အမေ
အမေနေ့ အတွက် အမှတ်တရ ရှာတင်ပေးတာပါ။ကိုယ်တိုင်တော့ သေချာ မရေးတက်လို့ပါ။အမေ ကိုချစ်သော သားများ၊ ထို့ ထက်ပို၍ အဝေးရောက် အမေကို ချစ်သောသားသမီးများ အတွက်
အမေ
ဇဗ္ဗူတိုင်းမှာ အဖြေညှိပြရရင်
အပူလှိုင်းဖြာ ဝေဒနိကတွေနဲ့
လူတိုင်းမှာ အမေ ရှိတယ်၊
မရေမရာ ပဟေဠိတွေကြောင့်
အသေအချာ အဖေမသိတောင်မှ
အမေ ရှိတယ်။
ချစ်သဒ္ဓါ ဝေကဲ
ပြည့်တန်ဆာ အမေလည်း အမေ။
အကြွေးကြွယ်လှတဲ့
ဈေးသည်မ အမေလည်း အမေ။
အကြောင်းတရား အခြေမွဲ
သူတောင်းစား အမေလည်း အမေ။
သမီးသားတွေ ကြီးထွားစေရော့လို့
စီးပွား အထွေထွေ
စိန် ရွှေ ပတ္တမြား အိမ်မြေကားနဲ့
ငွေသား အမွေ
ပေးနိုင်မှ အမေ မဟုတ်။
ယိုင်နဲ့နဲ့ တဲအတွင်း
လှဲခင်း အိပ်နေစရာ တိုးဖယ်ပေးခဲ့
အရိုးဟင်း တစ်ဖဲ့စီဝေ
ထမင်းရည် အတူတူသောက်
ဗိုက်မှောက်တော့ အတူတူ
ခြင်ထောင်မရှိ ခြုံစောင်မရှိ
ခင်းအိပ်စရာ ဖျာလည်းမရှိလို့
ခြင်ကိုသွေးလှူ အတူတူ
ကြမ်းပိုးသွေးလှူ အတူတူ
အပူကို မျှဝေ
ဒုက္ခကို ပိုမိုလေးနက်စေ
ပညာအမွေ ရွှေအိုး
ရိုးသားမှူ့ ဂုဏ်သိက္ခာ
မေတ္တာ အကြင်နာမှ တစ်ပါး
အခြားပေးစရာ
အထွေထွေ မဲ့သော်လည်း
အမေ ဟာ အမေ ပဲလေ ။ ။
ရေးသူ-အောင်လှိုင်ထွန်း
ဇဗ္ဗူတိုင်းမှာ အဖြေညှိပြရရင်
အပူလှိုင်းဖြာ ဝေဒနိကတွေနဲ့
လူတိုင်းမှာ အမေ ရှိတယ်၊
မရေမရာ ပဟေဠိတွေကြောင့်
အသေအချာ အဖေမသိတောင်မှ
အမေ ရှိတယ်။
ချစ်သဒ္ဓါ ဝေကဲ
ပြည့်တန်ဆာ အမေလည်း အမေ။
အကြွေးကြွယ်လှတဲ့
ဈေးသည်မ အမေလည်း အမေ။
အကြောင်းတရား အခြေမွဲ
သူတောင်းစား အမေလည်း အမေ။
သမီးသားတွေ ကြီးထွားစေရော့လို့
စီးပွား အထွေထွေ
စိန် ရွှေ ပတ္တမြား အိမ်မြေကားနဲ့
ငွေသား အမွေ
ပေးနိုင်မှ အမေ မဟုတ်။
ယိုင်နဲ့နဲ့ တဲအတွင်း
လှဲခင်း အိပ်နေစရာ တိုးဖယ်ပေးခဲ့
အရိုးဟင်း တစ်ဖဲ့စီဝေ
ထမင်းရည် အတူတူသောက်
ဗိုက်မှောက်တော့ အတူတူ
ခြင်ထောင်မရှိ ခြုံစောင်မရှိ
ခင်းအိပ်စရာ ဖျာလည်းမရှိလို့
ခြင်ကိုသွေးလှူ အတူတူ
ကြမ်းပိုးသွေးလှူ အတူတူ
အပူကို မျှဝေ
ဒုက္ခကို ပိုမိုလေးနက်စေ
ပညာအမွေ ရွှေအိုး
ရိုးသားမှူ့ ဂုဏ်သိက္ခာ
မေတ္တာ အကြင်နာမှ တစ်ပါး
အခြားပေးစရာ
အထွေထွေ မဲ့သော်လည်း
အမေ ဟာ အမေ ပဲလေ ။ ။
ရေးသူ-အောင်လှိုင်ထွန်း
2 ယောက်ရဲ့ထင်မြင်ချက်:
ကောင်းလိုက်တဲ့ ကဗျာလေး... အဓိပ္ပာယ်ကလည်း ရှိတယ်...
11/1/09 12:59 AMဘာပဲဖြစ်ဖြစ် အမေဟာ အမေပါပဲ ..နော်...
အမေများနေ့မှာ ဒီလို ကဗျာကောင်းလေး တင်ပေးတဲ့အတွက် ကျေးဇူးပါ ချစ်တီတီငွန်ရေ......... အာဝါးးးးးးးးးးးးးးးးးးးးးး
ချစ်ငွန်ရေ.. ဒီကဗျာလေး အတွက် ကျေးဇူး အထူးပါပဲ... အရမ်းကောင်းတယ်..
11/1/09 10:49 AMအမေလွမ်းနာကျနေတယ်.. ဆိုးတယ် ချစ်ရဲ့...
Post a Comment