“သရုပ်ဆောင် ”
လူဘ၀ ဇာတ်ရုံထဲ
သား ပါဝင်ခဲ့ရ ပြန်ပြီ အမေ ။
တစ်နေ့တစ်မျိုး မရိုးနိုင်တဲ့
ဇာတ်ထုတ်တွေ ကခဲ့ရတယ်။
အညွှန်း မရှိတဲ့ဇာတ်လမ်းတွေချဉ်းပဲ
မင်းသားခန်း ဆိုတာ
ကျနော့ အတွက် ပြက်လုံးတစ်ခုပါ အမေ။
ပရိသတ်ရှေ့ကပြ၊ အမြဲပြသ ရတာက
အရှုံးသမား နေရာကပါ။
သားလည်း မင်းသားဖြစ်ချင်တာပေါ့ အမေ
ဒါပေမယ့် ရုပ်ချောခြင်း မိတ်ကပ်ကို
မလိမ်းချယ်နိုင်သလို
ပကါသန ၀တ်စုံ ကိုလည်း
မ၀ယ်နိုင်ခဲ့ဘူး
ပညာရှင်ဆိုတဲ့ ဦးထုပ် ကတော့
ဈေး အရမ်းမြင့်တယ် အမေ။
သားတတ်နိုင်တာက
ဈေးပေါတဲ့ မာနမိတ်ကပ်
သိမ်ငယ်ခြင်းကို မလုံ့ တလုံဖုံးနေရတဲ့
ရည်မှန်းချက် ၀တ်ရုံ နဲ့
သိက္ခာဆိုတဲ့ ဦးထုပ်ကို
ခပ်ငိုက်ငိုက် ဆောင်းလို့ပေါ့
အမေရယ်....။ ။
မောင်သုည
စက်တင်ဘာ မိုးစက်များ ကဗျာစာအုပ် မှဆရာမောင်သုည ၏သား ပါဝင်ခဲ့ရ ပြန်ပြီ အမေ ။
တစ်နေ့တစ်မျိုး မရိုးနိုင်တဲ့
ဇာတ်ထုတ်တွေ ကခဲ့ရတယ်။
အညွှန်း မရှိတဲ့ဇာတ်လမ်းတွေချဉ်းပဲ
မင်းသားခန်း ဆိုတာ
ကျနော့ အတွက် ပြက်လုံးတစ်ခုပါ အမေ။
ပရိသတ်ရှေ့ကပြ၊ အမြဲပြသ ရတာက
အရှုံးသမား နေရာကပါ။
သားလည်း မင်းသားဖြစ်ချင်တာပေါ့ အမေ
ဒါပေမယ့် ရုပ်ချောခြင်း မိတ်ကပ်ကို
မလိမ်းချယ်နိုင်သလို
ပကါသန ၀တ်စုံ ကိုလည်း
မ၀ယ်နိုင်ခဲ့ဘူး
ပညာရှင်ဆိုတဲ့ ဦးထုပ် ကတော့
ဈေး အရမ်းမြင့်တယ် အမေ။
သားတတ်နိုင်တာက
ဈေးပေါတဲ့ မာနမိတ်ကပ်
သိမ်ငယ်ခြင်းကို မလုံ့ တလုံဖုံးနေရတဲ့
ရည်မှန်းချက် ၀တ်ရုံ နဲ့
သိက္ခာဆိုတဲ့ ဦးထုပ်ကို
ခပ်ငိုက်ငိုက် ဆောင်းလို့ပေါ့
အမေရယ်....။ ။
မောင်သုည
ကဗျာ တစ်ပုဒ် ကို ခံစား တင်ပြလိုက်ပါသည်။ဆရာ့အားလည်း
ကြိုတင် ခွင့်တောင်းခြင်း မပြုခဲ့ ခြင်းကို နားလည်နိုင်လိမ့်မည်
ဟုထင်ပါ သည်။ ။
်
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment