“ဂရုဏာလက် လူမှု အကျိုးပြု လူငယ်များ အဖွဲ့” ၏ မွန်မြတ်သော ဆောင်ရွက်မှုများ
ရန်ကုန်တိုင်း သန်လျင်မြို့နယ် ကျိုက်ခေါက် စေတီတော် မြတ်ကြီး၏ ဗုဒ္ဓ ပူဇနိယ ပွဲတော် အတွင်း “ဂရုဏာလက် လူမှု အကျိုးပြု လူငယ်များအဖွဲ့” မှ သောက်ရေသန့်များ လှူဒါန်းခြင်း၊ သက်ကြီး ရွယ်အိုများ အတွက် မြန်မာ တိုင်းရင်းဆေးများ လှူဒါန်းခြင်း၊ အရေပေါ် သွေး လိုအပ် နေသူများ အတွက် သွေး လှူဒါန်းခြင်း၊ ခရီးသွား ဧည့်သည် များအား စတုဒီသာ ကျွေးမွေးခြင်း၊ ဖျော်ရည်များ တိုက်ကျွေးခြင်များ ပြုလုပ် ခဲ့ကြပြီး ဂရုဏာလက် လူမှု အကျိုးပြု လူငယ်များ၏ လူမှု အကျိုးပြု လုပ်ငန်း ဆောင်ရွက်ထားမှု မှတ်တမ်း ဓါတ်ပုံများကိုလည်း ခင်းကျင်း ပြသခဲ့ပါသည်။
အဆိုပါ လှုပ်ရှား ဆောင်ရွက်မှုများကို ရုပ်ရှင် သရုပ်ဆောင် ကိုဝေဠုကျော်နှင့် သရုပ်ဆောင် ရုပ်ရှင် မင်းသား၊ မင်းသမီးများ လာရောက် အားပေးခဲ့ကြကြောင်း သိရှိ ရပါသည်။
ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။
အဆိုပါ လှုပ်ရှား ဆောင်ရွက်မှုများကို ရုပ်ရှင် သရုပ်ဆောင် ကိုဝေဠုကျော်နှင့် သရုပ်ဆောင် ရုပ်ရှင် မင်းသား၊ မင်းသမီးများ လာရောက် အားပေးခဲ့ကြကြောင်း သိရှိ ရပါသည်။
ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment