ပထမဆုံး ဗုဒ္ဓ FM ရေဒီယို Online မှ စတင်ထုတ်လွှင့်
ဝီရ | ပြည်ပရောက် မြန်မာ ဗုဒ္ဓဘာသာဝင်များ အတွက် ဗုဒ္ဓ တရားတော်များနှင့် ဓမ္မ ပူဇာတေးများကို အချိန်ပြည့် နှလုံးသွင်း နာယူနိုင်ရန် ရည်ရွယ်၍ ဗုဒ္ဓ FM ရေဒီယိုက တရက် (၁၆) နာရီအထိ Online မှတဆင့် တိုက်ရိုက် အသံလွှင့်မှု စတင် နေကြောင်း တည်ထောင်သူ အရှင်မေတ္တာစာရက ပြောသည်။
၎င်းက “ဒီဇင်ဘာ (၁၉) ရက်နေ့မှာ စလွှင့်တာ။ ဗုဒ္ဓ တရားတော်တွေ၊ ဓမ္မတေး သီချင်းတွေ အခု စမ်းသပ် လွှင့်ပေးနေပြီ။ ဦးဇင်းက Online မှ တိုက်ရိုက် နားထောင် နိုင်သူ အယောက် (၁၀၀) အတွက်ပဲ ဝယ်ထားတာ။ အခု ကမ္ဘာ တလွှားက နားထောင်တဲ့ သူတွေ အဲဒီထက် များလာတော့ လွှင့်တဲ့အား ထပ်တိုး ရတော့မယ်။ မြန်မာနဲ့ အင်္ဂလိပ် (၂) ဘာသာ အသံလွှင့်သွားဖို့ရှိတယ်။ ဗုဒ္ဓဘာသာ တရားနဲ့ ပတ်သက်ပြီး လွှင့်တဲ့ ပထမဆုံး FM ရေဒီယိုပေါ့” ဟု ခေတ်ပြိုင်သို့ မိန့်ကြားသည်။
အရှင် မေတ္တာစာရသည် ၂၀၀၈ ခုနှစ် အတွက် အကောင်းဆုံး အာဆီယံ ဘလော့ဒ်ဂါ ဆုနှင့် ၂၀၀၉ အတွက် အကောင်းဆုံး ဘလော့ဒ်ဂါ သတင်းဆုကို ရရှိထားသူ မြန်မာ သံဃာတော် တပါး ဖြစ်ပြီး လက်ရှိ သတင်းသုံးရာ သီရိလင်္ကာနိုင်ငံ၊ ကိုလမ်ဘိုမြို့မှ တဆင့် ဗုဒ္ဓ FM ရေဒီယိုကို ထုတ်လွှင့် နေခြင်း ဖြစ်သည်။
၎င်းက “ဒီဇင်ဘာ (၁၉) ရက်နေ့မှာ စလွှင့်တာ။ ဗုဒ္ဓ တရားတော်တွေ၊ ဓမ္မတေး သီချင်းတွေ အခု စမ်းသပ် လွှင့်ပေးနေပြီ။ ဦးဇင်းက Online မှ တိုက်ရိုက် နားထောင် နိုင်သူ အယောက် (၁၀၀) အတွက်ပဲ ဝယ်ထားတာ။ အခု ကမ္ဘာ တလွှားက နားထောင်တဲ့ သူတွေ အဲဒီထက် များလာတော့ လွှင့်တဲ့အား ထပ်တိုး ရတော့မယ်။ မြန်မာနဲ့ အင်္ဂလိပ် (၂) ဘာသာ အသံလွှင့်သွားဖို့ရှိတယ်။ ဗုဒ္ဓဘာသာ တရားနဲ့ ပတ်သက်ပြီး လွှင့်တဲ့ ပထမဆုံး FM ရေဒီယိုပေါ့” ဟု ခေတ်ပြိုင်သို့ မိန့်ကြားသည်။အရှင် မေတ္တာစာရသည် ၂၀၀၈ ခုနှစ် အတွက် အကောင်းဆုံး အာဆီယံ ဘလော့ဒ်ဂါ ဆုနှင့် ၂၀၀၉ အတွက် အကောင်းဆုံး ဘလော့ဒ်ဂါ သတင်းဆုကို ရရှိထားသူ မြန်မာ သံဃာတော် တပါး ဖြစ်ပြီး လက်ရှိ သတင်းသုံးရာ သီရိလင်္ကာနိုင်ငံ၊ ကိုလမ်ဘိုမြို့မှ တဆင့် ဗုဒ္ဓ FM ရေဒီယိုကို ထုတ်လွှင့် နေခြင်း ဖြစ်သည်။
ဗုဒ္ဓ FM ရေဒီယိုကို မြန်မာ့ စံတော်ချိန် မနက်ပိုင်းမှစ၍ ညနက်ပိုင်း အထိ http://wma1.viastreaming.net/BDFM (သို့မဟုတ်) http://www.buddhafm.blogspot.com/ ဝက်ဆိုက် စာမျက်နှာမှ တဆင့် နာယူနိုင်ပြီး မြန်မာ ဘာသာ အပြင် အင်္ဂလိပ်၊ တရုတ်၊ ဆင်ဟာလီ (သီရိလင်္ကာ) စသည့် ဘာသာရပ်များဖြင့် သီဆို ထားသည့် ဓမ္မ ပူဇာတေးများကိုလည်း ထုတ်လွှင့် ပေးနေကြောင်း သိရသည်။
အရှင် မေတ္တာစာရက “ဗုဒ္ဓဘာသာဝင် ဖြစ်ပေမယ့် ဗုဒ္ဓဘာသာနဲ့ ကင်းကွာနေတဲ့ ဗမာပြည် ပြင်ပက မြန်မာတွေရယ်၊ မလေးရှားက တရုတ်တွေ၊ အင်ဒိုနီးရှားက ဗုဒ္ဓဘာသာဝင်တွေ အားလုံး အတွက် ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ အားလုံးကို တင်ဆက် နိုင်အောင် စီစဉ်နေပါတယ်။ ပြည်ပမှာ ရှိနေပေမယ့် တရားတော်တွေ၊ ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ သတင်းတွေ၊ ဆောင်းပါး တွေကိုလည်း တင်ဆက် သွားမှာပါ။ ပြီးတော့ တိုက်ရိုက် ဆွေးနွေးပွဲတွေ လွှင့်သွားဖို့ ရှိတယ်” ဟု မိန့်ကြားသည်။
ဗုဒ္ဓ Online FM ရေဒီယိုကို အဖြူရောင် သံစဉ် Online ရေဒီယိုမှ ပညာရှင်တို့က နည်းပညာပိုင်း အတွက် ပံ့ပိုး ပေးထားခြင်း ဖြစ်ပြီး ကိုယ်ပိုင် ဝက်ဘ်ဆိုက် စာမျက်နှာ ဝက်ဘ်ဆိုက် www.buddhafm.com တွင် လာမည့် (၂) ပတ်အတွင်း ဝင်ရောက်ကြည့်ရှု နိုင်ပြီ ဖြစ်ကြောင်း အရှင် မေတ္တာစာရက မိန့်ကြားသည်။
ထိုအစီအစဉ်သစ်နှင့် ပတ်သက်၍ စတင် ထုတ်လွှင့်ချိန်မှ စ၍ (၄) ရက် အတွင်း ပရိသတ်များထံမှ အကြံပြုချက် ပေါင်းများစွာ လက်ခံ ရရှိထားပြီ ဖြစ်ကြောင်းနှင့် ဆက်လက် ကြိုဆိုလျက် ရှိကြောင်း ၎င်းက မိန့်ကြားသည်။
source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment