5/31/2009

ဒီပဲယင်းနှစ်ပတ်လည် လုံခြုံရေး တိုးမြှင့်


ဖနိဒါ

ချင်းမိုင်(မဇ္ဈိမ) ။ ။ ၆ နှစ်ပြည့် ဒီပဲယင်း နှစ်ပတ်လည်နေ့ ဖြစ်သည့် ယနေ့တွင် ရန်ကုန်မြို့တွင်း လုံခြုံရေးများ ပိုမို တွေ့ရှိလာရသည်။

လုံထိန်းရဲ၊ စစ်သားများ လိုက်ပါစီးလာသည့် ယာဉ်တန်းအစုလိုက် ကမ္ဘာအေး၊ ပြည်လမ်း၊ ပုဇွန်တောင်၊ အင်းစိန်၊ ဆူးလေ စသည့်ဖြင့် လှည့်လည်နေသည်။

သို့သော်လည်း အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုတော့ ဖြစ်ပေါ်ခဲ့သည်ဟု ကြားသိရခြင်း မရှိပါ။

သို့သော်လည်း ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံးရှေ့တွင် မြန်မာ့အရေး လှုပ်ရှားသူ ၆၀၀ ဦးခန့် ဆန္ဒပြခဲ့ကြသည်။

“ဒီပဲယင်းလို အဖြစ်အပျက်မျိုး နောက်နောင်ဘယ်တော့မှ မပေါ်ပေါက်လာဘဲနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ထွန်းကားလာဖို့အတွက် နောက်ဆုံး ထွက်သက်ထိ လုပ်သွားမယ်ဆိုပြီး ဒီကနေ့ သံရုံးရှေ့မှာ လာရောက် ဆန္ဒပြတာ ဖြစ်တယ်”ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) မှ ဒု ဥက္ကဌ ကိုလင်းအောင်က ပြောသည်။

၂၀၀၃ ခုနှစ် မေ ၃၀ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များ စည်းရုံးရေးခရီး လှည့်လည်နေစဉ် စစ်အစိုးရ စီစဉ်မှုဖြင့် လူမိုက်များက တိုက်ခိုက်ခဲ့သဖြင့် ဒါဇင်ပေါင်းများစွာ သေဆုံးခဲ့သည်။

ထို့နောက် စစ်အစိုးရက ပါတီဒုဥက္ကဌ ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်ပါ နေအိမ် အကျယ်ချုပ်ဖြင့် ချုပ်နှောင်ထားခဲ့သည်။



0 ယောက်ရဲ့ထင်မြင်ချက်: