10/07/2009

မြန်မာ့ လူ့အခွင့်အရေး ပိုဆိုးဝါးနေကြောင်း ကင်တားနားပြောကြား


မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေဟာ နည်းနည်းမှ တိုးတက်ကောင်းမွန်လာခြင်း မရှိသေးပဲ တကယ့်ကို စိုးရိမ်ရတဲ့ အခြေအနေကို ရောက်နေပြီး၊ မြန်မာနိုင်ငံရဲ့ တချို့နေရာတွေမှာဆိုရင် တော်တော်လေးကို ဆိုးဆိုးဝါးဝါး ဖြစ်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက ထုတ်ဖော်ပြောဆိုပါတယ်။ကုလ-လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomás Ojea Quintana (ဝဲ) နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Ban Ki-moon (ယာ) (UN Photo/ Eskinder Debebe)

အထူးသဖြင့် နယ်စပ်ဒေသလို နေရာတွေမှာ အတော့ကို ဆိုးဆိုးဝါးဝါးဖြစ်နေတယ်၊ မြန်မာနိုင်ငံက အဲဒီအခြေအနေတွေနဲ့ ပတ်သက်လို့ လာမဲ့အောက်တိုဘာလ ၂၂ရက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိမိကိုယ်တိုင် တင်ပြမှာဖြစ်တယ်လို့ မစ္စတာကင်တားနားက RFA ကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ


တိုးတက်ကောင်းမွန်လာအောင် စစ်အစိုးရအနေနဲ့ သူ့ရဲ့ တင်ပြချက်တွေကို အလေးထားပြီး ဆက်လက်ဆောင်ရွက်ဖို့ လိုနေတယ်လို့ ဆိုပါတယ်။

အခုကျင်းပနေတဲ့ ၆၄ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှာ မြန်မာနိုင်ငံက အခြေအနေ တွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တယောက်အနေနဲ့ ဒီအချက်တွေကို တင်ပြမှာဖြစ်သလို အခုနှစ်အကုန်မှာ မြန်မာနိုင်ငံကို သွားရောက်နိုင်ဖို့ကိုလည်း ကြိုးစားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေ တိုးတက် ကောင်းမွန်လာအောင် အာဏာပိုင်တွေနဲ့အတူ အစိုးရမဟုတ်တဲ့ လူမှုရေးအဖွဲ့အစည်းတွေအနေနဲ့လည်း သူရဲ့ ထောက်ခံတင်ပြချက်တွေကို ဝိုင်းဝန်း အကောင်အထည်ဖော်ပေးဖို့လိုတဲ့ အကြောင်း ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တင်ပြမှာဖြစ်တယ်လို့ မစ္စတာကင်တားနားက ပြောဆိုသွားပါတယ်။

မစ္စတာ ကင်တားနားကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။


source by :RFA

0 ယောက်ရဲ့ထင်မြင်ချက်: