12/21/2011

ဒို့ အသံများသည် ရင်တွင်းမှတဆင့် အွန်လိုင်း၊ အွန်လိုင်းမှတဆင့် ပြင်ပသို့....

(20th.DEC.2011) face book ပေါ်မှ ကိုမင်းကိုနိုင်နှင့်နိုင်ငံကျဉ်းသားတို့အတွက်တောင်းဆိုမှုများ 
အခုအချိန်မှာ အင်တာနက်ပေါ်က လူမှုရေး ကွန်ယက်တခုဖြစ်တဲ့ face bookပေါ်မှာ (ကိုမင်းကိုနိုင်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး) အတွက် တောင်းဆိုနေတဲ့ Group လေးတခုဖွဲ့ထားပါတယ်။ ကိုပေါ့်ကိုချစ်ရင်၊ လေးစားရင်၊ သူ့လုပ်ရပ်တွေကို ထောက်ခံတယ်ဆိုရင် ၀ိုင်းဝန်းအင်အားဖြည့်ပြီး ကျနော်တို့ခေါင်းဆောင်လွတ်မြောက်ဖို့ကိုဝိုင်းဝန်းတောင်းဆိုပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။
တောင်းဆိုလိုသူများအနေနဲ့ face book account ရှိသူဖြစ်ပါက ဒီနေရာ ကို နှိပ်ပါ။
face book အကောင့် မရှိသေးသူများအနေနဲ့ face book account ပြုလုပ်ရန် ဒီနေရာ ကိုနှိပ်ပါ။ 
မင်းကိုနိုင် ဆိုသည်မှာ အာဏာရှင်စနစ်ကို ဆန့်ကျင်အံတုလျက် ဒီမိုကရေစီ တောင်းဆိုသော ပြည်သူတို့အား ကိုယ်စားပြုသည့် နာမည် ဖြစ်သည်။ ထို့ကြောင့် မင်းကိုနိုင်အား နိုင်ငံရေး အကျဉ်းချထားခြင်းသည် ဒီမိုကရေစီ လိုချင်သော မြန်မာပြည်သူတို့အား နိုင်ငံရေး မလုပ်အောင် ပိတ်ဆို့ထားသကဲ့သို့ ဖြစ်နေသည်။ ယခုလက်ရှိ မြန်မာအစိုးရအနေဖြင့် ဒီမိုကရေစီ ဘက်တော်သား အစစ်အမှန် ဖြစ်ကြောင်း သက်သေပြလိုလျှင် မည်သည့် မြန်မာနိုင်ငံသားမှ ဒီမိုကရေစီကြောင့် နိုင်ငံရေးအကျဉ်းသား မဖြစ်စေရ ဆိုသည့် ဂုဏ်ကို ဖော်ဆောင်ရမည်။
ကျနော်တို့ ရဲ့ ကျောင်းသားခေါင်းဆောင်တွေကို ၂၀၁၂ ဇန္န၀ါရီလ(၄)ရက် လွတ်လပ်ရေးနေ့ မှာ လွှတ်နိုင်တယ် လို့  မိတ်ဆွေ တစ်ယောက် က သူသိသမျှ ၀မ်းသာ အားရ လာပြောရှာပါတယ်။ကျနော်ကလည်း အားကျမခံ ပြန်ပြော လိုက်ပါတယ်။ အဲဒီနေ့ မလွှတ်ရင် ၅-၁-၂၀၁၂ နေ့ ကစပြီး ကျနော်(ဦးဝင်းချို)ကတော့...နေ့ စဉ်၊နေ့ တိုင်း နိုင်/ကျဉ်း လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲတွေ စီစဉ်မှာဖြစ်ပါတယ် ဆိုတဲ့ အကြောင်းပါဘဲ။ 
Chaw Lin
ကိုမင်းကိုနိုင်နှင့် နိုင်ငံရေးအကျဉ်းသားများ ကျန်းမာစွာဖြင့် အမြန်ဆုံးလွတ်မြောက်ကြပါစေ။
ကိုကျော်ကြီး ရဲ့ နိုင်ငံ နဲ့ လူမျိုး ကောင်းကျိုး အတွက် အနစ်နာခံ ဆောင်ရွက်ခဲ့တဲ့ ကိုမင်းကိုနိုင် တကွ နိုင်ငံရေး အကျဉ်းသာ အားလုံး ဒီမိုကရေစီ ကိုပြောင်းလဲနေပြီလို့ ကြွေးကျော် နေတဲ့ မင်းဆိုးမင်းညစ် အစိုးရ အောက်က အမြန်ဆုံးလွတ်မြောက်စေချင်ပါတယ်
http://www.youtube.com/watch?v=qmwez_sdeUw
တိုင်းတပါပါးကျွန်
စစ်တပ်ကျွန်
ဘယ်ကျွန်မှမခံ
ဒေါင်းအလံဟေ့
ကျောင်းနံရံတ၀ိုက်
ဒေါင်းအလံပြန်စိုက်မယ်
မင်းကိုနိုင်
ကိုမင်းကိုနိုင် နှင့်  နိုင်ငံေ၇းအကျဉ်းသားအားလုံးကို အမြန်ဆုံးလွှတ်ပေးပါ......

Ko Min Ko Naing ရေ
၈၈ မျိုးဆက်များနှင့်အတူ ယုံကြည်ချက် လှောင်ချိုင့်စံ များဘ၀ မှ
လွတ်မြောက်ခွင့်ကိုတောင်းဆိုနေခဲ့တာ ကြာခဲ့ပါပြီ ။
မကြာမှီ ဆုတောင်းတွေ ပြည့်လိမ့်မယ်လို့လဲ ယုံကြည် မျှော်လင့်လျှက်ပါ ..
ပြည်သူချစ်တဲ့ ပြည်သူ့သားတွေ ကို အမြန်ဆုံးလွှတ်ပေးပါလို့လဲ ထပ်မံတောင်းဆိုပါတယ်...
လွတ်မြောက်ခွင့်တွေ ပေးလိုက်ပါတော့ ........
ကိုမင်းကိုနိုင်နှင့် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွတ်မြောက်ပါစေ။ ဒီနေ့ ဒီဇင်ဘာ ၂၀ ရောက်နေပြီဖြစ်ကြောင်း သက်ဆိုင်ရာသို့ သတိပေးအပ်ပါသည်။
တချိန်ကကျောင်းသားလှုပ်ရှားမှုအားတွေကြောင့်သာမြန်မာပြည်ကြီးလွတ်လတ်ရေးရလာတာဘယ်သူမှငြင်းမရပါဘူး....ဒါကြောင်.စစ်မှန်တဲ.ဒီမိုကရေစီလမ်းကိုသွားဖို.ကျောင်သားခေါင်ခေါင်းဆောင်....မင်းကိုနိုင်နဲ...နိုင်ငံရေးအကျဉ်းသားတွေအမြန်လွတ်ပေးပါ...........။
ဦးမင်းကိုနိုင်နှင့် နိုင်ငံရေး အကျဉ်းသားများအားလုံး အမြန်ဆုံး လွတ်မြောက်ပါစေ
အပြစ်မရှိဘဲ မတရား အကျဉ်းကျခံနေကြရသော ကိုမင်းကိုနိုင်နှင့် နိုင်ငံရေးအကျဉ်းသားများကို ချွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးပါ။
(21.12.2011)
မတရားဖမ်းဆီးခံထားရတဲ့ အကို ကိုမင်းကိုနိုင် နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံးလွတ်ပေးပါ။ 21,dec,2011<11:34 am>Thailand.
မကြာမီမှာဂျပန်နိုင်ငံခြားရေးဝန်ကြီးဟာမြန်မာပြည်ကိုလာရောက်လည်ပတ်ပါမည်။ ယခုအချိန်မှာအမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင်.မြန်မာပြည်အကြောင်းဆွေးနွေးနေ ပါတယ်။မြန်မာပြည်ရဲ.နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုနှင်.လိုက်လျောညီထွေတဲ.စီးပွားရေး အကူညီပေးရန်အလားအလာရှိပါတယ်။မြန်မာ.နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုကိုသက်သေ ပြနိုင်ရန်ကိုမင်းကိုနိုင်နှင်.နိုင်ငံရေးအကျဉ်းသားအားလုံးခြွင်းချက်မရှိလွှတ်ပေးပါ။
‎"ကိုမင်းကိုနိုင်နှင့်တကွ နိုင်ငံေ၇းအကျဉ်းသားအားလုံးအမြန်ဆုံးလွှတ်ပေးပါ"
thailand 11:43 21 december 2011
Release Min Ko Naing and all political prisoners now...
‎2011နှစ်တနှစ်ရဲ့နောက်ဆုံးနေ့ရက်တွေကိုရောက်နေပြီ..,
2012နှစ်သစ်မှာငါတို့ခေါင်းဆောင်ကိုမင်းကိုနိုင်ကိုလွှတ်ပေးပါ...
အပြစ်မဲ့နိုင်ငံရေးအကျဉ်းသားအားလုံးချွင်းချက်မရှိလွှတ်ပေးပါ...
Free our 88 student leader Min Ko Naing and Free political prisioners in Burma. Respect of Humanity, bringing to justice and peace in Burma Now!
၈.၈.၈၈ ရက်နေ့မှာ မြန်မာပြည်မှာ (၈၈၈၈)ရှစ်လးလုံး လူထုအုံကြွမှုကြီးဖြစ်ခဲ့တယ်။ လူအ...ုပ် ကြီးတွေလမ်းမတွေပေါ်ထွက်ပြီး ဒီမိုကရေစီရရှိရေး..ဒို့အရေးလို့ ကြွေးကြော်ပြီး ဒီမိုကရေစီ စံ နစ်ကို တောင်းဆိုခဲ့ကြတယ်။ ကျောင်းသား၊ ရဟန်း၊ ပြည်သူ (၃၀၀၀)ကျော် သေဆုံး ခဲ့တယ်။ မဆလအာဏာရှင် ဦးနေ၀င်းအစိုးရ နုတ်ထွက်ပေးလိုက်ရတယ်။ ဒီ(၈၈၈၈) ရှစ်လေးလုံး အရေးတော်ပုံကြီးဖြစ်ပေါ်အောင် မင်းကိုနိုင်နဲ့ (၈၈)ကျောင်းသားခေါင်းဆောင်တွေက အစပျိုးခဲ့ တယ်။ အုတ်မြစ်ချခဲ့တယ်။ ဒါကြောင့်သူတို့တွေဟာ (၈၈၈၈) ရဲ့ ဖေါင်ဒါတွေ (သို့) မြန်မာ့ဒီမိုကရေစီကို အုတ်မြစ်ချခဲ့သူတွေဖြစ်တယ်။ မြန်မာပြည်မှာ ဒီမိုကရေစီကို အုတ်မြစ် ချခဲ့တဲ့ ဒီကျောင်းသားခေါင်းဆောင်တွေကို ထောင်ထဲမှာထားပြီး တိုင်းပြည်ကို ဒီမိုကရေစီ ထူထောင်တယ်ဆိုတာ ဘယ်လိုမှမဖြစ်သင့်ဘူး။ အဓိပ္ပါယ်မရှိဘူး။ မလုပ်ကောင်းဘူး။ တရား သဖြင့်ဒီမိုကရေစီမဟုတ်ဘူး။ မတရားတဲ့ဒီမိုကရေစီပဲဖြစ်တယ်။ ဘယ်လိုမှလက်ခံနိုင်စရာ အကြောင်းမရှိဘူး။မတရားတဲ့ဒီမိုကရေစီကိုမလုပ်ကြပါနဲ့လို့တောင်းပန်ပါရစေ ..လူချီးမင်းတို့...

(ဒေါက်တာ ခင်စိန်-ဧရာဝတီ)

‎"ကိုမင်းကိုနိုင်နှင့်တကွ နိုင်ငံေ၇းအကျဉ်းသားအားလုံး အမြန်ဆုံးလွှတ်ပေးပါ"
လွှတ်တာ မလွှတ်တာ မင်းတို့ အလုပ်.......နေ့ စဉ် ရက်ဆက် အချိန်တိုင်း ကိုမင်းကိုနိုင်နှင့်  နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးတောင်းဆိုရမှာ ငါတို့  အ လုပ် ။ မင်းနိုင်...နိုင်ငံရေးအကျဉ်းသားဟောင်း...။ Buffalo NY.
မင်းကိုနိုင်.. ဆိုတာ.. ဘယ်သူလဲ..
(၈.၈.၈၈) မှာဒီမိုကရေစီလုထုအရေးတော်ပုံကြီးမြန်မာပြည်မှာဖြစ်ခဲ့တယ်။
(၈၈၈၈)ကို ရာဇ၀င်ပြောင်တဲ့ ကျောင်းသားခေါင်းဆောင်တွေက စခဲ့တယ်။
(၈၈၈၈)ကြောင့် ဦးနေ၀င်း မဆလ အာဏာရှင်ပြုတ်ကျသွားတယ်။
မင်းကိုနိုင်..ကျောင်းသားခေါင်းဆောင်.. မင်းကိုနိုင်..သူဟာ (၈၈၈၈)လုံးတိုက်ပွဲကြီးရဲ့ အလံကိုင်တပ်မှူး၊ သူဟာမြန်မာနိုင်ငံရဲ့ဒီမိုကရေစီဖေါင်ဒါ။
သူဟာ နံပါတ်(၁) ကျောင်းသားသူရဲကောင်း..တကယ့်ခွပ်ဒေါင်းစစ်စစ်။
(ကျောင်းနံရံတစ်ဝိုက် မှာဒေါင်းအလံပြန်စိုက်မယ် ဟေ့) လို့ စစ်အာဏာရှင်တွေကို ရာဇသံပေး ကြုံးဝါးခဲ့တာ သူပေါ့။ သူဟာမြန်မာ့ဒီမိုကရေစီကို အုတ်မြစ်ချခဲ့သူ၊ မြန်မာ့ဒီမိုကရေစီရဲ့ဖေါင်ဒါ။
ဘယ်သူပဲ ပြောင်းပြောင်း၊ ဘယ်သူပဲ ဘာလုပ်လုပ်၊ ဒီမိုကရေစီကိုပြောင်းမယ်ဆိုရင်၊ မင်းကိုနိုင်ပါကိုပါရမယ်။ မင်းကိုနိုင်မပါ တဲ့ ဒီမိုကရေစီဟာ ဆားမပါတဲ့ဟင်းပဲဟေ့။ ဘယ်တော့မှစားလို့ကောင်းမှာ မဟုတ်ဘူး။ ဒါကြောင့်....မင်းကိုနိုင်ကို အခုချက်ချင်း လွှတ်ပေးပါ... လူချီးမင်းတို့....မင်းကိုနိုင်နဲ့ ကျောင်းသားခေါင်းဆောင်တွေ ကိုလွှတ်ပေးရင်ပေး၊ လွှတ်မပေးရင်တော့...( ကျောင်းနံရံတ၀ိုက် ကို ဗြောင်းဆန်အောင် ပြန်လုပ်ကြရအောင်) ညီနောင်ကျောင်းသား အပေါင်းတို့…

ကိုမင်းကိုနိုင်နှင့်အားလုံးသော နိုင်ငံရေးအကျဉ်းသားများကိုအမြန်ဆုံးလွှတ်ပေးပါ။
Ko Min Ko Naing ရေ
၈၈ မျိုးဆက်များနှင့်အတူ ယုံကြည်ချက် လှောင်ချိုင့်စံ များဘ၀ မှ
လွတ်မြောက်ခွင့်ကိုတောင်းဆိုနေခဲ့တာ ကြာခဲ့ပါပြီ ။
မကြာမှီ ဆုတောင်းတွေ ပြည့်လိမ့်မယ်လို့လဲ ယုံကြည် မျှော်လင့်လျှက်ပါ ..
ပြည်သူချစ်တဲ့ ပြည်သူ့သားတွေ ကို အမြန်ဆုံးလွှတ်ပေးပါလို့လဲ ထပ်မံတောင်းဆိုပါတယ်...
လွတ်မြောက်ခွင့်တွေ ပေးလိုက်ပါတော့ ........
ယုံကြည်ချက်ကြောင့်အကျဥ်းကျခံနေရသော
ကိုမင်းကိုနိုင်နှင့်နိုင်ငံရေးအကျဉ်းသားများအားလုံးကို အမြန်ဆုံးလွှတ်ပေးပါ။
ကိုမင်းကိုနိုင်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေး......ဒို့- အရေး....ဒို့အရေး။
Free"All"Now
ကျောင်းသားဆိုတာ တိုင်းပြည်ရဲ့ အနာဂတ်ပါ။ဒိလိုပါပဲ ကျောင်းသားခေါင်းဆောင်ဆိုတော့ အနာဂတ်ရဲ့ ခေါင်ဆောင်တွေပါ။သူတို့တွေကို ထောင်ထဲထည့်ထားတာဟာ တိုင်းပြည်ရဲ့ အနာ၈တ်ကိုထောင်ထဲထည့်တာနဲ့ အတူတူပါပဲ။ဒါ့ကြောင့် ကျွန်တော်တို့ တိုင်းပြည့်အနာဂတ်ကို မတရြးထောင်ထဲ ထည့်မထားပါနဲ့  ချက်ခြင်းလွှတ်ပေးပါ
အမေရေ...ရွေးကောက်ပွဲလဲဝင်ပြီးနေပြီ..ပါတီလဲမှတ်ပုံတင်ပြီးပြီနော်...အကျဉ်းသားတွေမလွှတ်သေးတာကို...အမေဘာလို့...ဒီအတိုင်းကြည်.နေတာလဲ....အမြန်ဆုံးအကောင်ထည်ဖော်ပေးပါကိုမင်းကိုနိုင်နဲ့တကွနိုင်ငံရေးအကျဉ်းသားအားလုံးကိုလွှ်မြောက်အောင်...တောင်းဆိုပေးကြပါ

ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရတဲ့ အကို မင်းကိုနိုင်နှင့် နိုင်ငံရေးအကျဉ်းသားများအား အမြန်ဆုံး လွတ်ပေးပါရှင့်......အနူးအညွတ်တောင်းဆိုပါတယ်ရှင့်.....
ဦးသိန်းစိန်..ခင်ဗျား..ရုပ်မာမူတွေကို ရပ်သင်.ပြီးလို.ထင်ပါတယ်..နောက်ပြီး ရုပ်မာရုံတင်မကဘူး..ကိုမင်းကိုနိုင်နှင်.အကျဉ်းသားတွေကို..ထောင်ပြောင်းရုံတင်မကဘူး..သူတို.နဲ.ဆက်နွယ်နေတဲ. မိသားစုတွေပါ..ထောင်ဝင်စာ တွေ.ဘို.မလွယ်အောင်..အင်မတန်ဝေးလန်ခေါင်းပါတဲ...နေရာအရပ်ဒေသတွေကိုပြောင်းရွေထားတော..မိသားစုတွေခင်ဗျာ သွားရလာရတာမလွယ်ကူတောဘူးလေ..ကိုမင်းကိုနိုင်နှင်.အကျဉ်းသားတွေကိုဒုက္ခပေးလို.အားမရတဲ.အပြင်..မိသားစုတွေပါ သွားရေးလာရေးမလွယ်ကူအောင် ဒုက္ခပေးတယ်နော်..သူတစ်ပါးကို ခင်ဗျားဒုက္ခပေးတာက တစ်ခုထဲပါ..ခင်ဗျား ခံရမယ်.ဒုက္ခတွေကမနဲဘူးနော်..အဲဒီဒုက္ခရဲ. အကျိုးက (၅) မျိုးရှိပါတယ်..(၁) သောက..စိုးရိမ်ရတယ်.(ခင်ဗျားမိသားစု၊ရာထူးအာဏာ)..(၂)ပရိဒေ၀..(ငိုကြွေးရတယ်)..(၃) ဒုက္ခ ..ကိုယ်ဆင်းရဲရတယ်..(၄)ဒေါမနဿ.စိတ်ဆင်းရဲရတယ် ..(၅) ဥပါယာသာ..တဲ. ပျင်းစွာပူလောင်ရတယ်...ကိုမင်းကိုနိုင်နှင်.အကျဉ်းသားတွေ..မိသားစုတွေကို ဒုက္ခပေးတဲအကျိုးတွေလေ..ခင်ဗျားဒုက္ခပေးတာက တစ်ခုထဲပါ..ခင်ဗျားခံစာရမှာက (၁)သောက (၂)ပရိဒေ၀ (၃)ဒုက္ခ (၄) ဒေါမနဿ (၅) ဥပါယာသာ တဲ..အဲဒီငါးမျိုးက ခင်ဗျားခံစားရမယ်.ဒုက္ခရဲ. အကျိုးတွေလေ...ဒါကြောင်.မြတ်ဗုဒ္ဓက ဟောကြားထားတာပေါ..အကြောင်းကြောင်.အကျိုး ဖြစ်တယ်ဆိုတာလေ....အဲဒီဒုက္ခရဲ. အကျိုးငါးမျိုးကို မကြာခင်ခံစားရတော.မယ်..ဒီတော..ကိုမင်းကိုနိုင်နှင်.အကျဉ်းသားအားလုံးကို အမြန်ဆုံးလွှတ်ပေးပါ...... ကျော်ကြီး...
တိုင်းတပါပါးကျွန်
စစ်တပ်ကျွန်
ဘယ်ကျွန်မှမခံ
ဒေါင်းအလံဟေ့
... ကျောင်းနံရံတ၀ိုက်
ဒေါင်းအလံပြန်စိုက်မယ်
မင်းကိုနိုင်
မင်းကိုနိုင်နဲ့  နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံး လွှတ်ပေးပါ~~~~
(21.12.2011)
၂၀၁၂ သင်္ကြန်မှာသာ ကိုပေါ်တို့ကို ဒီလိုတွေ့လိုက်ရရင်.........
ကိုမင်းကိုနိုင်နဲ့နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးလွှတ်ပေးပါ (2011.DEC.21) 11:02pm Japan Standard Time.

ကိုမင်းကိုနိုင်နှင့်တကွနိုင်ငံေ၇းအကျဉ်းသားအားလုံးကိုအမြန်ဆုံးလွှတ်ပေးပါခင်ဗျား။(21.12.2011)10:32pm

0 ယောက်ရဲ့ထင်မြင်ချက်: