ရုရှမှ MiG-29 တိုက်လေယာဉ် အစီး (၂၀) မြန်မာသို့ ပို့ရန်ရှိ
(ဓာတ်ပုံ - http://co2zenith.blogspot.com/) |
NEJ | ရုရှ နိုင်ငံက MiG-29 အမျိုးအစား တိုက်လေယာဉ် အစီး (၂၀) ကို မြန်မာ နိုင်ငံသို့ တင်ပို့ရန် သဘောတူ လက်မှတ် ရေးထိုး လိုက်ကြောင်း ယနေ့ထုတ် Kommersant သတင်းစာကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းတွင် ဖော်ပြသည်။
အဆိုပါ သဘော တူညီချက်ကို ပြီးခဲ့သည့် သီတင်းပတ်များ အတွင်း၌ လက်မှတ် ရေထိုးခြင်း ဖြစ်ပြီး တန်ဖိုးငွေအားဖြင့် ယူရို သန်း (၄၀၀) နီးပါး အမေရိကန် ဒေါ်လာ သန်း (၅၇၀) ခန့်ရှိသည်ဟု Rosoboronexport ရုရှလက်နက် အရောင်း ကုမ္ပဏီကို ကိုးကားပြီး သတင်းစာတွင် ဖော်ပြထားသည်။

၂၀၀၁ ခုနှစ်ကလည်း MiG-29 အမျိုးအစား လေယာဉ် (၁၂) စီးကို ရုရှက မြန်မာ နိုင်ငံသို့ ပို့ပေးခဲ့ကြောင်း၊ ယခုတကြိမ် မြန်မာ နိုင်ငံနှင့် သဘောတူညီမှုသည် ၂၀၀၇ ခုနှစ်တွင် အယ်ဂျီးရီးယားနိုင်ငံသို့ အလားတူ လေယာဉ်များ ပို့ဆောင်ခဲ့ပြီး နောက်ပိုင်း တန်ဖိုးအများဆုံးဖြစ်ကြောင်း Kommersant သတင်းစာတွင် ပါရှိသည်။
အနောက် နိုင်ငံများက မြန်မာနိုင်ငံ အပေါ် စီးပွားရေး အရ ပိတ်ဆို့ အရေးယူမှုများ ချမှတ် ထားသော်လည်း မြန်မာ နိုင်ငံသည် အိမ်နီးချင်း တရုတ်နှင့် အိန္ဒိယတို့ အပြင် ရုရှ နိုင်ငံကပါ လက်နက်များ လက်ခံ ရရှိနေသည်ဟု လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက် သူများ၏ စွပ်စွဲ ပြောဆိုမှုများ ထွက်ပေါ် ခဲ့သည်။
source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment