“အနာဂတ် ရဲ့ တို့ တိုင်းပြည်”

လမ်းလျှောက်လို့ တန်းစီ
ဒီဟာကို အကြမ်းဖက်သမားတွေဟု
စွပ်စွဲလို့ သူပြင်ဆင်
ကြံ့ဖွတ် နဲ့ ရမ်းကားရှင်
ဝါးရင်းတုတ် နှင့် အတင်းဝင်ကာ အုပ်တယ်။
စစ်ခွေးတွေက သေနတ်ကိုင်
နောက်ပါး က၀န်းရံ
ပစ်ခတ်ကာ လူစုခွဲတယ်
သံဃာတွေသွေးမြေ ကျပါလို့
ပြည်သူတွေ ငိုပွဲဆင်။

အပယ်တံခါး ဖွင့် ထားပြီးသား
ဒင်း တို့ သေမယ့်နေ့ စောင့်မျှော်ကြ
ဘ၀ကူးကောင်းအောင်
ကုသိုလ်တွေပြုနေ သော်ငြား
ပြုခဲ့သမျှ အကုသိုလ် ကြောင့်
ပြုသမျှ ကုသလ လားလား မရ။

နင်တို့ မသေခင်ပေါ့
အနာဂတ် ကိုမျှော်ကြည့်လိုက်ဦး
ငါတို့ တိုင်းပြည် ဘာတစ်ခုမှ မကျန်
အခွံ ချည်းကျန်လည်း
ဇွဲလုံးလကို အရင်းတည်
ခိုင်မာသည့် သံမဏိစိတ်
ညီညွှတ်ခြင်း အင်းအားနဲ့
ကိုးစား လို့ ကြိုးစားကြရင်
မျှော်လင့် ချက်ပန်းတိုင်
ဒီမိုကရေစီ အောင်ပွဲ
လက်တကမ်းမှာ
လာ..သူငယ်ချင်း
အတူတူ တိုက်ပွဲ ၀င်ကြစို့။ ။
စစ်အာဏာရှင်စနစ် ဖြုတ်ချရေးနှင့် ဒီမိုကရေစီ ရရှိရေး အတွက် တိုက်ပွဲဝင်နေကြသော ရဲဘော် များအတွက်။
ဓါတ်ပုံ-Mr creator နှင့် blog ညီကို မောင်နှစ်မ များ၏ ပုံများကို ယူသုံးထားခြင်း ဖြစ်ပါသည်။
1 ယောက်ရဲ့ထင်မြင်ချက်:
ကောင်းပါတယ် အားပေးလျက်ပါ
25/8/08 12:17 AMPost a Comment