လောကဓံ
ကျွန်တော်တို့
ယုံကြည်မှုတွေ ခိုင်မြဲအောင်
တည်ဆောက် ခဲ့ကြတယ်
မဝေးလှတဲ့ အနာဂတ်တွေကို
ငေးမျှော်ကြည့်ရင်း…
ဘဝတွေ အတွက်ငြိမ်းချမ်းမှုတွေ
ရယူနိုင်မယ်ထင်နေတုန်းပဲ။
ယုံကြည်မှုတွေ ခိုင်မြဲအောင်
တည်ဆောက် ခဲ့ကြတယ်
မဝေးလှတဲ့ အနာဂတ်တွေကို
ငေးမျှော်ကြည့်ရင်း…
ဘဝတွေ အတွက်ငြိမ်းချမ်းမှုတွေ
ရယူနိုင်မယ်ထင်နေတုန်းပဲ။
.....................
သိက္ခာအတွက်
စေးပျစ်နေတဲ့ မျက်ရည်တွေကို
ညစ်ထုတ်မနေချင်ဘူး
ခပ်ပါးပါး စီးနေတဲ့
ရေလျှင်ကြည်လို
အေးချမ်းမှုတွေ
ငတ်မွတ်နေရတာလည်း
သိပ်တော့ မဆန်းဘူးရယ်။
သိက္ခာအတွက်
စေးပျစ်နေတဲ့ မျက်ရည်တွေကို
ညစ်ထုတ်မနေချင်ဘူး
ခပ်ပါးပါး စီးနေတဲ့
ရေလျှင်ကြည်လို
အေးချမ်းမှုတွေ
ငတ်မွတ်နေရတာလည်း
သိပ်တော့ မဆန်းဘူးရယ်။
အနာဂတ်ရဲ့
အရိပ်တွေက
နိုးထမလာသေးတော့လည်း
ညလေ အေးအေးက
ပန်းရနံ့ ကိုတစ်ဝကြီး ရှုလို့
လရောင် ညတွေ မှာလည်း
မငေးမော အားသေးဘူး။
လောကဓံရဲ့
လှည့်စားမှုကို ခံရင်း
ကျွန်တော်တို့ ...အိမ်မပြန်
အားသေးဘူးဗျာ....။
.....................
ကွယ်ပျောက်ခဲ့တဲ့
နိုးတစ်ဝက် အိမ်မက်ကိုပဲ
ယောင်ယောင်ပြီးတမ်းတမိလို့
မိုးလင်းခဲ့ပေါင်းလည်းများပြီ။
ကွယ်ပျောက်ခဲ့တဲ့
နိုးတစ်ဝက် အိမ်မက်ကိုပဲ
ယောင်ယောင်ပြီးတမ်းတမိလို့
မိုးလင်းခဲ့ပေါင်းလည်းများပြီ။
မိုးသွေးငယ်။(၁၂.၅.၂၀၀၉)
5 ယောက်ရဲ့ထင်မြင်ချက်:
ကဗျာလေးကောင်းတယ် ခံစားဖတ်ရှုသွားတယ် ကိုလတ်ရေ
13/5/09 1:18 AMကိုလတ်ရေ
13/5/09 1:33 AMကဗျာလေး ကြိုက်တယ်ဗျို့....
ကိုလတ်ရေ......
13/5/09 1:47 AMကဗျာလေးက လန်းတယ်ဗျာ .....။ ဆက်ရေး ဗျို့ ။
မအားသေးတဲ့ကြားက လာရှိးသွားတဲ့  ကိုလတ်ရေ အောင်မြင်ပါစေဗျာ၊၊
13/5/09 8:24 PMငါ့အကိုကကဗျာရေးလည်းကောင်းတာပဲ။
15/5/09 6:12 PMမိုက်တယ်ဗျိုး။ အကိုရေ ခင်မောင်တိုးသီချင်းတပုဒ်ထဲမှာတော့
ညရှည်ရင်အိပ်မက်ရှည်တယ်တဲ့။
လေးစားစွာဖြင့်
ရဲဝင့်သူ
Post a Comment