ချစ်ရနံ့လေး မပျောက်ပြယ်စေချင် ဇာတ်သိမ်းပိုင်း
“ဒီလို..ကွာ...”“ညီ ပြောတာ က..အခု လက်ရှိ ..ညို အိပ်ရင် ခြုံအိပ် နေတဲ့ စောင်လေးကို..အမှတ်တရ လက်ဆောင် အဖြစ် ညီ ကိုထည့် ပေးလိုက်လို့ ပြောတာ....”
ပထမတော့ ညို က ကြောင်းအမ်းအမ်းလေး ဖြစ်သွားတယ်လေ။ဖြစ်လည်း ဖြစ် စရာလေ
ကျွန်တော်တောင်းလိုက်တာကလည်း ကြည့်ဦး..အဟီး ..တော်တော် ကဗျာဆန်တာကိုး။
နောက်မှ..ပြာပြာ သလဲ ပြန်ပြော တယ်။
“ဟာကွာ....ဘာတွေ တောင်းမှန် မသိဘူး...စောင်ကြီး ဘာလုပ်ဖို့ လည်း ညီ ကလည်း”
“တခြား..စဉ်းစားဟာ....စောင် တော့မယူပါနဲ့ ...သူများတွေ သိရင် ရှက်စရာကြီး....”
ဒီတော့ ကျွန်တော်က ညို ကို သေချာရှင်းပြရတယ်။
“ဒီလို လေ ညို နဲ့ ညီ နဲ့ ခွဲနေရမှာက သုံးနှစ် နော်..။ ညီ မှာ ညို ကို လွမ်းရင် ကြည့်ဖို့ ညိုဓါတ်ပုံလေး ပဲရှိတာမဟုတ်လား။ ညို စောင်လေး ကို ယူသွားတယ်ဆိုတာ ညို ကိုယ်သင်း
ရနံ့လေး က ညီ နားမှာအမြဲရှိနေစေချင် လို့ပါ။ဒါမှ ညအိပ်ယာ ဝင်တိုင်း ညိုစောင်လေး ကိုခြုံ
ဓါတ်ပုံလေး ကို ကြည့် အလွမ်းလေတွေပြေ...ဟော ဘယ်လောက် အစဉ်ပြေလိုက်လည်းလို့”
အဲဒီလို သေချာရှင်းပြလိုက် မှ မိရွှေချော က သဘောပေါက်နားလည်းသွားတာ ဗျ။ဒီတော့ မှ
“ ဒါဆို လည်း ညို သေချာ လျှော် ပြီထည့် ပေး လိုက်မယ်လေ”
ဆိုပြီး အဆင်ပြေသွားတော့တာ။
ကျွန်တော်လည်း ပတ်စပို့စ် တို့ စာရွက်စာတန်းတွေ အဆင်သင့် ဖြစ် နေပါပြီ။ ပြောမယ်ဆိုရင် ထွက်ခွာရမယ့် နေကို စောင့် နေရတယ် ဆိုပါတော့။ ဘယ်နေ့ လည်းလို့ သေချာ မသိသေးပါဘူး။ ဒီ လိုနဲ့ ရန်ကုန် နဲ့ ရွာ ၊ ရွာနဲ့ ရန်ကုန် ခေါက်တုန့် ခေါက်ပြန် သွားနေရတယ်လေ။ ဘယ်သူတွေကတော့ မျက်စေ့နောက်မလည်း မသိဘူး။သေချာတာ ကတော့ ရွာက အောင်နက်တို့၊ဂုတ်ကျားတို့၊ မြှီးတိုမ တို့ အုပ်စု ကတော့ သိပ် မကြည်တော့ဘူး။ ကျွန်တော့နောက် က လိုက်ပြီး အော်နေရတာ အသံတွေတောင်ဝင်လှပေါ့။
တဝုတ်ဝုတ်...နဲ့လေ။
ရွာပြန်ရောက်ရင် လည်း..ညို တို့ အိမ်ကို သွား ပြီး အကျိုးအကြောင်း ပြောရသေးတယ်။ဒီ
ရက်ထဲ လည်း ညို ခင်ဗျာ မအားရှာပါဘူး။သူ ညီမ တစ်ဝမ်းကွဲ မင်္ဂလာဆောင် ရှိလို့ ဝိုင်းကူ
လုပ်ပေးနေရတယ်လေ။ဟောနောက်ပြီ သူက အဲဒီ မင်္ဂလာဆောင်မှာ သတို့သမီး အရံတောင်
လုပ်ရ ဦးမတဲ့လေ။ သူကတော့ ပြောရှာပါတယ် ညိုကလေ ရှက်လို့ မလုပ်ချင်ဘူး။အဖွား ရယ် အဒေါ်တွေ ရယ်က မရဘူး လုပ်ရမယ်တဲ့။ကိုယ့် ညီမလေး မင်္ဂလာဆောင် ငြီးမလုပ်လို့ ဘယ်ဖြစ် မလည်းဆိုတော့ ညိုလည်း ခေါင်းညိမ့် ရတာလေ။ ညို အဖွား ကလည်း သူ့ မြေး ညို
မှ ညို လေ။ည အိပ်တာတောင် ညို နဲ့ အတူ အိပ်တာ။
ဒီလို နဲ့ တစ်နေ့ တော့ ကျွန်တော် သွားရဖို့ ရက် အတိ အကျ သိရပါပြီ။ကျွန်တော်မှာတော့ ပျော် တဝက် မပျော် တစ်ဝက် နဲ့ပေါ့။ပျော်တယ် ဆိုတာ ကကျွန်တော် အရမ်းသွားချင်နေတဲ့ နိုင်ငံခြား ကို သွားရတော့မှာ မို့ ပျော်သလို နောက် မပျော် တစ်ဝက် ကတော့ ချစ်တဲ့ မိသားစု
ကို အကြာကြီး မခွဲသဖူး ခွဲသွားရမှာ ရယ် လေ။ခင်ဗျာ တို့လည်းခံစားဘူးမှာပေါ့။နောက်မေးဦး မလား ညို နဲ့ ခွဲရတာရော မပါဘူးလားလို့ စောစော ကပြောတဲ့ မိသားစုထဲမှာလည်း ညို လည်း
ပါတယ်လေ။ ပိုဆိုး တာကတော့ ကျွန်တော် သွားရမည့် ရက်နဲ့ ညို ညီမလေး မင်္ဂလာဆောင်
ရက် နဲ့ တိုက်ဆိုင်နေတာပါပဲ။ ကြွေပြီ ဗျာ ကျွန်တော် ဘာတက်နိုင်မှာ လည်း.......
တကယ် ဆိုရင် ညို က ကျွန်တော် ရန်ကုန် သွားရင် လိုက်ပို့ ဖို့ ပြောထား ပြီးသားလေ။အဖေ ၊ အမေ ၊ညီမလေး တို့တွေ နဲ့ လိုက်ခဲ့ ဖို့ ပါ။ ခုတော့ တိုက်ဆိုင် လိုက်တာ ကတော့ သေချာ ချိန်ထားရင် လွဲ ရင် လွဲ မယ် ဒဲ့ မှ တည့်တည့် ကြီး ဗျာ။
ညို မလည်း မျက်နှာ မကောင်း ရှာပါဘူး။
ကျွန်တော်က ပဲ သူ ကိုထုံစံ အတိုင်း အားပေးနှစ်သိပ် ပေးရပြန်ပါတယ်။

“ရပါတယ် ညို ရယ်....ညီ..နားလည်ပါတယ်။ညီ နဲ့ ညို နဲ့ က တသက်လုံး ခွဲနေရမှာမှ မဟုတ်တာ။တစ်ခဏ တာခွဲခွာနေရ တာ။အခု လို ခွဲခွာနေရတယ်ဆိုတာ ကလည်း နောင် မှာ အတူနေ ရဖို့ မဟုတ်လား။ ညို နဲ့ ညီ ဘယ်လောက် ဝေးဝေး ညီ နှလုံးသားထဲ မှာ ညို ရှိနေတယ်လေ။ထာဝရ ရှိနေ ပြီသားပါ ။ညီ ...ညို အပေါ်မှာ သစ္စာရှိနေမှာပါ။ အချစ် မှာ
နီးခြင်း ဝေးခြင်း က အဓိ ကမကျပါဘူး ကွာ..တစ်ဦးနဲ့ တစ်ဦး သစ္စာ ရှိဖိုက အဓိက မဟုတ်လားကွာ။”

“ ညိုမှာ အခက်အခဲ ရှိလို့..လိုက် မပို့ပေးနိုင်တာ..ညီ နားလည် ပေးရမှာပေါ့”
မနက်ဆိုရင် ခွဲ ကြ ရတော့မှာ......
မနက်ဆိုရင် ခွဲ ကြ ရတော့မှာ......
အဲ ဒီ ည ကဆို ညို ရယ် လေ ကျွန်တော် နားမှာ နေပေး ပြီး တရှုံ့ရှုံ့ နဲ့ငိုလို့ ပစ္စည်းတွေ ကို ကူထည့် ပေး ပြီး စကားတွေ ပြောလို့ မဝအောင် မှာနေပါတော့တယ်။
“ ညီ ...ဟို ရောက်ရင် အစား အသောက် အနေအထိုင် ဂရုစိုက်နော်။ရေ ချိုး မမှားစေနဲ့
ကျန်းမာရေး ကို ဂရုစိုက် နော်။ ည ဘက် ကို ညဉ့် နက် အောင် မနေ နဲ့နော် စောစော အိပ်။”
အများ ကြီး ပါ ပဲ အမေ ကတောင် ပြော ယူရတယ်...
“သမီးရယ် အန်တီတောင် မှာ စရာ မရှိတော့ပါလား။ငါသမီး မှာတာတွေ နဲ့ တောင် ပြည့်စုံနေပါပြီ။ သမီး. ရဲ့...ညီ က ကလေးမှ မဟုတ်တော့ တာ...ဒီလောက် မဆိုးရိမ်နဲ့နော်
ငါ သမီးလည်း ပင် ပန်းလှပါပြီ ဟိုပြေးရ ဒီပြေးရနဲ့ ကဲကဲ ပြန်နားဦးနော် မနက် ကို အစောကြီး
ထ ကားဂိတ် လိုက်ပို့ မှာ မဟုတ်လား။”
အဲဒီ တော့ မှ ပြန်သွား ရှာ တယ်။ တကယ် ဗျာ အရှုးမလေးလိုပါပဲ။သနားစရာ ကောင်းပါတယ်။သူ အချစ် ကို ရခဲ့ တဲ့ ကျွန်တော် ကတော့ ကံကောင်းတယ်လို့ ထင် တယ်လေ။ ခင်ဗျာ တို့ ရော ဘယ်လို ထင် လည်း။
ကျွန်တော်..ရွာကနေ ထွက်ခွာရမည့် နေ့ မှာပေါ့......
ချစ်သော..ညို...ရယ်လေ...
မ နက် မိုး မလင်း ခင် အစော ကြီး ပေါက်ချ လာပါရော... ကျွန်တော် တောင်းထားတဲ့ လက်ဆောင် အထုပ်လေး ကို ပိုက်လို့ ပေါ့။
“ည က ပေးမလို့ နေလှန် ထားတာ သိပ် မချောက်သေးလို့ လေ။ဒီ မှာ မျက်နှာသုတ်ဖို့
မျက်နှာ သုတ်ပဝါပါ ထည့်ပေးလိုက်တယ်နော်...။“

အဲဒီလောက် ဝီရိယ ကောင်းလိုက်တာများ..ဒီကကောင်းက မနက်စောကြီးထရမှာ ပျင်း
နေတာ။
ဒီလိုနဲ့..အဲဒီမနက်စောစောမှာ..ကားဂိတ် ကို ညို...လိုက်ပို့ ပေးရှာပါတယ်။ရန်ကုန် အထိ
မလိုက် နိုင်တာကို...စိတ်မကောင်းဖြစ်တာရော၊ ခွဲရမှာမို့ စိတ်မကောင်းဖြစ်တာရော ပေါင်းပြီး
ညို..မျက်ဝန်းတွေ မှာမျက်ရည် စတွေနဲ့ ပေါ့။
ညို..နားမှာ ကျွန်တော် ရှိနေမပေးနိုင်တဲ့ အတွက် ကျွန်တော်လည်း စိတ်မကောင်းဖြစ်ရပါ
တယ်။
ကျွန်တော်တို့်လိုက်ပါ..စီးနင်း တဲ့ ကားလေး စတင်ထွက်ခွာ တော့..ညို..ရယ်လေ လက်ကလေးကို..ဝှေ့ရမ်း နုတ်ဆက် ရှာတယ်ဗျာ။ကျွန်တော်ရင် နှလုံးသားကို နာကျင်စူးနစ်စေပါတယ်။ညိုပုံရိပ်လေးဟာ..ဝေးရင်..ဝေးရင်း မှုန်ဝါးဝါး နဲ့ ပျောက်ကွယ်သွား သလို ကျွန်တော့် နှလုံးသားဟာလည်း ညို နဲ့ အတူကျန်ရစ် ခဲ့ ပြီလို့ကျွန်တော် နားလည်လိုက်ပါတယ်။ နုတ်ဆက်နေပုံလေးကို မျက်ဝန်းထဲ ရင်ထဲမှာ ဘယ်တော့မှ ဖျောက်ဖျက်လို့ရ မယ် မထင်ပါဘူး ညို..ရယ်။
ဒီလိုနဲ့ နိုင်ငံခြား ကိုရောက်ခဲ့ရပါတယ်။အလုပ်သစ်၊နေရာသစ်၊ပတ်ဝန်းကျင် အသစ်မှာ နေသားတစ်ကျဖြစ်အောင် နေထိုင်ရင်း အဆင်ပြေအောင် ကြိုးစားနေနေရပါတယ်။
အားတဲ့အချိန်..ဆိုလို့ ည အိပ်ယာ ဝင်ချိန်လောက်ပါပဲ။ညအိပ်ယာ ဝင်တာနဲ့ ညို..ပေးလိုက်တဲ့
စောင် လေးကို နှလုံးသားနဲ့ အနီးဆုံး ရင်ဘတ်ပေါ်တင် ပြီးရင် ညို..ဓါတ်ပုံလေး ကို ကြည့်
အဟား..အဆင်ကို ပြေလို့..အလွမ်းတွေ တော့ ဘယ်ပြေပါမလည်းလေ။အရမ်း ကြည်နူးစရာဗျ
အမယ် စိတ်ထင်လို့လား မသိဘူး ညို့....ကိုယ်သင်းရနံ့လေးတွေ သနပ်ခါး နံ့လေးတွေကမွှေးလို့လေ။
ရောက်ပြီးသိပ်မကြာခင် အဆင်ပြေတဲ့ အချိန်မှာ အိမ်ကို ဖုန်းဆက်တော့..ညို နဲ့ စကား မပြော
လိုက်ရဘူး။ခရီးထွက် သွားတယ် ဆို ပဲ။သူ့ အဖွားခေါ်သွားတာတဲ့။နောက်တစ်ခါ ဖုန်းဆက်မှ သူနဲ့ပြောရတော့တယ် ။ပြောလိုက်တဲ့စကားတွေဗျာ..အစုံပါပဲ။သူ ကြီးပဲပြောနေတော့တာ။
“သတိယတာပေါ ညီ ရယ်..ညို ကပိုတောင်ပိုသေးပါတယ်..အော် မေ့တော့ မလို့ ညီ ရေ.. ညီကို ညို တောင်းပန်စရာရှိသေးတယ်.. ညီ စိတ်မဆိုး ရဘူးနော်..နောက်ပြီ
ညို ကိုလည်း အပြစ်မတင်ပါနဲ့နော်...”
ကျွန်တော့ စိတ်ထဲ မှာ တစ်မျိုးကြီး ဖြစ်သွားရတယ်..ဆိုးရိမ် စိတ်တွေ များတာလည်း ပါမှာပေါ့လေ။ ရှားရှား ပါးပါး ဒီချစ်သူလေး တစ်ယောက် ရှိပါတယ် ဘာတွေဖြစ်ပြန်ပြီလည်း..
သိချင်စိတ်က များနေပြီ ပေါ့။အမြန်ပြန် ပြောလိုက် မိတယ်..
“အင်းပါကွာ ပြောမှာသာ ပြောပါကွာ အပြစ်လည်း မတင်ဘူး ၊ စိတ်လည်း မဆိုးဘူး
ဟုတ်ပြီလား..”
သူ ကျွန်တော့ ကိုပြောပြတယ်...။
“ ညီ....ညို ရယ်လေ...ညီ ကိုစောင် မှားပေးလိုက်မိတယ် သိလား”
“ အင်..ဘာရယ်..ဘာရယ်..ညို..သေချာ ပြောလေကွာ”
“ဒီလို ....ညီ..ရေ.. အဖွား စောင်ရယ်..ညို့..စောင်ရယ်ကအရောင်တူ၊အဆင်းတူလေ။ အတူတူလျှော်ပြီးလှန်းထားတာ အဲဒီမနက် က ညို..လည်းမနက်စောစောထပြီး..ကမန်းကတန်းနဲ့ ဆိုတော့ သေချာ မကြည်မိပဲ
ခေါက်ပြီးယူလာတာ။နောက်တော့ မှ ကြည့်တော့ ဒီမှာကျန်ခဲ့တာ ..ညို စောင်။ညီ..ကို ပေးလိုက်မိတာ က အဖွားစောင် ဖြစ်နေတယ်။အဟိ..ညို တမင်လုပ်တာမဟုတ်ဘူးနော်”
ကဲကောင်းရောဗျာ...ဒီကကောင် ကတော့ ဟင်း....ချစ်သူ ကိုယ်သင်းရနံ့လေးပျောက်သွားမှာဆိုးလို့..အသာ လေးနမ်းနမ်း ပြီးဖီးတွေတက်လို့...ခုတော့..
ကြားလို့ မှကောင်းကြသေးရဲ့လား....။ပြန်လည်း မပြောကြပါနဲ့တော့ ...အဟီး.....။
တက်နိုင်ပါဘူး...ညို..ကိုလည်းအပြစ်မတင်ရက်..အပြစ်မရှိတဲ့စောင်လေးကိုလည်း မစွန့်ပြစ်ရက်။ ညို..အဖွားလည်းကိုယ့်အဖွားပဲမဟုတ်လား ..ညို..ကအဖွားကိုချစ်တော့..ညီ လည်းချစ်ရမှာပေါ့လေ။ဒီလိုပဲ ညို့အဖွားရဲ့ ကိုယ်သင်ရနံ့လေးနဲ့ပဲ သုံးနှစ်လုံး နှပါးသွားရတော့ မှာပေါ့...။အရပ် ကတို့ရေ...အဟင့်...
သူများတွေ လို ရိုးရိုး မလုပ်ပဲ စတန့်ထွင်ချင်တာ ဆိုတော့ ကိုယ့်အပြစ်နဲ့ကိုယ်ပဲ .......
... ပြီးပါပြီ...။ ။

အလုပ်များနေသဖြင့် အပိုင်းတစ်ခုနှင့်တစ်ခု ကြာနေသည်ကို စိတ်ရှည်စွာဖြင့် စောင့်ပြီး ပြီးဆုံးအောင် စောင့် ဖတ်ပေးသော သူငယ်ချင်းများ၊မိတ်ဆွေများကို ကျေးဇူးတင်ရှိပါကြောင်း။
တကယ့် အဖြစ်အပျက်တစ်ခုအား အခြေခံ၍ဖတ်ကောင်းအောင် ရေးသားထား ခြင်းဖြစ် ပါသည်။ ဖတ်မကောင်းဖြစ်ရသည်မှာလည်းအရေး အသားညံ့ဖျင်းမှုကြောင့်ဖြစ်ပါသည်။ အကယ်၍တစ်စုံတစ်ခု တိုက်ဆိုင်မှု ရှိပါက မတော်တစ်ဆ တိုက်ဆိုင်မှု သာဖြစ်ပါကြောင်း။

7 ယောက်ရဲ့ထင်မြင်ချက်:
အဟတ်အဟတ်.. ညီရယ်.. ဖြစ်မှဖြစ်ရလေ..
12/11/08 10:21 PMဟားဟား...... တော်တော်ရယ်ရတယ်..
တီတီငွန်ကလည်းစာရေးအရမ်းကောင်းတော့
ဇာတ်လမ်းထဲတောင်ရောက်သွားတယ်...အားပေးပါ
တယ်တီတီငွန်...နောက်ထပ်လည်း ဒီလိုဖြစ်ရပ်
မှန်ဇာတ်လမ်းလေး များများရေးပေးနော်
ဟားဟားဟား ဖြစ်လိုက်ရင် တလွဲတွေပဲ
15/11/08 6:28 PMအဖွားရဲ့ ကိုယ်သင်းရနံလေးနဲ့
တော်တော်လွမ်းလို့ကောင်းမယ့်ပုံပဲ ဟဲဟဲ
ချစ်ငွန်က တော့ လုပ်ပြီ.. ဘယ်လိုကြီးဖြစ်သွားမှန်းကို မသိတော့ဘူး..
15/11/08 7:20 PMစောင်မှားပေးတာနဲ့ အတင်းကို ဇတ်သိမ်းပစ်လိုက်တော့တာပဲ။
နောက်ဆက်တွဲ အပိုင်း ( ၂) လေး ဘာလေး လုပ်ဦးလေ...
မှားမှမှားတတ်ပါလေ ..စောင်ကြားလေးမှားပေးရတယ်လို့ 
17/11/08 12:01 AMအဘွားခြုံတဲ့စောင်ကြီးလား
အဲဒါဆို ညိုစောင်လေးကဘယ်မှာလဲ
အဖွားရှုှးရှူးနံတွေနဲ့ သာဆို
တွားပီး အဟီး
အားပေးလျက်
ခင်တဲ့
လမင်း
အဟား ကိုယ့်ဇာတ်လမ်းကိုယ်ရေးတာလားလို့တောင်ထင်ရတယ်။ရသမြောက်ပါတယ်ဗျာ။
17/11/08 12:05 AMဒါပေမယ့် ဇာတ်လမ်းအသွားအလာအရမဆုံးပါနဲ့အုံးဗျာ။ မခေါင်ခေါင်ပြောသလို နောက်ဆက်တွဲ အပိုင်း ( ၂) လေး ဘာလေး လုပ်ပါအုံး
ပေါက်ပေါက်ရှာရှာဗျာ စောင်တောင်းရတယ်လို့
28/11/08 10:55 AMအိမ်ဆိုလို့ကတော့ကိုယ်သင်းနံ့လေး အမြဲမွှေးနေအောင်
စောင်ကိုရှုရှုဖလားဝါးပြီးပေးလိုက်မယ် ဒီလောက်တောင်
ကိုယ်သင်းနဲ့၇ချင်တာဆိုပြီး ဟိဟိ
စတာနော ရေးထားတာလေးကိုက ဖတ်ရတာ မပျင်းဘူး
ဆွဲဆောင်မှုရှိပါတယ်ဗျာ
အရမ်းကောင်းတယ်ဗျာ စာနယ်ဇင်းလောကသားလို့ ထင်မိပါတယ် တော်တော်လေးကောင်းတယ်ဗျ အရေးအသားပိုင်းမှာ ....
5/12/08 10:45 PMPost a Comment