4/25/2010

ပြည်သူကိုချစ်တာလား အာဏာကိုချစ်တာလား

** ပြည်သူကိုချစ်တာလား အာဏာကိုချစ်တာလား **





ရေး..ထက်အောင်ရှိုင်း
ဆို .. သီရိမင်းလွင်


ရွေးကောက်ပွဲကြီးကိုမင်းယုံကြည်နေလား
လက်ညှိုးထောင် ခေါင်းငြိမ့်ခိုင်းတာမင်းမြင်နေရဲ့သား
တဖက်သတ်ရေးဆွဲတဲ့ အခြေခံကို အသုံးချသွားတော့မဲ့
အခြေအနေကိုဘယ်သူမှလက်မခံဘူး .. ..

ဒီမိုကရေစီဘောင်မ၀င် နှစ်ထောင့်ရှစ်ဇွတ်ညစ်ကာ လုပ်ခဲ့တယ်
နာဂစ်ကြောင့် သောကတွေကြားထဲဝယ် လာပြန်ပြီနှစ်ထောင့်တဆယ်
တော်ရုံတန်ရုံလိမ်ပါကွာ ပြည်သူ့ရဲသဘောထားကို ကိုယ်စားမပြုပါ
လက်တွေအုပ်ချုပ်မှာစစ်တပ်ပါ ယုံကြည်စရာတစက်မရှိပါ .. .. ..

ရွေးကောက်ပွဲတိုင်းမှာမင်းပြိုင်ချင်တာလား
မမျှတတဲ့ဥပဒေ မင်းခုံမင်နေလား
ကိုယ်ကောင်းစားဘို့အတွက်နဲ့ အာဏာရှင်မှိုင်းမိသွားမှခက်မယ်
အချိန်မလွန်ခင် စဉ်းစားဆုံးဖြတ်အုံး .. ..

ဒီမိုကရေစီဆိုတာဟာ ပြည်သူ့ရဲ့သဘောထားမှန် အစစ်မှသာ
၉၀ ခုကလိုရလာဒ်ပါ အာဏာရျင်ပြန်လုတယ်
အခြေခံပြည်သူတွေအပေါ်စာနာပါ
စနစ်တခုပြောင်းတိုင်းမှာဒုက္ခသာ ခါးစီးပိုးရင်းသာဘ၀ပျက်တာ
အာဏာရှင်များကြောင့်ပါ .. ..

~~~~~~~~~~~~~~~~~~~~~********~~~~~~~~~~~~~~~~~~~~~~~

(ပို့ပေးလာသော ထက်အောင်ရှိုင်းအား ကျေဇူးတင်ရှိပါသည်။)

0 ယောက်ရဲ့ထင်မြင်ချက်: