8/22/2008

အလုပ်ခွင်ဟာသလေးများ

ဒီတပတ်တော့ အလုပ်တွေအရမ်းရှုပ်နေတာနဲ့ စာမရေး ဖြစ်သေးပါဘူး။သူငယ်ချင်းတစ်ယောက် မေးကနေပို့ထားတဲ့ ဟာသလေးကို မိတ်ဆွေတွေအတွက်ဖြန့်ဝေးပေးလိုက်ပါတယ်နော့...

အလုပ်ခွင်အတွင်း အခက်အခဲ တွေကို သီချင်းလေးနဲ တင်ပြပုံက ကြားသူတိုင်း ပြုံးရပါတယ်။
ကျွန်တော်သူငယ်ချင်း တစ်ယောက်က ဆောက်လုပ်ရေး မှာ အလုပ်ရပါတယ်။ သူလုပ်ရတာက ဆေးသုတ်တဲ့
အလုပ်ပါ။ဆေးသုတ် တယ်ဆိုပေမယ့် မလွယ်လှပါဘူး တခါတလေ မိုးမျှော်တိုက် အမြင့်ကြီးတွေပေါ် တက်သုတ်ရပါတယ်။ရတဲ့ လုပ်အားခနဲ့ လုပ်ရတဲ့ အလုပ်က မတန်ပါဘူး။အလုပ်ကိုမကြိုက်လို့ ပြောင်းဖို့လည်းမလွယ်ပါဘူး။ဒီတော့ မကြိုက်သော်လည်း ကြိုးစားပြီး လုပ်နေရပါတယ်။ အလုပ်သမား ခေါင်းဆောင်း ကလည်း ရွှေမြန်မာပါပဲ။ သူနဲ့ အဆင်ပြေရင်အမြင့်မတက်ရပါဘူး။ဒါကြောင့်သူ့ကို ကပ်နေရတာပေါ့။ အခွင့်အရေးယူရာကျမှာလည်း ဆိုးတော့ သီချင်းလေးဆိုပြီး အခွင့်ရေးတောင်းပါတယ်..
ဘယ်လိုဆိုလည်း ဆိုရင်...

“ကျွန်တော်ကို ဖြေးဖြး ခိုင်းပါဆရာ...ဟိုတိုက်ကြီးက မြင့်လိုက်တာ...မတက်ဝံ့ပါဆရာရယ်...ဒီတိုက်ကြီးကမြင့်လိုက်တာ ...ကြောက်လို့ ပါဆရာရယ်.... ”

ဒီလိုဆိုလိုက်တော့ အလုပ်သမားခေါင်းက လည်း အားကျ မခံ ပြန်ဆိုတယ်..

“အစ က သိရဲ့သားနဲ့ xxီး ဖြစ်လို့လာ လား...”

နောက်ပြန်ဖြေတယ် အလုပ်သမားက...

“အိမ်ရှေ့ အိမ်က ပိုက်ဆံပို့တာ အားကျလို့ပါ ဆရာရယ်...အိမ်ဘေး က ပိုက်ဆံပို့ တာ အားကြလို့ပါ ဆရာရယ် ..”

ကြာကြာနေတော့ အလုပ်ခေါင်း က နားငြီးလို့ နေ့တ၀က် အိမ်ပြန်နားခိုင်း လိုက်တယ်။

နောက်တစ်ယောက်ကြတော့ ဘာသာစကား ပြဿနာ ပါ။သူကျတော့ အင်္ဂလိပ် လိုလည်းသိပ်မတက် ၊အလုပ်လုပ်တဲ့ နိုင်ငံက စကားလည်းမတက် တာပါ။ရောက်တာ လည်းမကြာသေး လို့ပါ။သူက စကားပြောရင်း အင်္ဂလိပ်လိုတ၀က် မြန်မာလိုတ၀က် ကြားညပ်ညပ်ပြီး ပြောပါတယ်။သူကတော့ ကားကြီးတွေ ဆေးမှုတ်တဲ့အလုပ်ရုံမှာ အလုပ်လုပ်ပါတယ်။ ရောက်ခါစက သူဌေးက စကားပြောတက်တဲ့ သူကတဆင့်သူကိုပြောပါတယ် “ငွေရေးကြေးရေး ဘာမှမပူဖို့ အလုပ်ကိုကြိုးစားဖို” ဘာညာတွေ ပေါ့။သူကလည်းကြိုးစားပြီး လုပ်ပါတယ် ။လကုန်တော့ သူဌေးက လစာ မရှင်းပေးသေးပါဘူး။စောင့်နေပါတယ် တစ်လခွဲ လောက်ကြာတော့စိတ်မရှည်တော့ပါဘူး ဒီတော့ စကားပြောတက်တဲ့သူကို တဆင့်ပြောခိုင်း ပါတယ်။ခဏ ခဏ ပြောခိုင်းရတာ အားနာလာတော့ တနေ့ သူကိုယ်တိုင် သွားပြောပါတယ်။ ဘယ်လို ပြောလည်း သိလား....


“Boss ပြောတော့money nevermind ဆို give စရာရှိရင် give လိုက်ပါလား။ my mother နေမကောင်းလို့ give ရဦးမယ်။ slow ,slow မလုပ်ပါနဲ့..ကြာရင် my mother die သွားလိမ့်မယ်။ ”


သူဘာပြောချင်တယ်ဆို တာ ကျွန်တော်တို့တွေ အနေနဲ့ နားလည်ပေမယ့် တရုတ် သူဌေးက ဘယ်လို နားလည်မလည်း ။ဒါ နဲ့ စကားပြောတက်တဲ့ သူကို အော်ခေါ်ပါလေရော။ သူဘာပြောတယ်ဆိုတာ သိချင်တော့နောက်ကနေ အားလုံး လိုက်သွားကြတယ်။ရောက်တော့ စကားပြန်က သူကို“ မင်းသူဌေး ကိုဘယ်လိုပြောလည်း” မေးတော့ စောစော ကသူပြောတဲ့ အတိုင်း ပြန်ပြောပြတော့ အားလုံးရယ်လိုက် ကြတာ အတော မသတ်ပဲ။

နောက်တစ်ယောက် ကြတော့ ...ဆောက်ပြီသား အိမ်တွေ အခန်းတွေကို အိမ်ပိုင်ရှင်တွေက မကြိုက်ရင် ဒီဇိုင်း အသစ်တွေ ပြန်ပြင်ပြီး လုပ်ပေးရတဲ့ အလုပ်ပါ။ဖြတ်ပြီး ပြန်ပြင်ရတဲ့ အလုပ်ပေါ့နော်။တစ်နေ့ တိုက်ခန်း တစ်ခုမှာ အလုပ်လုပ် ရပါတယ်။ အဲဒီ အခန်းက သူဌေး သမီး က အပေါက်ကလည်းဆိုး အပြောအဆိုကလည်း မညက်လှပါဘူး။ ပိုဆိုးတာက အလုပ်ခိုင်းရင် ခြေတောက်နဲ့ ပြ ပြီခိုင်းပါတယ်။(တချို့ကြုံဘူးကြမှာပါ)နောက်တစ်ခုက ဆဲတာပါ။ ရုပ်ကလေးက လှသလောက်။အလုပ် သွားလုပ်တဲ့ နှစ်ယောက်က စကားကလည်း သိပ်မတက် ၊အင်္ဂလိပ်လိုကြတော့ လည်းနည်းနည်းပဲ ယနားလည် တယ် ပြန်တော့ မပြောတက်ဘူး ။ ပြောချင်နေတာတော့ လည်းချောင်းထဲ ယားနေတာပေါ့။ဒီလို နဲ့ ညနေရောက်တော့ သူတို့ကို အလုပ်လာခေါ်
တဲ့ သူဌေးရောက်လာတော့ မရတော့ဘူး တိုင်ကြမယ်ဆို ပြီး နှစ်ယောက် ထဲကတစ်ယောက်က တက်သမျှ အင်္ဂလိပ် လို ပြောပြီး တိုင်ကြတယ်။

သူပြောချင်တာက မြန်မာလို ဆိုရင်“ သူဌေး သမီး ကျွန်တော်တို့ကို တနေလုံး ဆဲ တယ်” လို့တိုင်တာ

သူတို့လည်း တိုင်ပြီးရော သူဌေးက မျက်ထောက်နီကြီးနဲ့ ကြည့်ပြီး Get out now ...ဆိုပြီးအပါက်ဝ ကိုလက်ညှိုးထိုးပြီး ပြန်ခိုင်းလို့ ကိုယ့်ဟာလေးတွေ ကို ယ်သိမ်းပြီး ဘတ် စ် ကား နဲ့ ညောင်းခဲ့ ရတော့တယ်။အလာတုန်းက တော့ သူဌေးကိုယ် တိုင် သူကားနဲ့လာ ခေါ်တယ်။ ငါတို့ ဒါလေးတိုင်တာကို ဘာလို့စိတ်ဆိုး ရလည်းလို့ တွေးပြီး ပြန်လာကြတာ ပေါ့။ အိမ် ပြန်ရောက်တော့ သူတို့ တိုင်တဲ့ အတိုင်း အင်္ဂလိပ်စာ ကျွမ်းတဲ့ တစ်ယောက်ကို မေးကြည့်မှ အမှန်ကိုသိရတယ်။တော်သေးတာပေါ့ ရိုက်ပါမလွှတ်လိုက် လို့ သူဌေး သမီးက ချောချောလေး နဲ့ အပျိုလေး ဗျ အဟိ။အော် မေ့နေလို့ သူတို့ အင်္ဂလိပ်လို သူဌေးကိုတိုင်လိုက်တာကတော့.........

“ Boss ,today your daughter many many fuck me ” ကိုယ်ဟာကိုသာ ဘာသာပြန်တော့ဗျာ။

ကိုဥဿာ

ဘော်ဒါ ၏ အီမေး မှ ဖြစ်ပါသည်။

အကယ်၍ ဤစာသားများ ၊စကားစုများ သည်တိုက်ဆိုင်မှု ရှိနေပါက နားလည်ခွင့်လွှတ်ပေးပါရန်။

0 ယောက်ရဲ့ထင်မြင်ချက်: