ချဲထီလောင်းကစားကြောင့် အကျင့်ပျက် ရာဇဝတ်မှု တိုးပွား
RFA
ဟင်္သာတခရိုင် မြန်အောင်မြို့နယ် အင်ပင်ကျေးရွာအုပ်စုအတွင်း ချဲထီ လောင်းကစားမှုတွေမှာ ကျေးရွာအာဏာပိုင်တွေ ကိုယ်တိုင် ပါဝင်ပတ်သက်နေသလို လူငယ်လူရွယ်တွေမှာလည်း အကျင့်စာရိတ္တ တစထက်တစ ပိုပြီး ပျက်စီးလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရန်ကုန်မြို့ရှိ ထီဆိုင်တခုတွင် ချိတ်ဆွဲပြသထားသော ထီလက်မှတ်အမျိုးမျိုးကို သာမန် လက်လုပ်လက်စား ပြည်သူများ ကြည့်ရှုနေပုံ ဖြစ်ပါသည်။ (Photo: AFP)
တနေ့တခါဖွင့်တဲ့ ၂လုံးတိုက်ထီကို ကျပ်ငွေ ၂၅သိန်း ကနေ သိန်း ၃ဝ အထိ လောင်းကစားနေကြပြီး တလ ၂ ကြိမ်ဖွင့်တဲ့ ၃လုံးထီကိုတော့ ကျပ်သိန်း ၁ဝဝ လောက်အထိ လောင်းနေကြတယ်လို့ သိရပါတယ်။ ဒီလိုလောင်းကစား လုပ်တဲ့ဒိုင်တွေမှာ ကျေးရွာအာဏာပိုင်တွေပါ ပါဝင် ပတ်သက်နေတဲ့အကြောင်း ဒေသခံတဦးက RFAကို ခုလိုပြောပါတယ်။
ဒေသခံ။ ။ 'လက်ဖက်ရည်ဆိုင်တို့ ၊ ကုန်စုံဆိုင်တို့ ဈေးထဲတို့ အဲဒါမျိုးတွေမှာ ဗျာ အလှူခံဖြတ်ပိုင်းဖြတ်သလို သူ့ဖောက်သည်နဲ့သူ လိုက်ဖြတ်နေတာပေါ့၊ ရွာထဲမှာလည်း ဒီလိုပဲ နောက်ဆုံးတော့ လော်စပီကာနဲ့ အော်မရောင်းရုံ တမယ်ပဲ။ အင်ပင်အုပ်စု တအုပ်စုလုံးအတိုင်း အတာပေါ့၊ ကျနော်တို့ တအုပ်စုလုံး အတိုင်းအတာနဲ့ ပါနေတာကတော့ အုပ်စု ဥက္ကဋ္ဌ ကိုကြည်စိုး၊ ရယက အဖွဲ့ဝင် စာရေးလုပ်တဲ့ ကျော်စွာကိုပါ သူတို့ထဲကိုထည့် အစုထည့်တယ် ခေါ်တာပေါ့နော်။'
အင်ပင်ကျေးရွာအုပ်စုမှာ ကျေးရွာပေါင်း ၂၄ရွာ ရှိပါတယ်။ အဲဒီလို လောင်းကစားတာတွေ ကြီးထွားလာမှုရဲ့ နောက်ဆက်တွဲအဖြစ် ကျေးရွာအာဏာပိုင်တွေ အပါအဝင် ရွာသူရွာသားတွေမှာ အကျင့်စာရိတ္တ ပျက်ပြားလာပြီး ဒေသတွင်းမှာ ခိုးမှုတွေ များလာတယ်လို့ စောစောက ဒေသခံကပဲ ဆက်ပြောပါတယ်။
ဒေသခံ။ ။ 'လောင်ကစားဒိုင်တခုကနေ ထိုးသားက အွေ့ကးထိုးတယ် မပေးနိုင်ဘူး။ မပေးနိုင်ဘူးဆိုရင် ရယက ကနေ ဒါ ၂လုံွးွေ့ကးမဟုတ်ဘူး မင်းတို့ ဒီပြင်ဟာနဲ့ ရိုးရိုးရှိတဲ့ အွေ့ကးလို့ စာချုပ် ငါရှေ့မှာချုပ်ဆိုပြီး ဥက္ကဋ္ဌဦးစီးပြီး ချုပ်ပေးတာ အဲဒါမျိုး၊ နောက်ဆုံး ဘုန်းကြီးတွေတောင် ပါတယ်ဗျာ၊ တရားဟောဘုန်းကြီးတွေကအစ ဒိုင်တွေစီမှာ ၂လုံးထီထိုး ထိုးပြီးတော့ မှတ်ထား သူတရားဟောပြီးလို့ ပြန်လာလို့ရတဲ့ ပိုက်ဆံနဲ့မှပေး ဒါမျိုးတွေ လုပ်နေတာ အဲလောက်ထိဖြစ်တာ၊ အခုဆိုလို့ရှိရင် တော်တော်လေးကို စာရိတ္တပျက်လာတာပေါ့ အကုန်လုံး ကြက်တွေ့ကြက်ခိုး၊ ငှက်တွေအကုန်လုံး စပါးတွေ့စပါးခိုး၊ ရတာခိုးနေတာပေါ့ဗျာ။'
ဒီလို လောင်းကစားမှုတွေ ခိုးမှုတွေဆက်တိုက်ဖြစ်ပွားနေပေမဲ့ တာဝန်ရှိသူတွေဖက်က ဘာမှ အရေးတယူ ဆောင်ရွက်ပေးတာ မတွေ့ရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

source by :RFA
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment