7/08/2012

နှစ် ၅၀ ပြည့် 7July အောက်မေ့ဖွယ် အထိမ်းအမှတ် အခမ်းအနား

နှစ် ၅၀ ပြည့် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံ ဖြိုချဖျက်ဆီးခံရတဲ့ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ 7July နှစ် ၅၀ ပြည့် အထိမ်းအမှတ် အဖြစ် ၈၈ မျိုးဆက် ကျောင်းသားများရုံးခန်းမှာ အခမ်းအနားတရပ် ကျင်းပခဲ့ပါတယ်။

 အဲ့ဒီ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကအဖွဲ့ဝင် ဦးဝင်းတင်၊ ၁၉၆၂ ကျောင်းသားခေါင်းဆောင် ဦးလှရွှေ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုကျော်ကိုကိုနဲ့ ကျောင်းသား အဖွဲ့ဝင်များ၊ ပြည်တွင်း ပြည်ပ သတင်းထောက်များ တက်ရောက်ခဲ့ပြီး နံနက် ၉ နာရီကနေ နံနက် ၁၀း၄၅ နာရီအထိ ကျင်းပခဲ့ပါသည်။

အခမ်းအနား မကျင်းပမှီ ဇူလိုင်လ ၆ ရက်နေ့ ညဦးပိုင်းက ရန်ကုန်နဲ့ မန္တလေးမှာ ရှိတဲ့ ဗကသ ကျောင်းသားခေါင်းဆောင်တွေကို အထူးရဲတပ်ဖွဲ့ SB တွေနဲ့ နယ်မြေခံရဲတွေက ဖမ်းဆီး ထိန်းသိမ်းသွားပေမဲ့ ဒီကနေ့မှာတော့ ရန်ကုန်မှာရော မန္တလေးမှာပါ 7July ပွဲ အခမ်းအနားတွေကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ သတင်းရရှိပါသည်။


source by :http://www.youtube.com/user/BurmaVJMedia

0 ယောက်ရဲ့ထင်မြင်ချက်: