4/10/2012

မင်္ဂလာဒိုး အနုပညာအင်အားစုမှ ရဲရဲတောက်တေးသံချပ်များ(ဂျပန်)


အကြိမ် ၂၀ မြောက် အစဉ်လာမပျက် ဂျပန်ရောက် မင်္ဂလာဒိုး အနုပညာအင်အားစုမှ ရဲရဲတောက်တေးသံချပ်များ စတင်ဖြန့်ချိလိုက်ပါပြီ။

2012 မင်္ဂလာဒိုးအနုပညာ အင်အားစု (ဂျပန်) အဖွဲ့ ၏ရဲရဲတောက်တေးသံချပ်များ 2012ခုရဲ့ မြန်မာပြည် သင်္ကြန်အမှီ တင်ဆက်ဖျော်ဖြေတင်ဆက်နိုင်ရန်အတွက် ဂျပန်နိုင်ငံရောက် မင်္ဂလာဒိုး အနုပညာအင်အားစုမှ နှစ်စဉ် ကျင်းပနေကြ ဂျပန်နိုင်ငံရှိ မြန်မာ့ ရိုးရာ သင်္ကြန် ပွဲ များတွင် တင်ဆက်နေကျ ဒိုးပတ်သံ များဖြင့် နိုင်ငံတကာရောက် မြန်မာမိသားစု များနှင့် မြန်မာပြည်တွင်းမှ အောင်ပွဲရ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို ထောက်ခံအားပေးနေသော မိဘပြည်သူများအတွက် စိတ်သောကကင်းဝေးနိုင်စေရန် နှင့် ဒုက္ခအပေါင်းမှ ကင်းငြိမ်းစေရန် ရည်ရွယ်ချက်ဖြင့် အစဉ်လာမပျက် တနှစ်တခေါက် အတို့ အထိ ရိ စရာ လေးများနှင့် မှန်မှန်ရောက်ရှိလာတဲ့ မင်္ဂလာဒိုး ရဲ့ သံချပ်များ အများပြည်သူများ ရှေ့မှောက်သို့ ရောက်ရှိလို့  လာခဲ့ပြန်ပါပြီ၊၊

ယခု နှစ်သံချပ်များကို ကိုမျိုး သန့် ၊ကိုသောင်းတို့ မှစီစဉ်ပြီး၊ကိုမျိုးသန့် ၊ကိုသောင်း၊ ခင်ငြိမ်းဆွေ နှင့် ကိုထွန်းဝေတို့ မှရေးသားခဲ့ကြခြင်း ဖြစ်ပါတယ်၊၊ 2012 ယခုနှစ်တွင်လည်း
၁။ အဖွင့်တေးသံ
၂။ပြန်ကြားရေး
၃။ အထွေထွေ
၎။ NLD ကို ဂုဏ်ပြုခြင်း
၅။ အခန်းပြောင်းတေးသံ
၆။ညီညွတ်ရေး
၇။ရန်ပွဲတွေ၇ပ်
၈။ ကုန်ဈေးနှုန်း
၉။သံချပ်ဆင်ဆ
၁၀။ ဂျပန်မှ အပြန်ခရီး
၁၁။ မဟော်သဓာ သားတရားစီရင်ခန်း
၁၂။ကမ္ဘာမကြေ စသည့်

တေးသံချပ်များ ဖြင့် မြန်မာပြည်တွင်းမှ မိဘရဟန်းရှင် ပြည်သူများ ကြည့်ရှု့ နိုင်စေရန်နှစ်စဉ်နှစ်တိုင်း အတာသင်္ကြန် မရောက်ခင်မှာ သံချပ် သီချင်းခွေ ဗွီဒီယိုတွေ ထုတ်လုပ်ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာကို ဖြန့်ချိခဲ့တာ နှစ်စဉ်နှစ်တိုင်းပင် ဖြစ်ပါတယ်။

မြန်မာပြည်သင်္ကြန်နှင့်အတူ နှစ်စဉ်ဧပြီလတွင်ကျင်းပနေကြ တိုကျိုသင်္ကြန်ပွဲတော်သည် ဧပြီ 15 ရက်(15.4.2012)တွင် ကျင်းပမည်ဟု မြန်မာ့ဒီမိုကရေစီ အဖွဲ့ ချုပ် မှ ဥက္ကဌ ဦးလှိုင်အေး က ပြောကြားခဲ့ပါသည်။

မြန်မာပြည်အလွမ်းပြေ ယိမ်းအကနှင့် ဒိုးပတ်သံများဖြင့်ေ ၀ဝေဆာဆာ မြူးမြူးကြွကြွ တင်ဆက်ထားသည်ကို တွေ့ ရမှာဖြစ်ပြီး မကြာမီအင်တာနက် စာမျက်နှာ များတွင် ဗွီဒီယို ဖြင့်တစ်ဝကြီး
ကြည့် ရှု့နိုင်ရန်စီစဉ်လျက် ရှိပါသည်။ယခုနှစ် တိုကျို သင်္ကြန်ပွဲတော်တွင် လည်း မင်္ဂလာဒိုးမှအဖွဲ့ ဝင် များဖြင့် ခြိမ့် ခြိမ့် သဲ ဖျော်ဖြေမည်ဖြစ်ပြီး

ဦးမျိုး သန့်  080 5063 2509
ကိုထွန်းဝေ 080 3099 1503
kotunwai@gmail.com , tunwai.jp@gmail.com
တို့ ကို ထံ မေးမြန်း ဆက်သွယ်နိုင်ကြောင်းသိရှိရပါတယ်။


သီချင်းများ အကုန်လုံးယူချင်ရင်
မင်္ဂလာဒိုး.rar


တေးသီချင်း သံချပ်များကို ကိုဇေယျာအောင်မှ ရိုက်ကူးတည်းဖြတ်ထားပါသည်။ အောက်ပါလင့်မှနေ၍ သံချပ်များကို တစုတဝေးတည်း ကြည့်ရှုနားဆင်နိုင်ပါတယ်။

http://www.youtube.com/user/kotunwai?feature=watch

0 ယောက်ရဲ့ထင်မြင်ချက်: