7/29/2009

ဒေါ်စု အမှုဟာ နိုင်ငံတကာအရေးလို့ နစ္စတာ ကင်တားနားကဆို



ဒေါ်အောင်ဆန်းစုကြည် ကို ဖမ်းဆီးထားတာဟာ ဥပဒေနဲ့ မညီပဲ အတင်း အဓမ္မဖမ်းဆီးအရေးယူတာ ဖြစ်တဲ့ အတွက် လူ့အခွင့်အရေး ချိုးဖောက်တာဖြစ်တဲ့ အကြောင်း မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်ရေးကိုယ်စားလှယ် မစ္စတာကင်တာနားက ပြောလိုက်ပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်တဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည် ကိုဖမ်းတာဟာပြည်တွင်းရေး သက်သက်သာမဟုတ်ပဲ နိုင်ငံတကာအရေး ဖြစ်တယ်လို့ မစ္စတာကင်တားနားကဆိုပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် မပါပဲ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် လည်း ဘယ်လို့မှ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာ မဟုတ်ဘူးလို့ ဆက်လက်ပြောကြားပါတယ်။

source by :BBC

0 ယောက်ရဲ့ထင်မြင်ချက်: