11/18/2011

မင်္ဂလာရက်မြတ်အမေ့အိမ်...

မင်္ဂလာရက်မြတ်အမေ့အိမ်

ဒီကနေ့ (၁၇.၁၁.၂၀၁၁) မနက်( ၁၀း၀၀)နာရီ မှာ အမေ့အိမ်(လှိုင်သာယာ) ပညာဒါန ကျောင်းလေးဆီသို့ သားတို့၊ သမီးတို့ချစ်တဲ့ အမေစုနဲ့အတူ International Development of UK မှ ၀န်ကြီး Mr.Andrew J.B Mitchellနဲ့ UK သံအမတ်ကြီး ဦးဆောင်သော အဖွဲ့ဝင်များ လာရောက် လေ့လာခဲ့ကြပြီး အမေ့အိမ်မှ ကလေးများ၊ ဆရာ ဆရာမများ၊ ကျောင်းသား မိဘများနှင့်သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြပါတယ်။ လာရောက်ကြိုဆို အားပေးကြသော ပြည်သူ လူထု ပရိသတ်ကြီး နှင့်လည်း ရင်းနှီး နွေးထွေးစွာနှုတ်ဆက်စကားပြောခဲ့ကြပါတယ်။

UK ၀န်ကြီး Mr.Andrew J.B Mitchell အဖွဲ့ဝင်များဟာ (၁၄) ရပ်ကွက် အတွင်းရှိ ရက်ကွက်သူ ရပ်ကွက်သားတို့၏  လူနေမူဘ၀များအား ကိုယ်တိုင်ကိုယ်ကျ လှဲ့လည်၊ ကြည့်ရူ လေ့လာသွားခဲ့ပါတယ်။

အမေစုနဲ့ UK ၀န်ကြီးရဲ့ခရီးစဉ်ဟာ အမေ့အိမ်ပညာရေး ကွန်ယက်၏ ကြိုးပမ်းဆောင်ရွက်မူရဲ့ သမိုင်းမှတ်တိုင် တစ်တိုင် စိုက်ထူနိုင်တဲ့ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံသော နေ့တစ်နေ့ပါပဲ။

ကလေးများရဲ့  အနာဂါတ်ပညာရေးအပေါ် များစွာ အထောက်အကူ ဖြစ်လိမ့်မည်ဟု ၀မ်းမြောက်ပီတိ ဖြစ်မိပါသည်။ အာလုံးဝမ်းသာ ကြည်နူးနိုင်ရန် မျှဝေလိုက်ပါသည်။

လေးစားစွာဖြင့်
ကိုငယ်(၀၉ ၅၁၆၂၀၆၀)
အမေ့အိမ်ပညာရေးကော်မတီ
လှိုင်သာယာ

0 ယောက်ရဲ့ထင်မြင်ချက်: