6/19/2009

ကွာလာလမ်ပူ (မလေးရှား) ၌ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဆုတောင်းပွဲပြုလုပ်နေသည့် PJပန်းခြံတွင် မြန်မာအချို့ဖမ်းစီးခံရ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၄) နှစ်မြောက်မွေးနေ့ အခမ်းအနား ကို ကွာလာလမ်ပူ(မလေးရှား) တွင် ယနေ့ ၂ နေရာခွဲ၍ ပြုလုပ်ခဲ့ပါသည်။နေ့လည် ၁ နာရီမှညနေ ၃ နာရီထိ တရုတ်တန်းခမ်းမ တွင်ပြုလုပ်ခဲ့ ပါသည်။

ညနေတွင် PJ ပန်းခြံတွင် မလေးရှားနိုင်ငံမှ အတိုက်ခံပါတီတခုဖြစ်သော PKR ပါတီမှကြီးမှု၍ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်း စုကြည်နှင့် နိုင်ငံရေး အကျင်းသားများ လွတ်မြောက်ရေး ဆုတောင်းပွဲ ကျင်းပပြုလုပ်ရန် စီစဉ်ခဲ့ပါသည်။
ထိုပွဲသို့ပြည်ပရောက် နိုင်ငံရေး လုပ်ရှားမှု အဖွဲ့ အစည်းများ မှခေါင်းဆောင်များ ၊ယူအန် လက်အောက်ခံ မြန်မာတိုင်းရင်းသား အဖွဲ့ များမှခေါင်းဆောင်များ ၊ မလေးရှားမှ စိတ်ပါဝင်စားသော လူမှုရေးအဖွဲ့ အသီးသီး နှင့် မြန်မာ နိုင်ငံသားများတက်ရောက်ခဲ့ ပါသည်။
သိုသော် ပွဲမစ မှီကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေသည် အချိန်တွင် အရပ်ဝတ်ဖြင့် မလေးရှားရဲ များရောက်ရှိလာကာ မေးမြန်း၍ မြန်မာပြည်သားအများအပြားကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကြားသိ ရပါသည်။ အဆိုပါပွဲမှာ မလေးရှား အတိုက်အခံ ပါတီမှ ကြီးမှုးကျင်း ပပေးသည့် အတွက် ပြည်ပ ရောက်မြန်မာများတက်ရောက်ခဲ့ခြင်းသာဖြစ်ပါသည်။ မလေးရှားနိုင်ငံ၏ နိုင်ငံရေး အရှုပ်အရှင်းထဲသို့ ဝင်ရောက် စွက်ဖက်ကြခြင်းမဟုတ်ပါ။
ယခုလို အဖမ်းခံ ရသူများထဲတွင် နိုင်ငံရေးခိုလှုံခွင့် တောင်ခံထားသော ပြည်ပရောက်နိုင်ငံရေး ခေါင်ဆောင်တချို့နှင့် အတူ ယူအန် လက်အောက်ခံ တိုင်းရင်းသားအဖွဲ့အချို့တို့ ၏ခေါင်းဆောင်းများ ပါဝင်ကြောင်း ကြားသိရပါသည်။ အဘယ်ကြောင့် ဖမ်းစီးသည်ဆိုသည်ကို မသိရှိရသေးကြောင်း နှင့် အဆိုပါပွဲ တွင် မလေးရှား အတိုက်အခံ PKR ခေါင်းဆောင် အန်ဝါ အီဗရာဟင် ၏ ဇနှီး တက်ရောက် အမှာစကားပြောကြားမည်ဟုလည်းသိရှိရပါသည်။

သတင်း များကို ဆက်လက်စုံစမ်း ဖော်ပြပေးသွားပါမည်။






0 ယောက်ရဲ့ထင်မြင်ချက်: