NLD အလံနှင့် ဆိုင်းဘုတ် ဖြုတ်လိမ့်မည် မဟုတ်
ခိုင်သွယ် | အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေနှင့် လာမည့် မေလ ၆ ရက်နေ့တွင် ပါတီမှတ်ပုံတင် သက်တမ်း ကုန်ဆုံးမည် ဖြစ်သော်လည်း ဆိုင်းဘုတ်ဖြုတ်ခြင်း၊ အလံ ဖြုတ်ချခြင်းတို့ ပြုလုပ်မည် မဟုတ်ကြောင်း ယနေ့ ကျင်းပသည့် ဗဟို အလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။
“ပြည်သူလူထု အကျိုးပြုတဲ့ လူမှုရေး လုပ်ငန်း တွေကိုပဲ ကျနော်တို့ NLD က ဆက်လက် ဆောင်ရွက် သွားကြမှာ ဖြစ်ပါတယ်” ဟု ပြန်ကြားရေးအဖွဲ့မှ ဦးအုန်းကြိုင်က မီဒီယာများသို့ ပြောဆိုလိုက် သည်။
လက်ရှိ အနေအထား အရ NLD အနေနှင့် စစ်အစိုးရ အတည်ပြုခဲ့သည့် အခြေခံ ဥပဒေကို လက်မခံ နိုင်သည့် အတွက် ပါတီ မှတ်ပုံတင်ခြင်း ပြုလုပ်မည် မဟုတ် သကဲ့သို့ နိုင်ငံရေး လုပ်ငန်းများ ကိုလည်း လုံးဝ ရပ်ဆိုင်း ထားရမည့် အခြေအနေ ဖြစ်နေကြောင်း၊ သို့ရာတွင် ဆိုင်းဘုတ် မဖြုတ်၊ အလံမချခြင်းမှာ NLD အနေဖြင့် ဆက်လက်ပြီး ပြည်သူလူထု အပေါ် စေတနာ ထားရှိနေဆဲ၊ ရှင်သန် နေဆဲဖြစ်သည်ဟု ပြသနေခြင်းဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်များ မပြီးဆုံးသေးဟု မှတ်ယူနေသည်ကို ပြသနေခြင်း ဖြစ်ကြောင်း ဦးအုန်းကြိုင်က ပြောဆိုသည်။
“ကျနော်တို့ ခေါင်းဆောင်တွေရဲ့ ဆန္ဒကတော့ အားလုံးကို ငြိမ်းငြိမ်းချမ်းချမ်းပဲ ဖြစ်စေချင်တယ်” ဟု သူက ဆက်ပြောသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များ မြန်မာ နှစ်သစ်ကူး အတာ သင်္ကြန်ကာလ အထိမ်းအမှတ် အဖြစ် ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကို ရေပက်ဖျန်းစဉ် (ဓာတ်ပုံ - AP) |
လက်ရှိ အနေအထား အရ NLD အနေနှင့် စစ်အစိုးရ အတည်ပြုခဲ့သည့် အခြေခံ ဥပဒေကို လက်မခံ နိုင်သည့် အတွက် ပါတီ မှတ်ပုံတင်ခြင်း ပြုလုပ်မည် မဟုတ် သကဲ့သို့ နိုင်ငံရေး လုပ်ငန်းများ ကိုလည်း လုံးဝ ရပ်ဆိုင်း ထားရမည့် အခြေအနေ ဖြစ်နေကြောင်း၊ သို့ရာတွင် ဆိုင်းဘုတ် မဖြုတ်၊ အလံမချခြင်းမှာ NLD အနေဖြင့် ဆက်လက်ပြီး ပြည်သူလူထု အပေါ် စေတနာ ထားရှိနေဆဲ၊ ရှင်သန် နေဆဲဖြစ်သည်ဟု ပြသနေခြင်းဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်များ မပြီးဆုံးသေးဟု မှတ်ယူနေသည်ကို ပြသနေခြင်း ဖြစ်ကြောင်း ဦးအုန်းကြိုင်က ပြောဆိုသည်။
“ကျနော်တို့ ခေါင်းဆောင်တွေရဲ့ ဆန္ဒကတော့ အားလုံးကို ငြိမ်းငြိမ်းချမ်းချမ်းပဲ ဖြစ်စေချင်တယ်” ဟု သူက ဆက်ပြောသည်။
NLD ဗဟို အမျိုးသမီး အဖွဲ့ကလည်း မေလ ၄ ရက်နေ့အထိ ရုံးရှေ့တွင် ဆွမ်း ဆက်လက် ကပ်လှူ သွားမည် ဖြစ်ပြီး မေလ ၇ ရက်နေ့ နောက်ပိုင်း အစီအစဉ်များကို မေလ ၄ ရက်နေ့တွင် ပြုလုပ်မည့် အစည်းအဝေး ဆုံးဖြတ်ချက် အပြီး ထုတ်ပြန်ကြေညာ သွားမည် ဖြစ်ကြောင်း NLD အမျိုးသမီးအဖွဲ့ခေါင်းဆောင် တဦးဖြစ်သူ ဒေါက်တာ မေ၀င်းမြင့်က ဆိုသည်။
လူမှု အထောက်အကူပြု အဖွဲ့မှ လုပ်ငန်းများကိုမူ မေလ ၇ ရက်နေ့ နောက်ပိုင်းတွင်လည်း ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။
source by : ဧရာဝတီ
လူမှု အထောက်အကူပြု အဖွဲ့မှ လုပ်ငန်းများကိုမူ မေလ ၇ ရက်နေ့ နောက်ပိုင်းတွင်လည်း ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။
source by : ဧရာဝတီ
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment