1/02/2011

ယနေ့ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုအဖွဲ့ချုပ်ရုံးရှေ့မှာ ပြုလုပ်တဲ့ လွတ်လပ်ရေးနေ့ အကြိုဈေးရောင်းပွဲတော်အား လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး..


ယနေ့မနက်၉နာရီက ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုအဖွဲ့ချုပ်ရုံးမှာ ပြုလုပ်တဲ့ ၆၃နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုဈေးရောင်းပွဲ အခမ်းအနားအား လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါတယ်..။ ယနေ့မှ၍ လွတ်လပ်ရေးနေ့ထိ မြို့နယ်အသီးသီးမှ အဖွဲ့ချုပ်ဝင်များမှ လာရောက် ရောင်းချမှာဖြစ်ပါတယ်...။ မည်သူမဆိုလာရောက် ဝယ်ယူအားပေးနိုင်ပြီး ရရှိသည့် အမြတ်ငွေများအား အဖွဲ့ချုပ်ရံပုံငွေအတွက် အသုံးပြုမှာ ဖြစ်ပါတယ်..။ ထိုနောက် ဒေါ်အောင်ဆန်းစုကြည်မှ မြို့နယ်အသီးသီးရဲ့ဈေးအရောင်းဆိုင်တွေကိုလိုက်ကြည့်ပြီး စာအုပ်များအား ၀ယ်ယူအားပေးခဲ့ကြောင်း သိရှိရပါတယ်။

သတင်း၊ ဓာတ်ပုံ .. ဒီမိုဝေယံ

0 ယောက်ရဲ့ထင်မြင်ချက်: