1/16/2011

မြန်မာ ၁၁ ဦးပါတဲ့ တောင်ကိုရီယားသင်္ဘောကို ဆိုမားလီးယားပင်လယ်ဓါးမြ ပြန်ပေးဆွဲ

အိန္ဒိယသမုဒ္ဒရာထဲမှာ စနေနေ့က ဆိုမာလီးယား ပင်လယ်ဓါးမြတွေ ပြန်ပေးဆွဲခဲ့တဲ့ တောင်ကိုရီးယား ကုန်တင်သင်္ဘောပေါ်မှာ မြန်မာသင်္ဘောသား ၁၁ ဦး အပါအ၀င် သင်္ဘောသား ၂၁ ဦး ရှိနေတယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။


တောင်ကိုရီးယား ၈ဦး၊ အင်ဒိုနီးရှား ၂ ဦးနဲ့ မြန်မာ ၁၁ ဦးပါဝင်တဲ့ တန်ချိန် တသောင်းရှိတဲ့ ကုန်သင်္ဘောဟာ ဓါတုပစ္စည်းတွေ တင်ဆောင်လာတဲ့ Samho Shipping ကုမ္ပဏီပိုင် ဖြစ်ပါတယ်။ ဒီကုမ္ပဏီဟာ တောင်ကိုရီးယားတောင်ပိုင်း Busan ဆိပ်ကမ်းမှာ အခြေစိုက်တဲ့ ကုမ္ပဏီပါ။

ဒီသင်္ဘောဟာ United Arab Emirates ခေါ် အာရပ်စော်ဘွားများ ပြည်ထောင်စုကနေ သီရိလင်္ကာနိုင်ငံကိုအသွား အိန္ဒိယသမုဒ္ဒရာထဲမှာ ပင်လယ်ဓါးမြတွေက ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။

သင်္ဘော အခုဘယ်မှာရောက်နေတယ်ဆိုတာကို တိတိကျကျ မသိရသေးပေမဲ့ သင်္ဘောပေါ်မှပါသွားသူတွေ ထိခိုက်မှု တစုံတရာရှိပုံမရဘူးလို့ အရာရှိတဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး တောင်ကိုရီးယား Yonhap သတင်းမှာ ဖော်ပြထားပါတယ်။

ဆိုမားလီးယား ပင်လယ်ဓါးမြတွေဟာ ဒီဇင်ဘာလ ၂၅ ရက်နေ့ကနေ အခုထိ သင်္ဘော ၇ စင်းကို ပြန်ပေး ဆွဲခဲ့ကြပြီး ဒီအထဲမှာ အများစုဟာ အိုမန် (Oman) ကမ်းလွန်ဒေသမှာ ပြန်ပေးဆွဲခံခဲ့ရတာပါ။

အခုသင်္ဘော ပြန်ပေးဆွဲမှုကနေ ဆိုမားလီးယား ပင်လယ်ဓါးမြတွေ ပြန်ပေးဆွဲထားတဲ့ သင်္ဘော စုစုပေါင်း ၃၁စင်း ရှိသွားပြီ ဖြစ်ပါတယ်။

သူတို့ဟာ ဓါးစာခံပေါင်း ၆၅၀ ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ အီးယူ ဥရောပသမဂ္ဂ ရေတပ်က ပြောပါတယ်။


နားဆင်ရန်

source by : http://www.voanews.com

0 ယောက်ရဲ့ထင်မြင်ချက်: