5/26/2009

မြန်မာ့အလင်းသတင်းစာပါ သတင်းတစ်ပုဒ်

အမှန်အတိုင်းပြောတာလား လုပ်ကြံပြီး ပြီးသူလူထုကို အထိတ်တလှန့်လုပ်ထားလားဆိုတာ စာဖတ်သူကိုယ်တိုင် ဆန်းစစ်ပါဦး။ဘယ်သူ က ဒီလိုမျိုးတွေကို လုပ်လို့ ရတယ် လွယ်တယ်ဆိုတာ တွေးကြပါ။


Large Viewအကြီးကြည့်ရန်

ယနေ့ ထုတ်မြန်မာ့အလင်းသတင်းစာတွင်နေပြည်တော်ပျဉ်းမနားဘူတာတွင် ရပ်ထားသောအမြန်ရထားတွဲဆိုင်းပေါ်၌ချိန်ကိုက်မိုင်းတစ်လုံးရှာဖွေတွေ့ ရှိသည်ဟုပါရှိသည်။
စစ်အုပ်စု၏ထုံးစံအတိုင်း(မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစုအဖွဲ့ FDB)နှင့်
ABSDF
အဖွဲ့ အစည်းများမှကြီးကြပ်စီစဉ်မှုဖြင့်အခြားဖောက်ခွဲ
ဖျက်ဆီးမှုများပြုလုပ်ရန်ဆောင်ရွက်လျက်ရှိကြောင်းသတင်းများရရှိထားကြောင်း
ပြည်သူများအား အထိတ်အလန့် ဖြစ်စေရန်ရေးသားထားသည်။

ထို့ နောက်၎င်းတို့ ၏အာဘော်အတိုင်းတာဝန်ရှိသူများထံ မသင်္ကာဖွယ်တွေ့ ရှိပါကအချိန်
မှီသတင်းပေးပို့ ခြင်းဖြင့်ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်
တိုက်တွန်းနှိုးဆော်ထားကြောင်းရေးသားထားသည်။

ယ္ခုလိုနိုင်ငံရေးမတည်မငြိမ်ဖြစ်နေချိန်မျိုးတွင်စစ်အုပ်စု၏လုပ်ကြံသတင်းရေးသားပြီး
အတိုက်အခံအင်အားစုများအပေါ်အပြစ်ပုံချတတ်သည်။စွပ်စွဲချက်များထုတ်ပြန်တတ်သည်။
ပြည်သူလူထုအားထိုနည်းများဖြင့် နှစ်ပေါင်းများစွာဒုက္ခပေးပြီးခြောက်လှန့် နေသောသူများမှာ ယ္ခုလက်ရှိ အာဏာကို မတရားရယူထားသူများသာဖြစ်ပါသည်။


Fight For Freedom မှကူးယူပါသည်။

0 ယောက်ရဲ့ထင်မြင်ချက်: