6/04/2009

ဒေါ်စု လွတ်မြောက်ရေး မလေးရှား ဆန္ဒပြပွဲ တားမြစ်ခံရ


ဖိုးဇော်


ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးရှေ့တွင် မြန်မာ အင်အားစုများ၏ ဆန္ဒပြပွဲအား မလေး အာဏာပိုင်များက တားမြစ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦး အား ပြန်လွှတ်ပေးရန်အတွက် ယနေ့ နံနက်ပိုင်းက မြန်မာ့ဒီမိုကရေစီ အင်အားစုများ စုဝေးရောက်ရှိစဉ် မလေးရှား အာဏာပိုင်များက တားမြစ်သဖြင့် မိနစ် ၃၀ ခန့်သာ ဆန္ဒပြနိုင်ခဲ့သည်။

လူအင်အား ၇၀ ခန့် လာရောက်သည့် ဆန္ဒပြပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) - မလေးရှား ဦးဆောင်ပြီး၊ နံနက် ၁၀ နာရီမှ ၁၀ နာရီခွဲအထိ ကျင်းပခဲ့ကြောင်း အဖွဲ့ ဥက္ကဋ္ဌ ကိုကျော်ကျော်က မဇ္ဈိမကို ပြောသည်။

အဖွဲ့၏ ထုတ်ပြန်ကြေညာချက်အား သံရုံးတာဝန်ရှိသူများအား သွားရောက် ပေးအပ်ရာတွင် လက်မခံသဖြင့် မလေးအာဏာပိုင်များက လက်မခံသည်ကို အတင်းအကျပ် မပေးရန်နှင့် စာတိုက်ပုံးအတွင်း ထည့်ထားခဲ့ရန် ပြောဆိုသဖြင့် ထိုကဲ့သို့ပင် ထားရစ်ခဲ့ရကြောင်း သူက ပြောသည်။



0 ယောက်ရဲ့ထင်မြင်ချက်: