6/16/2009

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကြိုးပမ်းမှုတွေ အရှိန်မြင့်လာ



VOA

အင်းစိန်ထောင်တွင်း တရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သောကြာနေ့ကျရင် အသက် ၆၄ နှစ် ပြည့်တော့မှာမို့ လွှတ်ပေးဖို့ တောင်းဆိုတာတွေ ပိုများလာတဲ့အထဲမှာ ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ၁၀၀ ကျော်တို့ကလည်း ဒီကနေ့ ကြေညာချက်တရပ် ထုတ်ပြန်လိုက်ပါတယ်။

တောင်ကိုရီးယား သမ္မတ ဟောင်း ကင်ဒေးဂျုံ က ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ထိန်းသိမ်းထားတာ အာရှတိုက် အတွက် ရှယ်ဖွယ်လို့ ဆိုလိုက်ပြီး မလေးရှား အတိုက်အခံ ခေါင်းဆောင် အန်ဝါ အီဗရာဟင် က အာဆီယံ အနေနဲ့ ဒေသရဲ့ တည်ငြိမ်ရေးအတွက် လုပ်ဖို့ အချိန်တန်လာပြီလို့ ပြောပါတယ်။

အီရန်နိုင်ငံက နိုဘယ်လ်ဆုရှင် လူ့အခွင့်အရေး ရှေ့နေ ရှီရင်း အက်ဘာဒီ ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ထိန်းသိမ်းထားတဲ့ အတွက် ပြစ်တင်ဝေဖန်လိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ပေးဖို့ တောင်းဆိုကြတဲ့အထဲ ဗြိတိသျှ ၀န်ကြီးချုပ် ဂေါ်ဒန်ဘရောင်း၊ အမေရိကန် နိုင်ငံက ရုပ်ရှင်မင်းသမီး ဂျူလီယာ ရောဘတ်၊ တရုတ်ပြည်မှာ နေအိမ်အကျယ်ချုပ်ချ ခံနေရဆဲဖြစ်တဲ့ လှုပ်ရှားသူများသဖြင့် ပိုပြီး များလာပါတယ်။





0 ယောက်ရဲ့ထင်မြင်ချက်: