7/27/2008

“တို့ မြန်ပြည်”

တို့ မြန်ပြည်
မျှော်မှန်း ရော်ရမ်း
ရှေ့၊နောက် မှန်းဆရီဝေ
လွမ်းမိပါသည်
မြန်မာပြည် ။

ရတနာ စိန်ကျောက်
သယံဇာတ ပေါကြွယ်ဝလျှက်
ကမ္ဘာ့အလည် မျက်နှာငယ်
မွဲတေလူစား တို့ ပြည်သူများ

ခေါင်က မိုးမလုံ
ခြ က တိုင်စား
အောက်ခြေ နင်းပြား
တို့ လူသား ။
ဖိနှိပ်ဒဏ်ခံ
မတွန်းလှန်နိုင်သမျှ..
ကြုံတွေ့ ဒုက္ခ
ရင်ဆိုင် ရမည်
မလွဲ ဧကန်
အမှန်သာတည်း.....။ ။
ငွန်ငယ်

0 ယောက်ရဲ့ထင်မြင်ချက်: