သံဃာ့အရေးအခင်း မှတ်တမ်းရုပ်ရှင် တည်းဖြတ်မှုဆိုင်ရာ နိုင်ငံတကာရုပ်ရှင်ဆုရ ဇာတ်ကား
ရွှေဝါရောင်တော်လှန်ရေးလို့ လူသိများတဲ့ ၂ဝဝ၇ ခုနှစ် စက်တင်ဘာ သံဃာ့အရေးအခင်း အဖြစ်ပျက်တွေကို လျှို့ဝှက် ဗီဒီယိုတွေကနေ မှတ်တမ်းရုပ်ရှင်အဖြစ် ပြောင်းလဲထားတဲ့ Burma VJ ရုပ်ရှင်ဟာ တည်းဖြတ်မှု ဆိုင်ရာ Sundance ရုပ်ရှင်ပွဲတော်ဆုကို ဆွတ်ခူးရရှိသွားပါတယ်။
ဒီရုပ်ရှင်ကို တည်းဖြတ်ခဲ့တဲ့ ဖလင်အယ်ဒီတာ Janus Jansen နဲ့ Thomas Papapetros တို့ကို မြန်မာနိုင်ငံထဲက သတင်းထောက် ၃ဝ ရဲ့ လျှို့ဝှက်ရိုက်ကူး မှတ်တမ်းတင်ခဲ့တဲ့ ဗီဒီယိုအပိုင်းစတွေကို ဆက်စပ်ပြီး မှတ်တမ်းရုပ်ရှင်အဖြစ် ပီပြင်အောင် တည်းဖြတ်နိုင်ခဲ့တဲ့အတွက် အမေရိကန်ပြည်ထောင်စုမှာ ကျင်းပတဲ့ Sundance ရုပ်ရှင်ပွဲတော်က ဆုချီးမြင့်တာဖြစ်ပါတယ်။
Burma VJ ဟာ နိုင်ငံတကာသတင်းထောက်တွေကို ပိတ်ပင်ထားတဲ့ ၂ဝဝ၇ သံဃာ့ အရေးအခင်းကို မှတ်တမ်း တင်ခဲ့တဲ့.........
နော်ဝေအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံက သတင်းထောက် ၃ဝ ရဲ့အတိုကောက် အမည်ဖြစ်ပါတယ်။
Burma VJ ရုပ်ရှင်ကားဟာ လျှို့ဝှက်သဲဖို ရုပ်ရှင်ကားတကားလို ဖြစ်နေကြောင်း၊ ဒါပေမယ့် ထိန့်လန့်စရာ ကောင်းနေတာက ဒီအဖြစ်ပျက်တွေဟာ ဖြစ်ရပ်မှန်ဖြစ်နေတဲ့အတွက် ဖြစ်ကြောင်း Sundance ရုပ်ရှင်ပွဲတော် အဖွဲ့ရဲ့ အင်တာနက် စာမျက်နှာမှာ ရေးသားထားပါတယ်။
RFAသတင်းမှ
ဇာတ်လမ်းနမှုနာပါ....။
Burma VJ Traler
ဥရောပတခွင်ပြသခဲ့ရာမှာလည်းဆုပေါင်း၂၁ဆုရရှိခဲ့ပါတယ်။
ခုဒီဇာတ်လမ်းကို ကြည့်ချင်သူတွေ အတွက် ဒေါင်လုပ် လုပ်လို့ ရပါပြီဗျာ...။
အပိုင်း(၉)ပိုင်းရှိပါတယ်
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(ရ)
အပိုင်း(၈)
အပိုင်း(၉)
တကယ်လို့ အဆင်မပြေဖြစ် ခဲ့ ရင်တော့ ကျွန်တော် ထံကို မေးပို့ တောင်းနိုင်ပါတယ်။ စီဘောက်အပေါ်မှာ ကျွန်တော့် မေးရှိပါတယ်။
ကိုရဲရင့် (http://www.yeyintnge.com)မှ တဆင့် ကူးယူ မျှဝေပါသည်။
2 ယောက်ရဲ့ထင်မြင်ချက်:
လာရောက်ခံစားသွားတယ် အစ်ကို.
13/5/09 1:21 AMကျန်တဲ့ အပိုင်းတွေကို ဖြေးဖြေးချင် လာကြည့်မယ်ဗျာ။
ခင်တဲ့
ရီနိုး
ယူသွားတယ်ဗျာ သမိုင်းအတွက် တန်ဖိုးရှိတယ်
13/5/09 2:21 AMPost a Comment