5/02/2009

အတွေ့ချင်ဆုံး ဆယ်ယောက်


ကျွန်တော်ကို ညီငယ် မိုးတိမ် ကTag ထားတာကြာပါပြီး။ အလုပ်တွေက တဖက် နဲ့ မအားတာနဲ့ ညီငယ် ကိုတောင်းပန် ထားရတယ်။ ကျွန်တော်ကို နားလည်မှုပေးပြီး ခဏခဏ လာမပြောတာကျေးဇူးပါ ညီငယ်။ ဒီကြားမှာ ကျွန်တော်က ပီနန် အကြောင်းကို ပို့စ်တခု ရေးနေတာ အချိန်တစ်ခု ထပ်ပိုကြာ သွားပါတယ်။ ဟောဗျာ အဲဒီမှာညီမ..ညလေး ..က ထပ် Tag ပြန်ပါလေရော။ဟောပြောလို့မှ မဆုံးသေးခင် ညီမ သဉ္ဖာ ကလည်းTag ပြန်တယ်။ အဲသုံးထပ်ကွမ်း ပေါ့ ။ အဲဒီလိုမျိုး ထီသာပေါက်ရင် ဘယ်လောက်ကောင်းမလည်း ဗျနော် သုံးခါကြီးများတောင်။ ညီမ ငွန်ငယ် ကလည်း ဘလောက်ကို ကျွန်တော်နဲ့ လွဲပြီးထဲ က အွန်လိုင်းတောင် မတက်နိုင်ရှာဘူး။ သူကို ရေး ခိုင်းမလို့ ချောင်းနေတာ သူအလုပ်က ကိုယ်ထက်ဆိုးတယ် အင်တာနတ် ကလည်း သူမှာအဆင်မပြေဘူး..။ ကျွန်တော်က အပိုင်ယူထားတာ။

ဘလောက်တွေ လည်ရင်းက ဟော ငွန်ငယ်ကို ပါ Tag ထားတာ တွေ့တယ် မက်မက် ကပေါ့။ကျွန်တော် လှမ်းပြောတယ် နင်ကို Tag ထားတယ် ဆိုတော့ အာ.. ညီမ မအားလို့ပါ ကိုလတ် ပဲရေးလိုက်တော့ နော ။အဲလို့ဗျ ကောင်းရော။ ကဲ ခုတော့ ရေးမယ်ဗျာ မောင်နှစ်မ နှစ်ယောက်ပေါင်းပေါ့ ။ လာထား…..ကိုယ့်အလှည့် ရောက်မှတော့…အဲ ..စပြီးဗျပြဿနာက....တွေ့ချင်တဲ့ သူတွေက များတယ် ဗျ…။



(၁) ကျွန်တော် တွေ့ချင်တာ ကိုကွီနိုင်း(နော်မန်) ချစ်စရာ သမီးငယ်လေး နှစ်ယောက် (ကျွန်တော် အင်္ဂလိပ် လို ချွေးပြန်အောင်ပြောရတဲ့သူလေးတွေ)နဲ့ အမိမြေနဲ့ ဝေးတဲ့ နေရာမှာ မြန်မာပြည်ကိုလွမ်းရင် မိသားစု လေးယောက် ရုန်းကန်လုပ်ရှားနေရတယ်။တခါတလေ အွန်လိုင်းပေါ်မှာ အချိန်အကြာကြီး စကားတွေ ပြောဖြစ်ကြတယ်။အားတဲ့ အချိန်လေးမှာ ဘလောက်ရေးတယ် ။သူက ကျွန်တော်ကို ကိုမိုးသွေးလို့ ခေါ်လို့ အကိုရယ်မခေါ်ပါနဲ့ ကျွန်တောကအငယ်ပဲ “ကို” တပ်မခေါ်ပါနဲ့ဆို အမြဲပြောနေရတယ်လေ။ ငွန်ငယ်နဲ့ လည်းတအားခင်တယ်။ သူတို့ မိသားစုလေး အတွက် အကိုနဲ့ တွေ့ရင် အားပေးစကားတွေပြောရင်နဲ့ အလွမ်းတွေကို ကူဖြေဖျောက်ပေးချင်တယ်။ တူမလေးတွေ ကိုမြန်မာလိုပြောချင်တယ်။ အမိမြေနဲ့ဝေးနေတဲ့ နေရာမှာမိသားစု အဆင်ပြေပါစေ အကို။

(၂)ကိုဒီရေ + ကိုခွတ်ဒေါင်း ပါ။ သူတို့မှာ နည်းပညာတွေ ရှိတယ် ။ကျွန်တော်က မသိမသာလေး မေးရင်းက ပညာတွေ ယူနေရတယ်။ သတင်းရေးတာလည်း ကောင်းတယ်။ ခင်လည်းခင်တက်တယ်။ မလေးမြေမှအဝေးရောက်ခရီးသည် မှာ သူ့လက်ရာတွေ အများကြီး။ ကျွန်တော်တို့ မလေးရှား ဘလောက်ဂါတွေ ရဲ့ အကို တယောက်ပါပဲ။ ကူညီတက်တယ် သဘောကောင်းမည့်ပုံ ပါပဲ။ (တွေ့ရင်တော့ အဝ ကျွေးနော်အကို) သူနဲ့ တွေ့ရင် ကျွန်တော် သိချင်တာတွေ မေးရဦးမယ်။

(၃) ညီငယ် Co2zenith ကို တွေ့ချင်ပါတယ်။ ကျွန်တော် ညီငယ် တယောက်လိုပါပဲ။ အမြဲတမ်း အဆက်အသွယ် ရှိနေတယ်။ခေါင်းမာတက်တယ် မှန်တယ်ထင်ရင်တော့ နောက်ဆုတ်မှာ မဟုတ်လောက်ဘူး။ သူက အားကိုးရတယ် ။ကျွန်တော်က ဆရာ မင်းသိင်္ခ ဝတ္ထုကြိုက်တယ်ဆိုလို့ လင့်တွေ အများကြီးရှာပေးတယ်။ သူ့မှာ ဘဝ ရဲ့ဒဏ်ရာ ဒဏ်ချက်တွေ ကို တယောက်ထဲရင်ဆိုင်ရဲတဲ့ သတ္တိရှိတာကျွန်တော်သိတယ်။ အမြဲတမ်း အလည်လာဖို့ ခေါ်နေတာ။တွေ့ရင် သူပြောပြတဲ့ သူ့ အကြောင်းတွေ ကျွန်တော် နားထောင်ချင်ပါတယ်။

(၄) ကိုဆောင်းယွန်းလ ကိုလည်း တွေ့ချင်ပါတယ်။ကဗျာလေးတွေ အရေးကောင်းတယ်။ ရသလည်းမြောက် တယ်ဗျာ။ကျွန်တော်တို့ ဗိုလ်ချုပ်အမှတ် တရ ကဗျာလေးတွေထုတ်တော့ ကျွန်တော် ကဗျာတောင်းတာက စပြီးခင်သွားတယ်။ သူ ကဗျာလေးတွေက တမျိုးပဲ ခံစားမှုလေးတွေရစေတယ်။ ခင်ခင်မင်မင်နဲ့ ကဘောလည်းကောင်း မည့် ပုံပါပဲ။ သူသီချင်းဆို တာကိုလည်း သူ့ဘလောက်မှာ နားထောင်ဘူးတယ်။တွေ့ ရင် ကဗျာလေးတွေ ကို ဘယ်လိုခံစားရေးဖွဲ့လည်းမေးကြည့်ချင်တယ်။

(၅)နောက်ကဗျာ အရေးကောင်းတဲ့ ညီလေး စက်နဲ့ထုတ်နေသလား ထင်ရအောင်တနေ့ကိုတပုဒ် တခါတလေ နေ့တစ်ပုဒ် ညတစ်ပုဒ် ရေးထုတ်နေတဲ့ ညီငယ်…ရဲဝင့်သူ ။သူကတော့ မော်ဒန်သက်သက် ကဗျာလေး တွေ ရေတယ်။ကဗျာ နဲ့ ပုံလေးတွေ လိုက်လျှောညီစွာ တင်ထားတော့ အရမ်းစွဲဆောင်ပြီး ဖတ်ရတာ အသက်ဝင် ပါတယ်။အွန်လိုင်းမှာ တွေ့ရင် အကိုအေးဆေးပဲလားလို မေးနေကြ။နောက် ဆီဒိုးနား မှာ ဘလောက်ဂါ တွေဆုံပွဲ ကို ဆပွန်စာလုပ်ဖို့ အိမ်မက်ရှည်ကြီး မက်နေရှာတဲ့ ညီငယ်ပါ။အမြဲ ကျွန်တော်ကိုပြောပြတယ် တွေ့ဆုံပွဲ လုပ်ဖို့..။တွေ့ ရင်မေးရဦးမယ် ကဗျာထုတ်နဲ့ စက်ရောင်းကွာလို့။ညီငယ် ရဲ့ အိမ် မက်တွေ အမြန်ဆုံး အကောင်ထည်ပေါ်ပါစေကွာ။

(၆)ကျွန်တော့်ကို ကူညီတက်တဲ့ အကိုတယောက် ရှိသေးတယ် ။ နာဂိုရာ ကသူရဲကောင်းတစ်ယောက်ပေါ့ ကိုမင်းမော်စိုး ပါ။သူ့ဘလောက်မှာလည်း သတင်းထူးသတင်း ဦးတွေ တင်တယ်။ကျွန်တော်တို့ မလေးမြေမှာ ဝင်ရောက် ကူညီပေး ရေးပေးပါတယ်။ခုတော့ အလုပ်အဆင်မပြေလို့ ညိမ်နေလေရဲ့..။တွေ့ ရင် သူပြောပြမည့် စာပေ တော်လှန်ရေး အကြောင်းကို နားထောင်ချင်ပါသေးတယ်။အဆင်ပြေပါစေ အကို။

(၇)ညီမငယ် သဇင်ဏီ နဲ့လည်းတွေ့ချင်ပါတယ်။ အလုပ်ထဲ ကနေ အမြဲ စကားတွေ လှမ်းလှမ်းပြောတက်တယ်။ သူ့ ဘလောက်မှာ ဟာသ လေးတွေ ရေးလေ့ ရှိတယ်။ တအားမရယ်ရတောင်မှ ပြုံးစေနိုင်အောင် ရေးတက်တယ်။ ကဗျာလေးတွေ လည်း ရေးသေးတယ်။ တခါ တလေ ညီမငယ် ကို မတွေ့လို့ နေမကောင်းဘူးလား လို့ ဖုန်းဆက် မေးရတယ်။ခင် မင်တာ မကြာသေးပေမယ့် တကယ့် မောင်နှမတွေလို ရင်းရင်းနှီးနှီး နဲ့ ပျော်စရာကောင်းပါတယ်။သူနဲ့ တွေ့ ရင်တော့ ရယ်စရာတွေ ပြောခိုင်းရမယ်။

(၈)ညီမငယ် သဉ္ဖာ အမြဲတမ်း အွန်လိုင်းပေါ်မှာ စကားလက်ဆုံကျနေကြ ။ စောစောအိပ်ဖို့ နဲ့ ကျောင်းသွားဖို့ အမြဲပြောနေရတယ် သူ့ကို။ တရုတ်စာတွေ သင်နေတယ်။ဘာလုပ်မယ်တော့ မသိဘူး။တခါတလေ ကျွန်တော် ကို တရုတ်လို သင်ပေးတယ်။ဒါပေမယ်…သူမှာ ရည်ရွယ်ချက် ကြီးကြီးတော့ ရှိမယ် ဗျ။ ငယ်ငယ်တုန်းက သူ့ ရဲ့ ရည်ရွယ် ချက်ကိုပြောပြဘူးတယ်။ကျွန်တော်အူတက်အောင် ရယ်ခဲ့ ရတယ်ဗျ။ ဟားဟား ရေး ရင်းနဲ့ ရယ်ချင်လာတယ်။ ကျွန်တော်ပြောပြမယ် ပြန်တော့ မပြောနဲ့ ဦး..။ “သူ ငယ်ငယ် ကတဲ့ လေယာဉ်ပျံ ကြီးစီးပြီး တိမ်တွေပေါ် သွားချင်တယ်။ တိမ်ဖြူဖြူ အလိပ် လေးတွေ ထဲမှာ ကစားမယ် အိမ်ပြန် တော့ မယ် ဆိုရင်တော့ အဲဒီ တိမ်ဖြူ အလိပ်လေးတွေ ကို အိတ် ထဲကိုထည့် ပြီးသယ်လာမယ်တဲ့။ ဘာလုပ်ဖို့လည်းဆိုရင် အိမ်ရောက်ရင် ခေါင်းအုန်း ချုပ်ပြီးသူအိပ်ဖို့တဲ့။ သူထင်တာက ဝါဂွမ်းလို နုညံ့အိညက် နေမှာပဲလို ထင်တာတဲ့။”
ကဲကျွန်တော် မပြောဘူးလား ရည်ရွယ်ချက်ကြီးပါတယ်ဆို။ သူနဲ့တွေ့ ရင် တရုတ်လိုပြောတာနားထောင်မယ် သူ့ရဲ့ ကောင်ကင်ပေါ်က တိမ်တွေနဲ့ လုပ်ထားတဲ့ ခေါင်းအုန်းလေး တောင်းရဦးမယ်။

(၉) ညီမ ခေါင်ခေါင် အရင်ကတော့ စလုံမှာ နေ အလုပ်တဖက် ကျောင်းတဖက်နဲ့ အွန်လိုင်းပေါ်မှာ အမြဲ အလုပ်တွေ ရှုပ်နေတာ။ ခုတော့ အမိမြေ ကို ပြန်ရောက်လို့ အွန်လိုင်းလည်း မတက်လာ သူ့ ဘလောက်မှာလည်း ဘာပို့စ် အသစ်မှတင်တာ မတွေ့တော့ဘူး ပျောက်နေလေရဲ့။ တခါကတော့ ရန်ကုန်ကနေ ကိုလတ် ရေ သဉ္ဖာ နဲ့ ငွန် ကိုလွမ်းလို့ တဲ့ တွေ့ ရင်ပြောလိုက်ပါတဲ့။သူတို့သုံးယောက်က အချစ်ဆုံး ဘော်ဒါတွေလေ။ ခေါင်ခေါင် နဲ့လည်မတွေ့ ဖြစ်တာ ကြာပါပြီး ။သူနဲ့ တွေ့ ရင် အင်းသားတွေ အကြောင်း မေးကြည့် ရမယ်။ညီမငွန်ငယ် ကပြောဘူးတယ် “ကိုလတ် ကလည်း ခေါင်က အင်းသားတွေ အကြောင်း ပြန်ပြီး စာတမ်းပြုစုနေတာတဲ့” ငွန်ငယ် ပြောတာနော်။

(၁၀) တစ်ခါ တလေ ဦးဦး လို့ခေါ်တက်တယ် ။တစ်ခါ တလေ ကြတော့ ဦးရိတော်လို့ ခေါ်လေရဲ့.. သူကတော့အားလုံသိကြခင်ကြပါတယ် မက်မက်(Dream) ပါ။သူ လည်း စလုံးမှာ အလုပ်တဖက် ဘလောက် တစ်ဖက် တရားထိုင် တရားနာ သူသိတာလေးတွေကို ဝေမျှ ဓမ္မဒါန ပြုနေပါတယ်။အွန်လိုင်းမှာ အမြဲ ဆုံဖြစ်ပါတယ်။ တခါတလေ သူ့အလုပ် ကိုယ့် အလုပ်ရှုပ်နေတာနဲ့ ဘာမှမပြောဖြစ်ဘူး။တခါ တလေ ကြတောာ့ လည်း စပ်မိစပ်ရာ ပြောကြရင်း စကားမပြတ် ကြတော့ဘူး။ သူကလည်း ညီမငွန်ငယ်နဲ့ အချစ်ဆုံးဘောဒါ တစ်ယောက်ပါပဲ။သူက တော့ ငွန်ငယ် ကိုတွေ့ချင်ပါတယ်လို့ Tagထားတယ်ဗျ။ကျွန်တော်ကို မတွေ့ ချင်တော့ ကျွန်တော်က သူ့ ကို တွေ့ ချင်တယ်လေ။တွေ့ ရင်မေးရဦးမယ် ကျွန်တော် မသိသေးတဲ့ တရားဓမ္မ တွေ အကြောင်းပေါ့..။

ဟောဗျာ ရေးရင်းနဲ့ ကုန်သွားပြီး တကယ်ဆိုရင် တွေ့ချင်တဲ့သူတွေ ကျန်ပါသေးတယ် ။

ညီငယ် မိုးတိမ် နဲ့ ညီမ ညလေး ကတော့ ပြောစရာမလိုတော့ဘူး သူတို့က တွေ့ချင်တယ် ဆိုမှတော့ အတူတူ ပဲပေါ့ အကို ကလည်း တွေ့ခွင့် ရပါစေဆုတောင်းယုံပေါ့နော်။ နောက် ညီငယ် ချစ်မိုးညို လည်း စိတ်မဆိုးနဲ့ နော်လူပြည့်သွားလို့ ညီ။ရောက်တဲ့ နေရာကနေ ကိုမိုးသွေး ဆို ကျွန်တော်ကို အမြဲ အကူအညီတောင်းတဲ့ ညီငယ် ဒေါင်းမင်း ရော၊စလုံက ညီမလေး ဖူးမွန် ရော ၊ကိုမိုးလို့ခေါ်တဲ့ တောင်ကြီးက ညီလေ နွယ်ရိုး ရော ၊ ဖြစ်နိုင်ရင် အဝေးဆီကမလေးရောက်ခရီးသည် က ကျွန်တော်တို့ ရေးဖော် သူငယ်ချင်း ဘလောက်ဂါ အားလုံးကိုတွေ့ချင်တာပါ ..ခက်တာက ဆယ်ယောက် တည်းဆိုတော့ ……ကျန်တဲ့ အကို ၊အမ ညီ ၊ညီမ ဘလောက်ဂါတွေ အားလုံးနဲ့ ........

ဘလောက်ဂါမဟုတ်တဲ့အွန်လိုင်းကနေ အမြဲ အချိန်မှန်အိပ်၊ အချိန်မှန်စား ဖို့ ဆုံမနေကြ အစ်မ တွေ ကျွန်တော်တအား စိတ်ညစ်နေရင် အွန်လိုင်းကနေ အားပေးတက် နားလည်ပေးတက်တဲ့ ညီမငယ်တွေရော အားလုံးကိုအခါ အခွင့် သင့်ရင် တွေ့ချင်ပါတယ်ဗျာ။သူတို့ Tag က(၁၀)ယောက်ထည်းဆိုတော့….။စိတ်ဆိုးရင် သူတို့ ကိုဆိုးနော်။


ကျွန်တော် ခင်မင်းမှု့ဖြင့်ရေးတဲ့ နေရာမှာ အမှားအယွင်းတစုံတစ်ခု ရှိခဲ့ပါက ကျွန်တော့် ရဲ့ ညံ့ဖျင်းမှုကြောင့် နားလည်ခွင့်လွတ်ပေးကြပါလို့။နောက် ကျွန်တော်က ခု မှ ရေးရတော့ Tag ထဲမှာပါတဲ့သူတွေက ရေးထားကြ ပြီးပါပြီး ဒါကြောင့် ထပ်ရေးပေးစရာ မလို့တော့ပါဘူးဗျာ။

ခင်မင်မှုဖြင့် အားလုံးကိုပျော်စေချင်သူ



8 ယောက်ရဲ့ထင်မြင်ချက်:

ဆောင်းယွန်းလ said...

စိတ်ချင်းဆက်ထားသလားထင်ရတယ်..
ပို့စ်ခေါင်းစဉ်ကိုမြင်လိုက်ကတည်းက ကိုယ့်အမည်ပါတော့မယ်လို့ စိတ်ထဲမှာယုံကြည်နေခဲ့မိတယ်...ဒါနဲ့ဘလော့ကိုဖွင့်ကြည့်လိုက်တာ ထင်တဲ့အတိုင်းကိုဖြစ်နေတယ်...
တွေ့ချင်တယ် ညီလေးနဲ့ညီမလေးတို့နှစ်ယောက်စလုံးကို

ရွှင်လန်းကြပါစေ...

2/5/09 5:09 AM
thinzar said...

အောင်ညလေးလေး တူညားရဲ့
ကလေးအတွေးကိုပါ ထည့်ရေးသွားတယ်
ဖော်ကောင်လုပ်တယ်ပေါ့လေ.....

သူများတွေသိသွားလို့ ခေါင်းအုံးလာလုရင် ဘိုလုပ်မလဲလို့.....။

2/5/09 1:56 PM
ဒီရေ said...

ရောက်လာပါတယ်... စာရေးသားကောင်းတယ်... ဒါပေမဲ့ ကျွန်တော့်ကိုတော့ မtag ပါနဲ့ဗျာ...

3/5/09 12:04 AM
နော်မန် said...

ညီရင်းအကို မောင်နှမလို
ဖြစ်နေတဲ့ ညီလေး မိုးသွေး နဲ့ ညီမလေး ငွန်ငယ်
ကို အပြင်မှာ ဆုံတွေ့ချင်ပါတယ်...။

အခြေအနေ ပေးတဲ့ တနေ့မှာပေါ့...။

3/5/09 1:39 AM
သဇင်ဏီ said...

ပျော်သီ.. ပျော်သီ.. တို့ပါသည့်အတွက်.. :D
ညီမလဲအကို့ကိုတွေ့ချင်ပါတယ်..
စိတ်ကောင်းရှိပြီး သူငယ်ချင်းတွေအပေါ်အလေးအနက်ထားပြီး နားလည်ပေးတတ်တဲ့ အကိုတစ်ယောက်နဲ့ ခင်မင်ခွင့်ရတာ တကယ်ကျေးဇူးတင်ပါတယ်အကို..

4/5/09 11:07 AM
Co2zeиith said...

ခေါင်းမာတဲ့ကျွန်တော့်ကို ညီအကိုရင်းတစ်ယောက်လို အမြဲစေတနာထားပြီး ဆုံးမတတ်တဲ့ ကိုလတ် ကိုကျေးဇူးတင်ပါတယ်
အဆင်ပြေတဲ့တစ်နေ့မှာ ကျွန်တော်တို့တွေ့ဖြစ်မှာပါ၊၊
ပြောစရာတွေလဲ အများကြီးရှိသေးတယ်အကို...
ကျွန်တော့်တော်လှန်ရေးကာလပြီးရင် ဖုန်းဆက်လိုက်မယ်ဗျ.. :D
ကောင်မ၄အဘောက်လည်းပါတရ်၊၊

4/5/09 12:06 PM
Dream said...

ရဖူး.. တွေ့၇င်တော့ မုန့်မုန့်ကျွေးရမှာပဲ..အဟဲ

ဦးရီးတော်က မက်မက်ကို တွေ့ချင်တယ်၊ တွေ့ရင် တရားဓမ္မတွေ မေးမယ်ဆိုတော့ မက်မက်က ဘုန်းကြိးပေးဝတ်လိုက်မှာနော်... ခစ်ခစ်
နောက်တာပါ... တကယ်တွေ့ရင်ချင်ပါတယ်..တီတီငွန်ရော ဦးဦးကိုရော.. နှစ်ယောက်လုံးကိုပါ...
တွေ့ရင်တော့ မုန့်ဝယ်ကျွေးရမှာနော်.. ဟတ်ဟတ်
တရားအကြောင်းကတော့ ကိုယ်သိသလောက်ပဲနော်.. ပြောပြမှာ ..မသိရင်တော့ ဘုန်းကြိးကိုသွားမေးရမှာ.. ဟီးး :P

4/5/09 8:33 PM
Phu Mon said...

ရဘူး စိတ်ချိုးတယ်...
haha စတာပါ... အရွေးခံရတယ်အထဲမပါပေမယ့် nominate လုပ်ခံရလို့ကျေနပ်ပါတယ်... :D

10/5/09 9:47 PM