မလေးရှားရောက် မြန်မာအလုပ်သမား များ၏ ဒုက္ခ
ပီနန်အပိုင်၊ ဘာတာဝပ်မြို့ စက်ရုံတစ်ရုံတွင် သဌေးမှလစာ မပေးသဖြင့်မြန်မာအလုပ် သမားများ အလုပ်မဆင်းပဲ ဆန္ဒပြခြင်းတစ်ရပ်ကို ပြီးခဲ့သည့် တစ်ပတ်က ဖြစ်ပွားခဲ့သည်။ ဖြစ်ပွားပုံမှာ သဌေးမှ လုပ်အားခ ငွေနှစ်လစာကို နှစ်လခွဲကျော်သည့်အထိ မပေးသဖြင့် ကိုစိန်ဝင်းနိုင်နှင့်ကိုဖြိုးကျော် ဦး ဆောင် ပြီးအားလုံး ညီညွတ်စွာရုံးခန်းသို့ သွားရောက်တောင်းဆို အကျိုး အကြောင်း မေးကြသည်။အလုပ်ရှင် သဌေးမှ မချေမငံပြောသည့် အပြင် မိုက်ရိုင်းစွာဆဲဆိုသဖြင့် ထိုနေ့မှစ၍မြန်မာအလုပ်သမား(၁၇)ယောက်လုံးအလုပ်မဆင်းပဲနေကြသည်။လည်းကောင်းတို့ နှင့်အတူအခြား နီပေါ နှင့် ဘင်္ဂလားများပါ အလုပ်မဆင်းပဲနေကြသည်။
ထိုစက်ရုံသို့ အေးဂျင့်မှ အလုပ်သွင်းပေးရာတွင် အားလုံးမြန်မာ အလုပ်သမား အယောက်(၂၀)
ရှိပါသည်။အခြားသုံးယောက်မှာ အလုပ်ရှင်ကို မကြိုက်သဖြင့် စောစော အလုပ်မှာထွက်သွား
နာမကျန်းဖြစ်၍သော်လည်းကောင်း၊ စက်ရုံတွင်းထိခိုက် ဒဏ်ရာရ သော် သဌေးမှ ကုသမပေးပဲ
ကိုယ့်စားရိတ်နှင့်ကို ကျခံ ကာဆေးကုသရသည်။အလုပ်သမားများ၏ ရပိုင်ခွင့်မှန်သမျှကို မပေးပဲ မသိချင်ယောင်ဆောင်နေတက်သည်။အလုပ်မှာလည်း သံထည်များအား ဝရိန်စက်မျာ၊ သံပြားပုံစံခေါက်စက်များ နှင့်လုပ်ရသောအလုပ်ကြမ်းဖြစ်ပါသည်။ထိုသဌေး ၏အ ကြောင်း အား ထိုနားတစ်ဝိုက်မှ အားလုံးသိကြပါသည်။
သဌေးမှ ခေါင်ဆောင်နှစ်ယောက်မှလွဲ၍ ကျန်အလုပ်သမားများအားခေါ်ကာအလုပ်မဆင်လျှင် ရဲခေါ်ဖမ်းခိုင်းမည်ဟူချိန်းခြောက် သဖြင့် ကျောက်လန့်ကာ အလုပ်ပြန်ဆင်းကြရသည်။ ခေါင်းဆောင်သူ နှစ်ယောက်အား အလုပ်ဆင်းခွင့် မပေး ပဲပြန်ပို့မည်ဟုပြော
ထိုစက်ရုံ တွင် အရင်ကလည်းထိုပုံစံမျိုးဖြစ်ပွားခဲ့ဘူးပါသည်။ထိုအကြိမ်တွင်အလုပ်သမား အားလုံး မြန်မာပြည်သို့ ပြန်ကြပါသည်။
ထိုစက်ရုံမှ နောက်ထက် မြန်မာပြည်သားများအားခေါ်ဆိုထားသည် ဟုသိရပါသည်။ဘာမှ မသိနားမလည်းပဲ လာရောက်ကာ ဒုက္ခခံကြရမည် စိုးသဖြင့် ထိုစက်ရုံ နာမည်နှင့် လိပ်စာအား
ဖော်ပြအသိပေးအပ်ပါသည်။တဆင့်စကားဖြင့် အားလုံးကူညီအသိပေး ရှောင်ရှား ကြပါ ။လိပ်စာမှာ
ENG HOE IRON FOUNDRY
No.1164,Long Perusahaam ,Sungai Lokan 8,
Kawasan Perusahaam Acku,13400,Butterworth,Palaupanang
Tel.04-3238312 / 3332275
သတင်းပေးပို့သူ- လည်းကောင်းစက်ရုံမှအလုပ်သမားများ
သတင်းတင်သူ- ကိုမိုးသွေးငယ်
1 ယောက်ရဲ့ထင်မြင်ချက်:
ငွန်ငယ်ရေ---
9/1/09 6:38 AMသတိတရလာလည်ပါတယ်---
၂၀၀၉ နှစ်သစ်နှင့်အတူ ပျော်ရွှင်ချမ်းမြေ့ပါစေ----
Post a Comment