6/20/2009

ပြည်သူအတွက်ပါ အမေ

ပြည်သူအတွက်ပါ အမေ

ဝမ်းနဲ့မလွယ် သားမမည်ခဲ့ပေမယ့်
တိုင်းပြည်ကို ကိုယ်စားပြု
ပြည်သူရဲ့ အားကိုးမှုတွေနဲ့
သူ့ရဲ့ အနစ်နာခံမှုတွေစုပြီး
အမေလို့….. တင်စားခေါ်ပါရစေ အမေ။

မှတ်ကျောက်တင်ရမယ့် အသည်းနဲ့
တကမ္ဘာလုံးရဲ့ နှလုံးသားတွေထဲ
အမေရဲရဲဝင်တိုးနိုင်ခဲ့တာ
အံ့ချီးတုန်လှုပ်စရာပါ အမေ။

လူတွေ………….လူတွေလေ……………..
အမေ့အတွက် ဂုဏ်ပြုကြ
အမေ့အတွက် ဆုတောင်းကြ
အမေ့အတွက် ဟောပြောပွဲတွေလုပ်ကြ
သောင်းသောင်းဖြဖြနဲ့ အားရစရာပါ အမေ။

ကျနော်ကတော့ အမေ…………….
စွန့်လွှတ်အနစ်နာခံတတ်တဲ့
အမေ့လို စိတ်ဓာတ်မျိုးနဲ့
တိုင်းပြည်နဲ့ လူမျိုးကိုအကျိုးပြုမယ်ဆိုတဲ့
ခိုင်ကြည်တဲ့ သံဓိဋ္ဌာန်စကားလက်ဆောင်နဲ့
အမေ့ရဲ့ဂုဏ်ရောင်ကို
ထွန်းပြောင်ပေးပါရစေ အမေ။

ဒီတော့ အမေ……………
အမေ့အတွက် မပေးဆပ်နိုင်တဲ့
ကျနော့်ရဲ့ ချွေးတစက်
ပြည်သူအတွက် ဖြစ်ပါရစေ အမေ။ ။

မောင်ပါလ





0 ယောက်ရဲ့ထင်မြင်ချက်: