အေးချမ်းတဲ့ ဆောင်းအခါသမယ ရန်ကုန်မြို့ရဲ့ နှစ်သစ်ကူး မြင်ကွင်း ဓာတ်ပုံတွေပါ..
နှစ်သစ်ရဲ့ မနက်ပိုင်း ရွှေတိဂုံ စေတီတော် မြတ်ကြီးရဲ့ အေးမြတဲ့ ဘုရားရိပ် တရားရိပ် ပရဝဏ်ပေါ်က မြင်ကွင်းအချို့ပါ..။ တိုင်းသူပြည်သားတွေရဲ့ အပူတွေ နှစ်သစ်မှာ ငြိမ်းအေးကြပါစေ..။ နှစ်စဉ်တောင့်တနေတဲ့ ရည်မှန်းချက် ပန်းတိုင်အမြန်ရောက်ရှိ နိုင်ကြပါစေ..။
နှစ်မကူးခင်ည ဗိုလ်တစ်ထောင် စေတီတော်ကြီး မြင်ကွင်းအချို့ပါ..။ မပြောင်းမလဲ မရိုးနိုင်တဲ့ နေရာဒေသမြင်ကွင်းတွေပါပဲ..။ ဒီအရပ်ဒေသကတော့ ကျွန်တော်နဲ့ ရင်းနှီးနေကျနေရာပေါ့.. အနီးနားမှာတော့ အရင်က ရန်ကုန်တက္ကသိုလ် ဗိုလ်တစ်ထောင်နယ်မြေနဲ့ ဗိုလ်တစ်ထောင် အထကကျောင်းတွေကို မှတ်မိကြဦးမှာပါ..။ ဗိုလ်တစ်ထောင် တက္ကသိုလ်ကတော့ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးရဲ့ ပိုင်ဆိုင်မှု တစ်ခုဖြစ်ခဲ့ပြီပေါ့...။
ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းနဲ့ ဗိုလ်အောင်ကျော်လမ်းထောင့်မှာရှိတဲ့ St.Marry Cathedral Church ကိုတော့အားလုံးသိကြမှာပါ.. New Year မနက်ပိုင်းကပါ.. ရင့်ကျက်တည်ငြိမ်တဲ့ သမိုင်းဝင် အဆောက်အဦးတစ်ခုရဲ့ အလှတစ်မျိုးနဲ့ပါ.. အနီးအနား ဘေးချင်းကပ်မှာတော့ ဗိုလ်တစ်ထောင် အ.ထ.က(၆) စိန်ပေါလ်ကျောင်းရှိပါတယ်..။ ဒီမြေမှာကြီး ဒီရေကိုသောက်ပြီး ဒီနယ်မြေမှာပဲ သွားလာခဲ့ကြတာပါ..။
မနက်ခင်း အေးချမ်းတဲ့ ရာသီဥတုအောက်က မြင်ကွင်းပုံပါ..
ရန်ကုန် ကမ်းနားလမ်းရဲ့ ညဈေးတန်းလေးပါ...။ မီးရောင်ဖျော့ဖျော့အောက်မှာပေါ့..။ ဒီလိုပဲ နေ့စဉ် ရန်ကုန်သူ ရန်ကုန်သားတွေ ဘဝအမောတွေကို နေ့စဉ် ရုန်းကန် ရင်ဆိုင်ရင်း ထူးထူးခြားခြား အအေးပိုခဲ့တဲ့ ရန်ကုန်ဆောင်းညကနေ ရောင်နီသန်းမယ့် နှစ်သစ်ကို မျှော်လင့်ချက်များနဲ့ ကြိုဆိုခဲ့ကြပါတယ်..။
ဓာတ်ပုံ... ဒီမိုဝေယံ
ဓာတ်ပုံ... ဒီမိုဝေယံ
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment