11/23/2008

ဘာညာ ဘာညာ Tag အတွက်ရေးတဲ့စာ..

အားလုံး မင်္ဂလာပါရှင့်...ပျောက်နေရတာကတော့..ခရီးထွက်နေရလို့ပါ။ကျမအိမ်ကို အလည် လာရောက်သော သူငယ်ချင်း မိတ်ဆွေတွေ အပေါ် တာဝန်းမကျေခဲ့တာတွေအတွက်
တောင်ပန်းပါတယ်ရှင့်။
ခေါင်ခေါင် ကတက်ထားတာကြာပါပေါ့။တစ်လလောက်တော့ရှိပြီနော့ သက်ရင်းရေ။ ရေးမလိုလုပ်ရင်း အလုပ်တွေကပေါ်လာရင်း အားမယ်လိုလုပ်ရင်း မအားတော့ရင်း အားပြန်တော့ အချိန်လေး ရပြန်တော့ ဘယ်ကစရေးရ မလည်း စဉ်းစားရင်အိပ် ပျော်သွားတယ်။ ချစ်သူငယ်ချင်း ခေါင် စိတ်ဆိုးနဲ့နော်။တကယ် စိတ်ထဲမှာရှိနေပါတယ်။ အကြွေးဆပ်မလို့ပါ။သူက အကြွေး နဲ့ လူပါသိမ်းမလို့တဲ့ အဟိ ကြောက်ရတယ်။ပြန်တိုင်မယ်။ အတိုးပါ ဆပ်လိုက်တယ်နော့။ကျေနပ်တော့ ...

၁။ သူနဲ့ ကသူငယ်ချင်းတွေပေါ့ ။တစ်မြို့တည်းလေ။တအားချစ်ကြတာ(အုန်းသီးကို)ဘယ်
ဘယ်လို ပြောရ မလည်းဆို...အင်း တိုင်ပင်ဖော် တိုင်ပင် ဖက်တွေပေါ့။အဟိ..

၂။ အင်း ....သူအပေါ် ထင်တာ မြင်တာကတော့...
(၁)သဘော ကောင်းတယ်
(၂)သူငယ်ချင်းတွေအပေါ် အရမ်းခင်တက်တယ်
(၃)တိကျပြတ်သားတယ် (ဒါဆိုဒါပဲ ကျန်တာမရဘူးတဲ့)
(၄)ချစ်ဖို့ ကောင်းတယ်(တကယ်နော့)
(၅)သူငယ်ချင်း တွေကိုဂရုစိုက်တက်တာ လေးတွေပေါ့နော့။

၃။ အမှတ်တရ သူလုပ်ပေးတာက ....
ဟို..အရင်တစ်ခါ က (စိန်မာလာ)မှာ မုန့်ဟင်းခါးစား ကြတုန်း က ငွန်ငယ် ငရုပ်သီးစပ်လို့
သူရယ် လေ...ရေနွေး အပူ တိုက်တယ်။(မှတ်ထားတာ ဘယ်ရမလည်း)

၎။ သူပြောခဲ့ တဲ့ အမှတ်တရ အဖြစ်ဆုံးစကား က
ဘယ်သူမှ မခေါ်တဲ့...နာမည်..ချစ်ငွန် လို့ သူ အရင်စခေါ်တာ

၅။ သူသာ ကျမချစ်သူ ဖြစ်လာလို့ ကတော့ ကျမနားမှာ အမြဲနေပေးရမယ်။နိုင်ငံရပ်ခြား ကို
သွားခွင့် မပေးဘူး။မျက်စိအောက် က အပျောက်မခံနိုင်ဘူးလေ (ချစ်တာကို)

၆။ ကျွန်မချစ်သူ ဖြစ်လာခဲ့ရင် ပြောင်းလည်းရမှာကတော့....
ကျမ ကယောက်ျား လေးလိုပြောင်း သူကတော့ ဒီတိုင်းနေပေါ့။ဒါမှမဟုတ်ရင် သူ က
မပြောင်းပါနဲ့...ဒီတိုင်းကောင်းပါတယ်။ဟိဟိ..ငွန်ငယ်က ယောက်ျားလေးပဲ လုပ်ချင်တာ
ဘာတွေမှန်းလည်း မသိဘူး နော့ (တမျိုးကြီးပဲ)

၇။ ကျွန်မရန်သူ က သူသာဆိုရင်...အင်း ဘာရလုပ်ရင် ကောင်းမလည်း....
ယောက်ျားလေး ဆိုရင် ဝမ်းဘိုင် ဝမ်းပေါ့ ချိန်ပြီး ဖိုက်ပြစ်လိုက်မှာ။မိန်းခလေး တွေဆိုတော့
ဘာမှ လုပ်တာမကောင်းပါဘူးလေ။ငွန်ငယ်ကသိုင်းတက်တယ် တဖက်သက်ကြီးဖြစ်နေမှာ။
ဘလောဂ်ကာလောကမှာ အုပ်အော်သောင်းနင်း ဖြစ်ကုန်းမှာ...ဟိဟိ

၈။ ရန်သူဖြစ်စရာ...အကြောင်းကတော့ မရှိပါဘူး ချစ်ဆုံး သက်ရင်းတွေပဲဘယ်တော့မှဖြစ်ဘူး။
ကိုယ် စိတ်ဆိုးလည်း သူချော့ပေါ့။သူစိတ်ဆိုးလည်း နောက်တော့ သူဟာသူပြေသွားမှာပေါ့
နော့...ချစ်ခေါင် ရာ။

၉။ သူ့ အတွက်ဆန္ဒအရှိဆုံး လုပ်ပေးချင်တာ က ချစ်ခေါင် ရေ...ဘာဖြစ်ချင်တာလည်း၊ဘာ
တွေလုပ်ချင်လည်း မေးမယ်...ပြီးရင် မဖြစ်ဖြစ်အောင်လုပ်ပေးမယ်။သူငယ်ချင်း အတွက်
အသက်တွေဘာတွေစွန့်ရင် စွန့်ရ ပါ စေ ဖြစ်အောင်လုပ်ပေးမယ်။အဲဒါရင်ထဲကဆန္ဒပေါ့..

၁၀။ သူအပေါ် ခြုံပြီး သုံးသပ်ကြည့်တော့...နွေးပြီးတော့ ယားတားတားနေမှာပေါ့။(သွားသပ်
တာဆိုတော့လေ)။ငွန်ငယ် တော့ သေချာမတိဘူး။ဦးလေးကြီးတော့ ...တိမှာပဲ။
ကြုံမှမေးကြည်မယ်နော့။ချိတ်မချိုးကြေးနော့ ချစ်လို့..

၁၁။ ကျွန်မပေါ် ပတ်ဝန်းကျင် ရဲ့ ထင်မြင်ချက် တွေကတော့ ...ရှင်းပါတယ်
ချစ်သူ ခင်သူတွေက အကောင်းဆုံးဆက်ဆံ ကြမယ်။ကောင်းတာတွေ ပြောကြမယ်။
မုန်းသူ မခင်သူတွေကတော့ ကောင်းတာတွေ ပြော မပြော သေချာတော့ မရေရာ
လှပါဘူး။

၁၂။ ကိုယ့်ကိုယ်ကို ကျေနပ်မိတဲ့ characteristics က
ပျော်အောင်လို့ အတက်နိုင်ဆုံးနေတယ်။စိတ်ဆင်းရဲတာတွေတက်နိုင်သမျှမေးထားနိုင်
တာ ပေါ့။

၁၃။ ကိုယ့်ကိုယ်ကို အမုန်းဆုံး characteristics က
အစွဲအလမ်း ကြီးတာ ၊ အငြိုးအတေးကြီးတာ၊လက်စားချေချင်တာ

၁၄။ ကိုယ် အဖြစ်ချင်ဆုံး လူစားမျိုးကတော့...
လူ အားလုံး ကိုယ့်တစ်ယောက်ကြောင်း ဒုက္ခမရောက်စေချင်ဘူး။သူများ အကျိုး ကို
တက်နိုင်သလောက် ရရာနေရာကနေ ထမ်းဆောင်ချင်တယ်။ကိုယ်ကောင်း ကျိုးတွေ
လုပ်ခဲ့တာကို လည်း ဘယ်သူမှ မသိစေချင်ဘူး။

၁၅။ ငွန်ငယ် ကို ချစ်ခင် ဂရုစိုက်သူတွေ ကို ပြောချင်တာကတော့
အားလုံးကို အရမ်းကျေးဇူး တင်ပါတယ်။ ပြောမှား ဆိုမှားတွေ ရှိခဲ့ပါကလည်းနားလည်ခွင့်
လွှတ်ပေးကြပါလို့....

သူ ဆိုတာကတော့ ခေါင်ခေါင် ပဲပေါ့...
ချစ်ခေါင် ရေ.....ကျေနပ်တော့ နော့။ခရီးထွက်နေတာလေ။ရေ: ပေးတာ.
ကျေနပ်သေးဘူးဆို လည်း...ချစ်ခေါင် မင်္ဂလာဆောင် ကြ သတိုး သမီးအရန်းလုပ်ပေး မယ်လေ..ဟုတ်။သတိုသားတော့ rain လောက်ဆို မဆိုပါဘူး။ဟိဟိ





2 ယောက်ရဲ့ထင်မြင်ချက်:

ခေါင်ခေါင် said...

အော် ချစ်ငွန်က အကုန်လုံးကို သေချာ မှတ်ထားတာပဲ...
ချစ်ဖို့ကောင်းပ....
သတို့သမီး အရံလုပ်ပေးမှာ တစ်ကယ်လား...
ပြောပြီး စလစ်နော်...

ကျေးဇူးပဲနော် .. ချစ်ငွန်...

25/11/08 10:19 PM
Anonymous said...

တွေ့လိုက်မှဖြင့် စူ့ထက်စူလူစွမ်းကောင်းတွေချည်းပါလား ဟရို့

28/11/08 10:50 AM