်စာတချို့ကို ဆရာတော်က ဖတ်ပြပါတယ်။

'ငြိမ်းချမ်းရေး ညီညွတ်မျှတ တိုးပွားများရာတရား စခန်း ဖြစ်သည်။ ဤ ကမ္ဘာ့ဝိပဿနာ စေတီတော်ကြီးနဲ့ အာသောက ကျောက်စာတိုင်ကြီးတို့ကို ကမ္ဘာ့ပေါ်ရှိ ဝိပဿနာ ယောဂီအပေါင်းနှင့် ဆရာကြီးအား ကြည်ညိုသက်ဝင် သူတပည်အပေါင်းတို့က အက္ဆွန်နှပ် ဝိပဿနာတရားရ ဆရာကြီး ဦးဘခင် သက္ကရာဇ် ၁၈၉၉ - ၁၉၇၁ ကို အောင်မေ့သတိရခြင်း အားဖြင့် တည်ထားခဲ့ကြပါသည်။ သူရဲ့ ပထမစာတန်းအစမှာရေးထားတယ်ကွ၊'

ဒီကမ္ဘာ့ဝိပဿနာ စေတီတော်ကို လွန်ခဲ့တဲ့ ၁၉၉၇ခု နှစ်က စတင် တည်ဆောက်ခဲ့တာဖြစ်ပြီး ကာလတန်ကြေး အမေရိကန်ဒေါ်လာ ၂၁သန်း၊ မြန်မာငွေ သိန်း ၂သောင်းကျော် ကုန်ကျခဲ့တယ်လို့သိရပါတယ်။ အပြီးသတ် တန်ဆောင်းတွေ၊ အပူခံကျောက်ပြားတွေပါ လုပ်မယ်ဆိုရင် ဒေါ်လာ ၃၅သန်းကုန်မယ်လို့ခန့်မှန်းထားပြောဆိုပါတယ်။ စေတီတော် အဆင်အပြင်တွေကို မြန်မာမှုကို အများဆုံးပြုလုပ်ထားပြီး ကြေးပိဿာချိန် ၁၁၁၁၁ ပိဿာရှိခေါင်းလောင်းကြီးကိုလည်း မန္တလေးမှာ မှာယူထားပြီးပြီလို့သိရပါတယ်။ ဒီကနေ့ကျင်းပရတဲ့ စေတီတော်ကြီးရဲ့ ထီးတော်တင်မင်္ဂလာအခမ်းအနားကို မြန်မာပြည်က ဗန်းမော်ဆရာတော်ဘုရားကြီး၊ မစိုးရိမ်ဆရာတော်ဘုရားကြီး ဦးရာဇဓမ္မဘိဝံသ၊ ရွှေတိဂုံ အရှေ့မုခ်ဆရာတော် ဦးဇောတိကနဲ့ ရေနံချောင်းဆရာတော် စတဲ့ ဆရာတော်ကြီး ၈ပါးတက်ရောက်ပြီး ဗုဒ္ဓဘာသာရဟန်းတော် ၂ဝဝ ကျော်နဲ့ ဧည့်ပရိတ်သတ် ၁ဝဝဝဝ ကျော်တက်ရောက်ခဲ့တယ်လို့သိရပါတယ်။ ဆရာကြီး ဂိုအင်ကာ ကိုမန္တလေးမြို့မှာမွေးပြီး ၁၉၆၉ခုနှစ်မှာ အိန္ဒိယကိုရောက်ရှိခဲ့ပါတယ်။ သူခေါင်းကိုက်ဝေဒနာခံစားရစဉ် ဆရာကြီး ဦးဘခင်ထံမှာ ဝိပဿနာတရားကိုစတင်လေ့လာရာကနေ စိတ်ဝင်စားလာပြီး အခုလို ကမ္ဘာ့သာသနာပြု ဝိပဿနာ ကမ္မဌာန်း နည်းပြဆရာအဆင့်ထိတက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီနေ့ဟာ ဆရာကြီး ဂိုအင်ကာရဲ့ အသက် ၈၅ နှစ်ပြည့်တဲ့နေ့လို့လည်း သိရပါတယ်။ ဒီစေတီတော်ကြီးမှာ ဝိပဿနာတရားစခန်းတွေ အမြဲတမ်းဖွင့်လှစ်သွားမယ်လို့လည်း သိရပါတယ်။

RFA မှကူးယူပါသည်။

0 ယောက်ရဲ့ထင်မြင်ချက်: