8/21/2011

သဘာဝမင်းသား

ကျနော်ငယ်ငယ်က
သူ့ကိုအားကျပြီး
လွယ်အိပ်ကိုဖုထုံးထုံး
လွယ်ခဲ့ဖူးတယ်...။

'တပြည်သူမရွှေထား'
'အကြွေး' နဲ့ 'ဒိုး' ဇာတ်ကား
စသဖြင့်ပေါ့....
သူ့သရုပ်ဆောင်ချက်တွေကို
နှစ်သက်ခဲ့ဖူးတယ်။

ဒါပေမယ့်.......အခုမှ
သူ.... တကယ်မင်းသားဖြစ်သွားတယ်ဆိုရင်
မိတ်ဆွေတို့ အံ့သြသွားမလား

ဟုတ်တယ်........
သူ့နှလုံးသားနဲ့ သူ့အနုပညာ
တကယ်ပဲ ခုမှထပ်တူကြသွားတာ

အနုပညာဆိုတာ ပြည်သူ့အတွက်
သူ... လုံးဝ လေးနက်ခဲ့တယ်
ပြည်သူ့ခံစားချက်ကို
ထပ်တူပြုပြီး သူပေးဆပ်ခဲ့တယ်
မိတ်ကပ် ဆက်တင် ဇာတ်ညွှန်း
ဘာတခုမှ သူ့အတွက်မလို
လူထုက သူကို ဒါရိုက်တာလုပ်တယ်
သူက... သူ့နှလုံးသားနဲ့ တကယ်ပေးဆပ်တယ်။

မြန်မာပြည်ရဲ့...
တကယ့်အရှိတရားကို
သူတင်ပြခဲ့တယ်...။

လူထုနဲ့သူ့ကြား
မင်းသားနဲ့ ပရိသတ်
လုံးဝ ကွဲပြားမသွားဘူး
လူထုဘ၀နဲ့ တထပ်တည်းကျအောင်
သူ.... နေထိုင်တယ်
သူ..... ပေးဆပ်တယ်
သူ.... တကယ်ရိုးရှင်းတယ်။

သူဟာ....
ပြည်သူတကယ်ချစ်တဲ့မင်းသား
ကျနော်တို့ မြန်မာပြည်မှာ
သဘာဝမင်းသားတလက်
တကယ်ရှိတယ်ဆိုတာ
ကျနော်တို့အားလုံး
လုံးဝ...
ဂုဏ်ယူတယ်ဗျာ...။

(မင်းသားကြီး ကိုကျော်သူသို့ ဂုဏ်ပြုခြင်း)

N.M.T (ညီမင်းသစ်)

source by : http://mgpala.blogspot.com

0 ယောက်ရဲ့ထင်မြင်ချက်: