နော်ဝေနိုင်ငံ အကြမ်းဖက်ခံရမှုအပေါ် ဒေါ်အောင်ဆန်းစုကြည် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့
ဒီဗွီဘီ| နော်ဝေနိုင်ငံမှာ ပြီးခဲ့တဲ့သောကြာနေ့က ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုနဲ့ သေနတ်နဲ့ပစ်ခတ်မှုကြောင့် လူ ၉၀ ကျော် သေဆုံးခဲ့ရတဲ့အတွက် ဝမ်းနည်းကြောင်း သဝဏ်လွာကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
စ နေနေ့မှာ ဝမ်းနည်းကြောင်း သဝဏ်လွှာကို ထိုင်းနိုင်ငံ ဘန်ကောက် အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေ သံအမတ်ကြီးထံကို ပေးပို့ ပြောကြားလိုက်တာ ဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး အဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က အခုလိုပြောပြပါတယ်။
“ဖြစ်ဖြစ်ချင်း စနေနေ့ ကျနော်တို့ သတင်းရချင်းပဲ ဒီလိုဖြစ်ပျက်တဲ့ကိစ္စတွေအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာကို ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီးကို အဲနေ့ပဲ ပို့လိုက်ပါတယ်။ အဲဒီသဝဏ်လွှာထဲမှာပါတဲ့ အကြောင်းအရာတွေကိုတော့ ကျနော်တို့ သတင်းထုတ်ပြန်ခြင်းမရှိပါဘူး။”
source by : http://burmese.dvb.no
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment