9/14/2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ၄င်း၏ အမေရိကန် ခရီးစဉ်ကို စက်တင်ဘာ (၁၆) ရက်နေ့၌ စတင်မည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တာဝန်ရှိသူ တဦးက ဆိုပါသည်။

 ယင်းခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်နှင့် ကိုယ်ရေး အရာရှိ ဒေါက်တာ တင်မာအောင်တို့ လိုက်ပါသွားမည် ဖြစ်ပါသည်။

အခြား မည်သူ လိုက်ပါသွားနိုင်မည်ကို အသေးစိတ် မသိရသေးသော်လည်း လွှတ်တော် ကိုယ်စားလှယ်များ အနည်းဆုံး (၅) ဦးခန့် ပါသွားနိုင်ဖွယ် ရှိပါသည်။

ရက်(၂၀)ခန့် ကြာလိမ့်မည် ဖြစ်ပြီး အောက်တိုဘာ (၅)ရက်နေ့ ၌  မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိမည် ဖြစ်ပါသည်။



လာမည့် စက်တင်ဘာလ ၂၀ ရက်နေ့ ၌ ဒေါ်အောင်ဆန်းစုကြည်သည် ၀ါရှင်တန် အခြေစိုက် National Endowment for Democracy နေရာတွင် မိန့်ခွန်း ပြောကြားရန် ရှိနေပါသည်။

ထို့အပြင် မြန်မာ မိသားစု အများစုရှိသည့်  ဆန်ဖရန်စစ္စကို မြို့ ကိုလည်း သွားရောက်ရန် ရှိသည်ဟု အဖွဲ့ချုပ်က ဆိုပါသည်။

source by :  http://www.phophtaw.org

0 ယောက်ရဲ့ထင်မြင်ချက်: